Friday, 13 June 2014

Prayer life based Social Services: ဆုတောင်းခြင်းသက်တာကိုအခြေခံသော လူမှုရေးလုပ်ငန်း



ကရုဏာပုသိမ် မိသားစုဝင်များအား ဇန်န၀ါရီ လ ၀တ်စောင့်ခြင်း ( Recollection Day: January 17, 2014) တွင် ပေးခဲ့သည့် ၀ိညာဉ်ရေးဆိုင်ရာထောက်ရှုချက်များ မှ ကောက်နှုတ်ချက်။

၁။ ဒီ ၂၀၁၄ ခုနှစ်မှာ ငါတို့ ကရုဏာပုသိမ် မိသားစုဝင်များဟာ ဆုတောင်းခြင်းအသက်တာကို အခြေ ခံတဲ့ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ဖို့ခံယူထားကြပါတယ်။ တစ်နည်းအားဖြင့် ၀ိညာဉ်ရေး အသက်တာကို အခြေခံတဲ့လူမှုရေးလုပ်ငန်းဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ၀ိညာဉ်ရေး အသက်တာ ဆို တာ ဆုတောင်းခြင်းအသက်တာနဲ့ဆက်စပ်နေပါတယ်။ တကယ်တော့လည်း ဆုတောင်းခြင်း အသက်တာ ပါပဲ။  ဘာကြောင့် လဲ ဆိုတော့ ဆု တောင်းခြင်း ဆိုတာ ၀ိညာဉ်ရဲ့အ သက်ရှုခြင်း ပဲဖြစ် နေလို့ပါ။ ဒီအ ကြောင်း နဲ့ ပါတ်သက်လို့ India နိုင်ငံမှာ နှစ်ရှည် လများ တရားအားထုတ်ခဲ့တဲ့ Henri Le Saux ဆိုတဲ့ ပုဂ္ဂိုလ် က Prayer ဆိုတဲ့ စာ အုပ်တစ်အုပ် ရေးခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ ဆုတောင်း ခြင်းဆိုတာ ”၀ိညာဉ်ရဲ့အသက်ရှူခြင်း”လို့ ဆိုထားပါတယ်။  လူဟာ အသက်ရှင်ဖို့အတွက် လေကို ရှူ ရှိုက်နေ ရပါတယ်။ အသက်ရှိနေသ၍ လေကို ရှူသွင်းရှူ ထုတ်လုပ်နေရတယ်။ လူတွေသာမဟုတ် ပါဘူး။ သက်ရှိ သတ္တ၀ါတွေ အားလုံးပါပဲ။ Respiration ဆိုတာကို သတိထားမိတာဖြစ်စေ၊ သတိမ ထား မိတာဖြစ်စေ၊ သဘာဝ အတိုင်းလုပ်ဆောင်ကြတယ်။ ဒါမှ အသက်ရှိနိုင်၊ ရှင်နိုင်မှာကိုး။ ငါတို့ ခရစ်ယာန် တွေရဲ့ ယုံကြည်ခြင်းမှာ လူဆိုတာ ကာယ(ခန္ဒာ) သာမက နာမ် (၀ိညာဉ်) လည်း ရှိ တယ်။ ဒီဝိ ညာဉ် ဆိုတာ ဘုရားဆီကရတဲ့အသက်။ ဒီအသက်ရှင်သန်ဖွံ့ဖြိးဖို့ဆိုတဲ့ နေရာမှာ ဆု တောင်း ခြင်း အသက်တာ လိုအပ်တယ်။ လိုအပ်သလိုပဲ အရေးလည်းကြီးပါတယ်။ လေထုကငါတို့ကို လွှမ်း ခြုံ နေ တယ်။ လေဟာ ငါတို့အထဲမှာ ရှိနေတယ်ဆိုတာ ကို ယုံကြည်ပေမယ့် သိပ်သတိမမူမိကြဘူး။ ဒီလိုပဲ ဘုရားသခင်ရဲ့ ကျေး ဇူးတော်၊ ကောင်းမြတ်ခြင်း၊ အင်အားတော် တွေဟာ ငါတို့ကို လွှမ်းခြုံ နေ တယ်။ ငါတို့မှာ ရှိနေ တယ်ဆိုတာကို သတိမမူတတ်ကြဘူး။ ဒါကြောင့် ဆုတောင်းခြင်းမှာ အရေး ကြီးတာ တာ တစ် ခုက ငါတို့ ကိုလွှမ်းခြုံနေတဲ့ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း၊ ကျေးဇူးတော်၊ တန်ခိုးတော်၊ အင်အား တော်တွေကို နေ့စဉ် အသိအမှတ်ပြု ရှူရှိုက် နေဖို့ပဲဖြစ်ပါတယ်။ ဆုတောင်း ခြင်း အသက်တာကောင်း လာခြင်းဆိုတာ အတွင်းသက် ( Inner life : according to St. Paul) ၀ိညာဉ်သက်တာ၊ ကောင်းလာခြင်း ပဲဖြစ်ပါတယ်။ 
၂။ ဆေးကြောခြင်းမင်္ဂလာ ခံယူ ခြင်းမှာ ငါတို့တတွေဟာ ဘုရားသခင်ရဲ့သားသမီး (Children of God) တွေဖြစ်လာတယ်။ အသင်းတော်(Church) ရဲ့ အသင်းဝင် ( member) များဖြစ်လာတယ်။ ခရစ်တော်ရဲ့ ခန္ဒာ ကိုယ် (Body of Christ) မှာ ပါဝင်ပေါင်းစပ်လာတယ်။ ၀ိညာဉ်တည်ရှိရာ ဗိမာန် တော် (Temple of the Holy Spirit) ဖြစ်လာ တယ်။ ဒါကြောင့် လူဆိုတာ ဘုရားနဲ့ထိတွေ့ နိုင်တဲ့ ဂုဏ်သတ္တိ အင်္ဂါထူး (faculties) ပိုင်ဆိုင်ထားသူတွေဖြစ်တယ်။ ဆုတောင်းခြင်းသက်တာမှာ ဘုရားဟာ ငါတို့ ရဲ့အတွင်းသက်၊ ၀ိညာဉ် သက်တာကို ထိတွေ့ပေးပါတယ်။ ဆုတောင်းခြင်းမှာ ဘုရား ရဲ့ ကောင်းမြတ်ခြင်း၊ ချစ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ကြီးမြတ်ခြင်း၊ အင်အားတော်တွေနဲ့ ထိတွေ့မိပြီဆိုရင် ရေ ထိတဲ့ ပန်းလို လန်းဆန်းလာ နိုင်ပါတယ်။ ၀ိညာဉ်ရေးအသက်တာဆိုတာ ချစ်ခြင်း မေတ္တာ အသက် တာပဲဖြစ်ပါတယ်။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ”God is Love” ဆိုပြီ သံ ယော ဟန် ဧ၀ဂေလိကျမ်းမှာဖော်ပြထားသလိုချစ်ခြင်းမေတ္တာနဲ့ပြည့်နေတဲ့ နှလုံးသားမှာ ဘုရားရှင် ထိတွေ့ တော်မူတယ်။ ဒါ့ကြောင့်လူဆိုတာ ချစ်ခြင်းမေတ္တာနဲ့ပြည့်ဝလာလေလေ၊ ဘုရားနဲ့ တူလာ လေလေ ပါပဲ။ လူဟာဘုရားတော့မဖြစ်နိုင်ဘူး။ ဒါပေမယ့်ဘုရားရဲ့ ကောင်းမြတ်ခြင်းတွေကို သူ့ ဘ၀ မှာ ထင် ဟပ် ဖော်ပြနိုင်ပါတယ်။ ဒီလိုမျိုးနဲ့ပဲလူဟာ ဘုရားနဲ့ နီးစပ်သူ၊ တူလာသူဖြစ်လာနိုင်ပါတယ်။ တစ်နေ့ တော့၊ မာသာရ်ထရေဇား ဟာ သေခါနီးလူမမာတစ်ယောက်ကို ပြုစုရင်း “ ခရစ် တော်ကို မ သိချင်ဘူး လား” လို့မေးခဲ့ဘူးတယ်။ အဲဒီအခါမှာ သေခါနီးလူမမာ ” မာသာရ်ပြော တဲ့ခရစ် တော်ဆို တာ မာ သာရ် နဲ့ တူလို့လား” လို့ပြန်မေးခဲ့တယ်။ အဲဒီအခါ မှာမာသာရ် ထရေဇားက ” သူက ကျွန်မ နဲ့တူ ထက်၊ ကျွန်မ က သူနဲ့ တူအောင်ကြိုးစားရသူပါ” ပြန်ဖြေခဲ့တယ်။ မေတ္တာ တရား နဲ့ပြည့် ၀တဲ့ မာ သာရ်ထရေဇားရဲ့ လုပ် ဆောင်မှု တွေမှာ ဘုရားရဲ့ ကောင်း မြတ်ခြင်း တွေထင်ဟပ်နေတယ်။ ဖော်ပြ နေတယ်။ ဘုရားက သူ့ရဲ့ ကောင်း မြတ်ခြင်း၊ သူ့ရဲ့မေတ္တာ တရားတွေကို ဖော်ပြဖို့ ကျွန်ုပ် တို့ လူ သား တွေကို အသုံးပြုပါတယ်။ God has no hands, He needs Ours! လို့ ဆိုတဲ့နေရာမှာ ဘုရားမှာ လက်မရှိဘူး။ ငါတို့ လက်တွေကို သူလိုအပ်နေတယ်။ ဒီအကြောင်းနဲ့ပါတ်သက်လို့ သံသြ ဂုတ် စတင်း က “ God without us will not , as we without God cannot“ ဆိုတဲ့ အခါမှာ ကျွန်ုပ် တို့တတွေဟာ ဘုရားမပါပဲ ဘာမှမလုပ်နိုင်သလို၊ ဘုရားကလည်း ကျွန်ုပ်တို့မပါပဲ ဘာမှလုပ်မှာ မဟုတ်ဘူး” လို့ဆို လိုခြင်းဖြစ်တယ်။ ဆိုလိုချင်တာကတော့ ဘုရားဟာ သူ့လုပ်ငန်းတော်ကို အ ကောင် အထည်ဖော်ဖို့ ဆိုတဲ့နေရာမှာ ကျွန်ုပ်တို့လူသားများရဲ့ လက်တွေ၊ ခြေတွေ လိုအပ် တယ်လို့ ဆိုလို တာပဲဖြစ်ပါတယ်။ ဒါကြောင့် သံမာတေဦး ၂၅ မှာ ပြောထားတဲ့ ” သင်တို့တွင် အငယ်ဆုံး သော သူကို ပြုစုသမျှသည် ငါကို ပြုစု၏” ဆိုတာ ဒီနေရာမှာနားလည်ရမှာဖြစ်ပါတယ်။ 
၃။ ၀ိညာဉ်ခွန်အားဟာ ငါတို့လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့မောင်းနှင့်အားပဲဖြစ်ပါတယ်။ ခန္ဒာအင်အား ဘယ်လောက်ကောင်းကောင်း၊ ၀ိညာဉ်အင်အားလျှော့နည်း နေရင်လုပ်ဆောင်နေတဲ့လုပ်ငန်းရဲ့ အနှစ် သာရကို ထိတွေ့မှာ မဟုတ်ဘူး။ ဒါ့ကြောင့်မာသာရ်ထရေဇားက သူရဲ့ လူမှု ကူညီရေးလုပ်ငန်းမှာ ပြောခဲ့တဲ့ စကားမှာ ” ငါတို့ဘယ်လောက်လုပ်ခဲ့သလဲ ဆိုတာထက်၊ ငါတို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေမှာ ငါတို့ဘယ်လောက်မေတ္တာ ထားလုပ်ဆောင်ခဲ့သလဲ ဆိုတာပို အရေးကြီး ပါတယ်။”  (Important is not how much we do, but how much love we put in our doings). လူဆိုတာ ” ဘယ်လောက် တော်တော်၊ ဘယ်လောက်ကောင်းကောင်း၊ ပရဟိတ မလုပ်သေး သမျှ တန်ဖိုး အရှိ ဆုံးလူ မဟုတ် သေးပါဘူး” ဆိုပြီး ” ပရဟိတစိတ်ဓာတ်” ဆိုတဲ့စာအုပ်ခေါင်းစဉ်နဲ့အရှင်ဆန္ဒာဓိက၊ ရွှေ ပါရီတောရ ဆရာ တော်က ဒီဇန်န၀ါရီ လထဲမှာပဲ စာအုပ်တစ်အုပ်ထွက်လာပါတယ်။ ငါတို့နိုင်ငံရဲ့ ဘက်စုံ တိုး တက်ဖွံ့ ဖြိုးဖို့ ပြုပြင်ပြောင်လဲလာချိန်မှာ ပရဟိတစိတ်ဓာတ်တွေ အများကြီးလိုအပ်ပါတယ်။ ပရဟိ တစိတ်ဓာတ်နဲ့ ဘ၀ကိုပေးဆက်လုပ်ဆောင်ကြတဲ့ လူငယ်တွေအများကြီးလိုအပ်နေပါတယ်။ ငါတို့ရဲ့ စိတ်ဓာတ်ခွန်အားကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တာက တော့ ငါတို့ ရဲ့ ၀ိညာဉ်ခွန် အား ပဲဖြစ်တယ်။ ငါတို့ဝိညာဉ်ခွန်အား ရဲ့ အလျော့၊ အတင်း ဆိုတာ ကတော့ ငါတို့ရဲ့ ဆုတောင်းခြင်း အတိမ်၊ အနက်ပေါ် မူတည်ပါလိမ့်မယ်။ ဒါကြောင့် သံပေါလူးက ” စဉ်ဆက်မပြတ်ဆုတောင်းပါ”။ ( Pray without ceasing) လို့ တိုက်တွန်းနှိုးဆော်ထားပါ။ ဒီနေရာမှာ နားလည်ရမှာက အ သက် ရှင် သ၍ ဆုတောင်းရမယ် ဆိုတာပါပဲ။ ဆုတောင်းခြင်းနဲ့အသက်ရှင်ခြင်းပဲဖြစ်ပါတယ်။ အထူး သဖြင့် လူမှု ကူညီရေးလုပ်ငန်းကို လုပ်နေကြတဲ့ ငါတို့ ကရုဏာဝန်ထမ်းတွေ ကသူများထက်ပို ပြီး ဆု တောင်း ခြင်းမှာ ခွန်အားယူကြရပါမယ်။ လမ်းခရီးတွေကြောင့်ခန္ဒာကိုယ်တွေပင်ပန်းမယ်။ ကြုံတွေ့ ရတဲ့ အခက်အခဲတွေကြောင့် စိတ်ဓာတ်တွေပင်ပန်းနိုင်တယ်။ ဒါပေမယ့် ၀ိညာဉ်ခွန်အား၊ အတွင်း သက်ခွန် အားကောင်းနေမယ်ဆိုရင် အရာရာကို ကျော်လွှားနိုင်ပါလိမ့်မယ်။ အားလုံးကို ကျော်ဖြတ် နိုင်ပါ လိမ့်မယ်။ ဘ၀ရဲ့လွယ်ကူတဲ့ရက်တွေဆိုတာ နက်ဖြန်မှာ မရှိနိုင်ဘူး။ ဒီဘ၀ရဲ့လွယ်ကူတဲ့ ရက် တွေဆိုတာ မနေ့ကပြီးသွားပါပြီ။ ( The only easy day was yesterday) ဆိုတာ အမေရီကန် ကွန် မင်ဒို တွေရဲ့ဆောင်ပုဒ်တစ်ခုပါ။ ငါတို့တတွေလည်း Comfort Zone ကနေထွက်ခွာပြီး Risk Zone/ Challenging Zone ကိုဝင်ကြရပါလိမ့်မယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်ဖေါင်ဖျက်ခဲ့ပါတယ်။ အခက်အခဲတွေရှေ့မှာရှိတယ်။ ဒါပေမယ့်နောက်ပြန်မလှည့်ဘူး ဆိုတဲ့ သတ္တိဟာ သူရဲ့ စိတ်ဓာတ် ခွန်အားပဲ။ ၂၀၁၄ စီမံကိန်းနှစ်ကို ဆုတောင်းခြင်းသက်တာဖြင့်ကျော်ဖြတ်ကြပါစို့။ 
ဒါရိုက်တာ ။ Fr.Henry Eikhlein/ ဇန်န၀ါရီ ၁၇၊၂၀၁၄

No Sacrificing Adventure, No future!:စွန့်လှူစွန့်စားမှု မရှိရင် အနာဂတ်ဆိုတာ မရှိနိုင်ဘူး




၁။ ချစ်စွာသော ကရုဏာပုသိမ် မိသားစုဝင်တို့၊ ဒီစာကတော့ ဒီနှစ်အတွက် ပေးချင်တဲ့ Christmas Message ပါပဲ။၂၀၁၃ ရဲ့ ဒီဇင်ဘာလနဲ့အတူ ခရစ္စမတ်ပွဲတော်ကိုကျင်း ပ ဖို့ပြင် နေကြရင်းနဲ့ တစ်နှစ် တာပြန် လည်သုံး သပ်ခြင်းတွေကိုလုပ်ဆောင်နေကြပါတယ်။ ၂၀၁၃ ရဲ့စီမံကိန်း ကာ လရဲ့ နှစ်ဆုံးပိုင်းကို ရောက်လာ တဲ့အခါ မှာ အဖွဲ့အစည်းအနေနဲ့ တစ်နှစ်တာ လုပ်ဆောင်လာခဲ့တဲ့ လုပ်ငန်း တွေ ကို ပြန်လည်သုံး သပ်ချိန် လည်းဖြစ်ပါ တယ်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ အားနည်းချက်၊ အားသာချက်တွေ၊ အခွင့်အလမ်းနဲ့ အန္တ ရယ်ပြုနိုင် ခြေရှိတဲ့ အချက်တွေ ကို ပြန်လည်ဖော်ထုတ်သုံးသပ်ကြမှာ ဖြစ်ပါတယ်။ ပြန် လည် သုံးသပ်မှုတိုင်းမှာ ထားရှိရမယ့် အခြေခံ စိတ်နေစိတ်ထားကတော့ ကျေးဇူးတင်ခြင်းပါပဲ။ ကိုယ့်ခွန် ကိုယ်အားနဲ့ တစ်နှစ်တာ ကိုကျော်ဖြတ် လာနိုင်တာ မဟုတ်ပဲ၊ “တန်ခိုးကြီးတော်မူသော သူသည် ငါတို့နဲ့/၌ ကြီးမြတ် ရာကို လုပ်ဆောင်နေ“ လို့သာဖြစ် ပါတယ် ဆိုတဲ့ အခြေခံအချက်ကို သဘော ပိုက်ထားမယ်ဆိုရင် သုံး သပ်မှု တိုင်းမှာ ပေါ်လွင်ထင်ရှားတဲ့ ညွှန်း ကိန်း နဲ့ အဓိပါယ်ကို တွေ့မြင်ကြ မှာပဲဖြစ်ပါတယ်။ 
1.    Dear  staff of Karuna Pathein, this is my Christmas Message that I wish to give you this year. In this December, as we are preparing to celebrate Nativity of our Lord, we take this time for evaluating our activities in the year 2013. Now we have come to the end of our project year (2013) and as organizational wide we are doing this evaluation of our works implemented. Success, failures, weakness, strength, opportunity and threat are the points to be brought out to the evaluation. This  moment of evaluation, spirit of thanksgiving has to be  at the bottom of our hearts. Not with our own strength that we were able to pass through this year, it is the Almighty who has done great things through and with us this year. Keeping this spirit of gratitude will make us understand and see clearly the indicators and meaning of our implementations. 
၂။ စွန့်လှူစွန့်စားမှု မရှိရင် အနာဂတ်ဆိုတာ မရှိနိုင်ဘူး။ အဖွဲ့အစည်းစတည်ခါစ ၂၀၀၁ ခုနှစ်ကနေ ခုချိန် ၂၀၁၃ အထိ ကရုဏာပုသိမ်အဖြစ် ရပ်တည်လာနိုင်ခြင်းဟာ စွန့်လှူ စွန့်စားသူတွေ ရှိနေခဲ့ပြီး၊ ခုလည်း ရှိနေ ကြ လို့ပဲဖြစ်ပါတယ်။ ကျော်ဖြတ်လာခဲ့တဲ့ အခြေအနေတွေဟာ ကြမ်းတမ်းခဲ့ပါတယ်။ ၂၀၀၂ ဟင်္သာတ ဇုံရေ ဘေး၊ ၂၀၀၄ သာပေါင်းရေဘေး၊ ၂၀၀၄ ဆူနာမီ၊ ၂၀၀ရ ရေဘေး၊ ၂၀၀၈ နာဂစ်၊ ၂၀၁၂ ရေဘေး၊ စတဲ့အ ရေး ပေါ် ကူညီကယ်ဆယ်ရေးတွေမှာ ကရုဏာပုသိမ်ရဲ့ အခန်းကဏ္ဍက ကြီးမားခဲ့ပါ တယ်။ အရေးပေါ် ကာလ မဟုတ်တဲ့ သာမာန်အချိန်တွေမှာ လုပ်ဆောင်လာခဲ့တဲ့ ၀ါတွင်းကာလနှိုး ဆော်ခြင်း၊ Change for Life ကျန်းမာ ရွှင်လန်းတဲ့ဘ၀သက်တာအမြင်ဖွင့်လှုပ်ရှားမှုတွေ၊ ပညာရေးနဲ့ ပါတ်သက် တဲ့ မိဘပညာပေးလုပ်ငန်းတွေ၊ ပဋိပ က္ခဖြေရှင်းခြင်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု အမြင်ဖွင့် သင်တန်းတွေ၊ သဘာဝဘေးအန္တရယ်ကြိုတင်ကာ ကွယ်ရေးနဲ့ လျှော့ချရေးအမြင်ဖွင့်သင်တန်းတွေ နဲ့ လုပ်ဆောင်လာခဲ့ကြတယ်။ ၂၀၀၈ နာဂစ်ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးပြီးတဲ့အချိန်က စပြီး ဖွဲ့စည်းလာခဲ့တဲ့ Livelihoods (အသက်မွေးဝမ်းကြောင်း)၊ Education (ပညာရေး)၊ Health (ကျန်းမာရေး)၊ Social Protection (လူမှုကာကွယ်စောင့်ရှောက်ရေး)၊ DRR (သဘာဝဘေးအန္တရယ်ကြိုတင်ကာ ကွယ် လျော့ချရေး)၊ ကဏ္ဍတွေမှာ ပုံမှန်အချိန်ပြည့် ၀န်ထမ်းအင်အား (၅၀) ခန့်နဲ့ လုပ်အားပေး ၀န်ထမ်း အင်အား ( ၁၀၀) ကျော် ချီတက်လာခဲ့ကြပါတယ်။ စီမံကိန်းကာလ တစ်နှစ်တာ ကျော်ဖြတ်ဖို့ဆို တာ ကြမ်း တမ်းပါတယ်။ ပင်ပန်းကြပါတယ်။ စွန်လှူစွန်းစားမှုတွေပြုကြရပါတယ်။ ဒါကြောင့် လည်း အနာ ဂတ်တစ်ခု ကို မျှော်မှန်းနိုင်ကြခြင်းပဲဖြစ်ပါတယ်။ 
2.    If no sacrifice and adventure, no future (of success)! The fact that Karuna Pathein has come up, since its foundation in 2001 to this time of 2013, is truly contributions of those who have sacrificed and who are now sacrificing for this cause. The whole journey has been quite challenging. Responses to floods in Hinthada Zone 2002, floods in Tharbaung in 2004, Sunami in 2004, floods in 2007,Nargis cyclone in 2008, floods in 2012 in all such emergency responses , Karuna Pathein has played a great role. Outside of emergency time, Karuna Pathein has played in ordinary time, activities such as Lenten Animation, Change for Life ( health), Parental education (education), awareness on conflict resolution and peace building, Disaster Risk Reduction and Emergency preparedness trainings and workshops have been conducted. 5 sectors such as Livelihoods, Education, Health, Social Protection and DRR have been formed right after response to Nargis Cyclone in 2008 and today Karuna Pathein has about 50 full time staff and over 100 volunteer staff. To be able to have gone through one year time of project is a challenging work. Tired, and much sacrifice is required. That is the reason that we can hope for the future. 
၃။ ကက်သလစ်အသင်းတော် မြန်မာနိုင်ငံရောက်လာခြင်း နှစ် (၅၀၀) ပြည့်နှစ်ကို ကျင်းပနေတဲ့အချိန်အခါ သမယမှာ စွန့်လှူစွန့်စားခဲ့ကြတဲ့ အတိတ်ကာလက သာသနာပြုတွေကို ပြန်လည်သတိယကြရအောင်။ ဥရောပ တိုက်ကို စွန့်ခွာ ပြီး အာရှ အရှေ့ဖျား ကို လာကြခဲ့ကြတယ်။ အဲဒီအချိန်က လာလမ်းသာရှိပြီး ပြန်လမ်း မရှိတဲ့ ခေတ်ကာလပါ။ အာရှအရှေ့ ဖျားကို သာသနာပြုဖို့ စာရင်းသွင်းကြတဲ့ ငယ်ရွယ်သူ သာသ နာပြု တွေ ဟာ သူတို့ရွေးချယ်တဲ့ လမ်းက သွားလမ်းသာရှိပြီး ပြန်လမ်းမရှိဘူးဆိုတာကို အတပ်သိ ခဲ့ကြပါတယ်။ အဲဒီ အချိန်က လေယာဉ်တွေမရှိသေးပါဘူး။ ထွက်ခွါဖို့သင်္ဘောဆိပ်ကို လိုက်လံပို့ ဆောင်ကြတဲ့ မိဘ၊ ဆွေမျိုး တွေ မျက်ရည်မျက်ခွက်နဲ့ချည်းပါပဲ။ ပြန်လည်ဆုံဆည်းကြပါစို့ဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် Bye, See again, See later, See soon! တို့ဆိုတာ မဆိုကြတော့ပဲ “ A Dieu!” Till we meet again! ဘုရားမှာ ပဲ ပြန် လည် ဆုံကြမယ်လို့သာ လိုက်လံပို့ဆောင်သူတွေက နှုတ်ဆက်ကြတယ်။ လမ်းခရီးမှာ လချီကြာပါတယ်။ သင်္ဘော လမ်း။  ရွက်သင်္ဘော၊ မီးသင်္ဘောတွေနဲ့ပါ။ လမ်းခရီးပင်ပမ်းကြပါတယ်။ လိုရာခရီးဆုံးမရောက်ကြပဲ၊ လမ်းမှာပဲ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားကြသူ တွေရှိခဲ့ပါတယ်။ ရောက်လာပြန်တော့လည်း ရေကြမ်းမြေကြမ်းမှာ၊ တောနက် တောင်စွယ်မှာ၊ အသက်အန္တ ရယ် ကြားမှာ၊ သာသနာမျိုးစေ့တွေချပေးခဲ့ကြတယ်။ စွန့်လှူ စွန့်စား ကြ သူတွေပါ။ စွန့်လှူစွန့်စားမှု မရှိ ရင် အနာဂတ်ဆိုတာ မရှိနိုင်ဘူး။ 
3.    This year Catholic Church in Myanmar celebrates (500) years anniversary of the arrival of Catholic Missionaries in Myanmar. Let us reflect on the lives and the sacrifices made by the old missionaries in the past. They left Europe and they adventured to the Far East. That was the time only way to come, no way to return. Those young men who enlisted to be the missionaries of the Far East knew well that they had only way to come and no way of return. No airplanes! Those who have accompanied them ( parents , relatives, friends), to the jetties, could not stand without tears. Not words of seeing again. No words such as  Bye, See again, See later, See soon! But only word they uttered was “ A Dieu!” Till we meet again in God.! It took months to reach the destination. Road of sailing and very risky and very tiresome. Some have perished on the way without reaching the destinations. Some have arrived. But in the thick forest, hard work and hard lives, dangers to lives, but they have sowed the seeds of Faith on the soils of Myanmar. They all have sacrificed. No sacrifice, no future!
၎။ကမ္ဘာမှာ စွန့်လှူ စွန့်စားသူတွေ မထွက်ပေါ်ခဲ့ဘူးဆိုရင် သစ်လွင်တဲ့ အနာဂတ် ဆိုတာရှိခဲ့မှာမဟုတ်ဘူး။ ခရစ်စတိုဖာ ကိုလန်းဘတ်သာရွက်မလွှင့်ခဲ့ရင်၊ ဗတ်စကို ဒဂါးမားသာရွက်မလွှင့် ခဲ့ရင် ကမ္ဘာ သစ်ဆိုတာ တွေ့ ခဲ့ကြ မှာ မဟုတ်ပါဘူး။ အခုတလော သတင်းမီဒီယာ မှာ ရေပမ်းစားနေတဲ့ နယ်လဆင်မန်ဒဲလား အကြောင်း Facebook တွေမှာ Email တွေမှာ ဖတ်ကြပါတယ်။ အသက် ၉၅ နှစ် သေဆုံးချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးက ဂုဏ်ပြုကြတယ်။ နယ်လဆင်မန်ဒဲလားသာ စွန့်လှူ စွန့်စားမှု မရှိခဲ့ ရင်၊ တောင်အာ ဖရိကရဲ့ လူဖြူ လူမဲ၊ အသား အရောင်ခွဲခြားဆက်ဆံမှု၊ အဆင့်အတန်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ခဲ့မှာ မဟုတ်ဘူး။ အခုဆို လူတန်း တားခွဲခြားဆက်ဆံမှု ပပျောက်ရေး ကြွေးကြော်သံတွေဟာ တောင်အာဖရိက သာမက၊ ကမ္ဘာ တစ်ဝှမ်း လုံးမှာ ပဲ့တင်ထပ်နေပါပြီ။  သူဟာ ထောင်ထဲမှာ ၂၇ နှစ်။ ခက်ခဲ ပါတယ်။ ကြမ်းတမ်း ပါတယ်။ ခံယူချက်တစ်ခု အပေါ် မှာ အဆုံးတိုင်အောင် တိုက်ပွဲ ၀င်သွားတယ်။ အနာဂတ်ကမ္ဘာ ရဲ့ Road Map လမ်းပြမြေပုံ ကို ချပေး ခဲ့သူပါပဲ။ သူ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဂန္ဒ၀င်မြောက်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု လိုက်ကြပါပြီ။ စွန့်လှူ စွန့်စားသူတစ် ဦး ရဲ့ ချန်ထား ခဲ့တဲ့ လက်ရာခြေရာတွေ၊ အမွေအနှစ်တွေပါ။ ဒါတွေ ကြောင့် လည်း ကမ္ဘာ့လူသားတွေ ရဲ့အနာဂတ်ရှင် သန်၊ လန်းဆန်းနိုင်ကြတာပဲဖြစ်ပါတယ်။ 
4.    If there were no adventures in the world, there would not been discovery of new world. If Christopher Columbas and Vasco de Gamas had not adventured in sailing out, there would not been  discovery of new lands. These days we hear and read in news on the medias ( facebook, email) about Nelson Mandela. He died at the age of 95 and the whole world stand up to salute him. If no sacrifice taken and endured by Nelson Mandela apartheid in South Africa would not have been terminated. Today the slogan of termination of apartheid is heard throughout the world. Imprisoned for 27 years, hard life, no easy days. He withstood with a firm conviction through out his life. He has laid down a road map for the future of the world. Today the whole world honors him as a classical leader of global peace and reconciliation. That is really a legacy left to the world. This is the way that the world can live on a hope for the future.    
၅။ ကရုဏာပုသိမ် ရပ်တည်နိုင်ရေးနဲ့ ရှင်သန်ဖွံ့ဖြိုးနိုင်ရေးမှာ အဖက်ဖက်ကစွန့်လှူ စွန့်စားကြသူတွေ အား လုံးကို ကျေးဇူးတင်တယ်။ တစ်ချို့လည်းရှည်လျားတဲ့နှစ် ကာလတွေနဲ့ ပေးဆက်လာခဲ့ကြတယ်။ တစ်ချို့လည်း သိပ်မကြာသေးတဲ့ အချိန်အတာ တစ်ခု ကစတင်ပေးဆက်လာကြတယ်။ အားလုံးကိုကျေးဇူး တင်တယ်။ အား လုံးကောင်းကြပါတယ်။ တစ်ခုပဲရှိတာက။ ငါတို့ဘယ်လောက်ထပ်ကောင်းချင်သေးသလဲ ဆိုတဲ့ စကားမှာ ငါ တို့အနာဂတ်တည်ပါတယ်။ Important is not how good you are, but HOW GOOD YOU WANT TO BE. အရေးကြီးတာ ငါတို့ဘယ်လောက်ကောင်းခဲ့သလဲ၊ ကောင်းနေသလဲ၊ ဆိုတာထက်၊ ငါတို့ ဘယ်လောက် ထပ်ကောင်းချင်သလဲ ဆိုတာပါပဲ။ လက်ရှိလုပ်ကိုင်နေတဲ့ ကဏ္ဍ ၅ ခု ဖြစ်တဲ့ Livelihoods (အသက်မွေး ၀မ်းကြောင်း)၊ Education (ပညာရေး)၊ Health (ကျန်းမာရေး)၊ Social Protection (လူမှုကာ ကွယ်စောင့် ရှောက်ရေး)၊ DRR (သဘာဝဘေးအန္တရယ်ကြိုတင်ကာ ကွယ်လျော့ချ ရေး)၊ တွေဟာ သူနည်း သူ့ဟန်လေးနဲ့ ရပ်တည်လာနိုင်တဲ့ လက္ခဏာလေးတွေကို တွေ့မြင်နေရပါတယ်။ ၂၀၀၈ နာဂစ်ကာလပြီး ချိန်ကစပြီး လေ့လာ သင်ယူ၊ လေ့ကျင့် ဆောင်ရွက်လာခဲ့တဲ့ အတွေ့အကြုံပေါ်မှာ good practices လို့ခေါ်တဲ့ ကောင်းတဲ့ အတွေ့ အကြုံ၊ အလေ့အကျင့်တွေ အများကြီးထွက်ပေါ်လာပါပြီ။ ဒီလိုရပ်တည်လာနိုင်အောင် technically  နည်း ပညာအရ ရော၊ financially ရံပုံငွေအရရော ကူညီ ပံ့ပိုး ပေးကြသူ partners မိတ်ဖက် အဖွဲ့အစည်း တွေ အားလုံးကိုကျေးဇူးတင်တယ်။ မိမိ တို့ရဲ့ တည်ရှိနေတဲ့ ကိုယ်ပိုင် အရင်းအမြစ် ဖြစ်တဲ့ လူ့အရင်းအမြစ် ( human resource) နဲ့ ပစ္စည်းအရင်းအမြစ် (material resource)တွေ အပေါ်အခြေပြု ဆောင်ရွက်ချိန်မှာ မိတ်ဖက် အဖွဲ့အစည်းများနဲ့ကွန်ယက်ဆက်သွယ်မှု ကိုလည်း အင်အားဖြည့်တင်းဆောင်ရွက်သွား ကြရ မှာဖြစ် ပါတယ်။ အခုခေတ်က တစ်ဦးတည် သူရဲ ကောင်း Rambo လုပ်လို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ our partnership is our strength, our networking is our strength ဆိုတဲ့ ခေတ်ဖြစ်နေပါပြီ။ မိမိတစ်ဦးတည်း မပြည့်စုံနိုင်ပါဘူး။ လေ့လာသင် ယူစရာတွေ အများကြီးရှိနေပါသေးတယ်။ စဉ်ဆက်မပြတ်လေ့ လာ သင်ယူချင် စိတ် spirit of continuous learning ဖြစ်ဖို့ပဲလိုအပ်ပါတယ်။ တကယ်တော့ ငါတို့ရဲ့ ကရုဏာပုသိမ် အဖွဲ့အစည်း ဟာ Continuous Learning Center ( CLC) စဉ်ဆက်မပြတ်လေ့လာသင်ယူရာဌာန တစ်ခုပါပဲ။ စွန့်လှူ စွန့်စားချင်လို့ ဒီအဖွဲ့ အစည်းထဲ ၀င်လာကြတဲ့ ၀န်ထမ်းတိုင်းဟာ လေ့လာသင်ယူချင်စိတ်ကို အခြေခံမ ထား နိုင်လို့တော့ ရေရှည်ဆက်ကပ်နိုင်မှာ မဟုတ်ဘူး။ အဖွဲအစည်းထဲမှာ နေထိုင်ရင်း ဆည်းပူးရရှိလာတဲ့ အတတ် ပညာ၊ အသိပညာတွေဟာ လက်ရှိလုပ်နေတဲ့ အဖွဲ့အစည်း အတွက်သာမက အနာဂတ်မှာ ကူး ပြောင်း လုပ်ဆောင် ချင်တဲ့ အဖွဲ့အစည်း ရဲ့အလုပ်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ အများကြီး အထောက်အကူ ဖြစ်နေကြတယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။  
5.    Thanks to all who have given much sacrifices for the sustainability of the organization. Some have engaged in this organization almost since its foundation and some have engaged in recent years. Thanks to all. All have been good. But only thing is needed. Important is not how good you are, but how good you want to be. Observing the presence of 5 sectors; livelihoods, education, health, social protection and DRR/emergency, I can see now the signs of their formulation. These 5 sectors have been formed since our response to Nargis in 2008 and we have learned much of good practices. Many thanks to all our partners who have supported and accompanied us technically and financially until this moment. While strengthening the existing human resources and material resources of our organization, we have to extend our networking and collaboration with our partners and colleages. In this modern age, no one can play hero alone like Rambo in the Movie. This is the age of partnership " our partnership is our strength and our networking is our strength." Alone we can not do all. Still many rooms to improve. We need to cultivate spirit of continuous learning. We have to turn our Karuna Organization into place of Continuous learning Center ( CLC). If you do not have spirit of continous learning, you can not survive in this organization. The skills and knowledge you acquire while working in this organization is meant for support and capacity building of the present organization as well as that of the future organizations that you may join or the enterprises that you may do your own.   
၆။ နိဂုံးချုပ်အနေနဲ့ ပြောရရင်၊ ကရုဏာပုသိမ် အဖွဲအစည်းဟာ Catholic Social Teaching (CST) ကက်သလစ်အ သင်းတော်ရဲ့ လူမှုရေးဆိုင်ရာ သွန်သင်ချက်ကို အခြေခံ တန်ဖိုး (Value) အဖြစ်ထား တာကြောင့် သာမန်ရိုးရိုး လူမှုရေးအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ မတူတာတွေ ရှိကြပါတယ်။ နှလုံးရည် ( quality of heart) ကို အခြေပြုပြီး လက်ရုံးရည် ( professionalism) နဲ့ လုပ်ဆောင် ဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ Mother Teresa က တော့ ကက်သလစ်လူမှုရေးလုပ်ငန်းရဲ့ စံနမူနာပါပဲ။ သူမဟာ အခုအခါမှာ ကက်လသစ် လူမှုရေး လုပ်ငန်းရဲ့စံပြ သာမကပဲ ကမ္ဘာ့ လူမှုရေးလုပ်ငန်းရဲ့စံပြ အဖြစ်သတ်မှတ်လိုက်ကြပါပြီ။ International Charity Day ကို နှစ် စဉ် စက်တင်ဘာ ၅၊ ရက်နေ့ကျင်းပဖို့ UN ဒီနှစ်ထဲမှာပဲသတ်မှတ်လိုက်ပါပြီ။ မါသာရ်ထရေဇားဟာ လူမှုရေး လုပ်ငန်းမှာ စွန့်လှူ စွန်းစား ခဲ့သူတစ်ဦးပါ။ သူမပြောခဲ့ပါတယ် “ ဘ၀ကြီးမားတဲ့ စီမံကိန်းတွေ လုပ်နိုင် ချင်မှ လုပ်နိုင်ကြမယ်။ ဒါပေမယ့် သေးငယ်တဲ့အလုပ်ကို ကြီးမားတဲ့မေတ္တာနဲ့လုပ်နိုင်ပါတယ်“ Small things with Great Love!

In conclusion, please be reminded that our Karuna Pathein is taking Catholic Social Teaching as our guiding principle and core value, we can not be like other NGOs. Our quality of heart has to be added with our professionalism ( skills and good management). In this regard, Mother Teresa is our model. The United Nations has fixed September 5 as International Day for Charity in honor of Mother Teresa. Mother Teresa has made tremendous sacrificing adventure in social missions of the Church. She said " in our life, we may not be able to do big projects, but we can do small things with great love" ..Small things with Great Love. 

Sincerely, 
Eikhlein Henry.fr
December 16, 2013

Thursday, 17 January 2013

Faith Based Approach to Nation Building



Faith Based Approach to Nation Building


Introduction:

In this paper some reflections are taken back from the presentation that I made at National Symposium held in 2005 November at National Major Seminary in Yangon on the occasion of celebrating the 50th Anniversary of establishment (Archdiocese and Diocese) of Local Church in Myanmar. Time has passed. 7 years! Myanmar is changing in building a new nation. However, I find that some old remarks are still relevant to the present situations. Added to the old notes, a new look on it will be described from a Christian perspective. My main focus here will be fixed on how the Church in Myanmar can contribute to building a new nation of Myanmar.

Our Church in Myanmar has remained a minority Church comprising of ethnic nationalities such as Kachin, Kayah, Karen, Chin, Mon, Bamar, Rakhine, and Shan. It is a Church with great potential having a good number of vocations to the life of Church’s ministers and religious life and the lay people’ pieties are still deeply religious. A blessing in disguise, as a result of the country's long seclusion for about 50 years (since 1962), the Church has still retained much of Gospel and human values that regrettably disappeared in some countries in the globe, due to negative impact of globalization. Our Church in Myanmar can be criticized for many weaknesses, yet it has launched on its journey despite of all its weaknesses and internal and external challenges. These challenges concern internal communications between lay people and the clergy as well as external communication with the other faiths. The Church in Myanmar has set itself the objective of providing inward solidarity with the poor and vulnerable people and outward solidarity with the people of other religions. The tasks to be performed in this context are as varied as the problems that are encountered. In a word, our Church in Myanmar has a mandate and a role to play in building a new nation of Myanmar that is for a nation of justice and peace, and joy in the Holy Spirit ( Rom 17: 14).

“The Church’s deepest nature” said Pope Benedict XVI, “is expressed in her three fold responsibility: of proclamation of the word of God (kerygma-martyria), celebrating the sacraments (leitourgia) and exercising the ministry of charity ( diakonia). These duties presuppose each other and are inseparable”.( Deus Caritas Est, DCE, 25) (cf: On service of Charity, Apostolic Letter,Nov 11, 2012)


Change that we need in nation building

“ It seems to me that most people simply let life happen to them. However a few, a very few, decide what’s going to happen to them in life” (cf. John C Maxwell). Many of us wait for change but only few of us like to make change happen realizing that If we can not be victors of change, we will be victims of change. To just stay alive is not enough. There is a need to learn how to do more with life than simply let it happen to us. Much is changing! Changing too fast! Alarming us in the invitation to this seminar workshop. The golden age of the Church in Myanmar has ended when a coup was staged in 1962. All mission infrastructures collapsed as nationalization and confiscation of mission properties took place. About 300 foreign missionaries expelled. Our Church in Myanmar has experienced its Dark nights!. It was a real Kenosis Experience. Humanly speaking our Church in Myanmar could have withered and died out with the effect such deadly blows. However God is with us (Immanuel). Thanks to Catholic Bishops Conference of Myanmar (CBCM) and Myanmar Council of Churches (MCC) leading and guiding the Church in Myanmar prudently and patiently throughout these difficult years and coming out courageously with much resiliency at the down of building a new nation.

To be able to adequately cope with the rapid changing situations in Myanmar, the Church needs to develop herself to be proactive rather than reactive, flexible but pragmatic. Under long years of restrictive and oppressive conditions the Church has been used to be passive and reactive. Now time has come in building a new nation the Church has to learn to be more proactive in taking leading and prophetic role. Change is always painful and many prefer to remain in their status quo (a comfort zone). Now is our departure point. To change the traditions and the structures in a peaceful way will surely take time. This will certainly happen if the learning process involves all those concerned. This applies to clerics as well as lay people in equal measure. While for the clerics the structural change into a participatory Church will be accompanied by a loss of power and renunciation, the lay people will initially have to be encouraged to take part in the change as they have learned a different role, once  that is passive and receptive.

 FABC has emphasized on developing a participatory Church for Church in Asia empowering lay people. Leadership in social matters has to be passed on to competent lay people. The socioeconomic and political fields are their arenas. After Vatican II, the role of laity is much promoted to the role of protagonist from the traditional role of audience or spectators. The implementation of the Decree on the Apostolate of the Lay People of Vatican II came rather late to the Catholic Church in Myanmar. The reason was easily justified by the difficulties which the young Church and young Hierarchy was faced during long years of isolation. But this does not tend to deny the long felt need as well as the existence of Lay Apostolate in Myanmar usually known as "Diocesan Laity Council" or "Catholic Action", Youth, Women Associations, or under many other names in Myanmar. Though in some areas lacking inter-diocesan coordination and collaboration, they all have the same aim and each diocese had its own way to survive, to progress with the help of lay people.

In this process of building a new nation of Myanmar, a move that we need to take is to have more coordination and collaboration established among our Christian Churches in Myanmar forming one united force, being a model of unity in diversity to this multi ethnic nation.

Service of Charity in building nation

“The service of charity is “ said Pope Benedict XVI“ a constitutive element of the Church’s mission and an indispensible expression of her very being” ( Deus Caritas Est, DCE, 25). It is the right and duty of all the faithful to devote themselves personally to live the commandment of love (cf. Jn 15:12). We have to devote ourselves to offering our contemporaries not only material assistance, but also refreshment and care for their souls. (cf. DCE 28). Whether in the small communities of particular Churches or on the level of the universal Church, the Church is called as a whole to exercise of the service of Charity.

Cyclone Nargis (2008), Cyclone Giri ( 2010), Shan East Earthquake ( 2011), Kachin Conflicts ( 2011 - ) just to mention a few, the Church in Myanmar has manifested the love of God towards all her neighbors ( disaster affected people) regardless of status, faith and ethnic affiliations. We are our brother’s keepers. Love of God is manifested in our actions. Seeing Jesus forsaken among the afflicted people we remember what Jesus said “ You did it to me” (Mt. 25). “ Important is not how much we have done but how much love we have put in our doings” said Blessed Mother Teresa. In carrying out our charitable activities reminded Pope Benedict XVI, the various Catholic organizations should not limit themselves merely to collecting and distributing funds, but should show special concern for individuals in need and exercise a valuable educational function within the Christian community, helping people to appreciate the importance of sharing, respect and love in the spirit of the Gospel of Christ. ( On the service of Charity).

Our service of Charity (Diakonia) has to become our way of building a new nation of Myanmar.  Threatened by global warming and climate change our nation is prone to various natural disasters. Friend in need is friend in deed, in the moment of difficult situations encountered, how can we join hands together as Christian Churches in Myanmar to manifest the love of God in concrete way is our way forward. Jesus comes to serve not to be served!


Respect and Dialogue with Cultures in nation building

No dialogue, no life! Communication is life! Today dialogue and meetings must take place on various levels both inside and outside the Church. This seminar/workshop is a proof of our coming together to cultivate a round table culture among us. Such kind of good practice and initiative needs to be enhanced. Dialogue within the Church also means discussion between the various ethnic groups to which our Christian communities belong. Ecumenical events should be created more often, not only once a year during week of Unity Service. Dialogue beyond the Church includes discussion and meeting with followers of other religions in the form of Interreligious dialogue.

Here comes the need of a dialogue with cultures in Myanmar. Dialogue with culture concretely means inculturation. The Catholic Church in Myanmar is blessed with many vocations to the priesthood and religious life. Today our Church in Myanmar needs priests and pastors who are truly of the soil, rooted in their own social, cultural and spiritual heritage, healthily integrated and inculturated. One of the criticism leveled at the Church in Asia, true also to Myanmar, is that she is still viewed as a relic of colonial era. In the process of building a new nation in Myanmar, the Church needs to be more incarnated!

Of course, in the field of inculturation discernment is necessary for we need to steer clear of two extremes: " the risk of passing uncritically from a form of alienation from culture to an overestimation of culture. Since culture is a human creation and is therefore marked by sin, it too needs to be healed, ennobled and perfected".Christ assumed human nature but also redeemed it. The process of inculturation needs not only patience but also guidance. The guiding principles for inculturation are" compatibility with the Gospel and communion with the universal Church”.


Without inculturation there can be no incarnation and without the incarnation there is no salvation. Christ was not born in a void or in a vacuum. He took flesh in the womb of Mary. He was born in a certain place and a certain time in history. His life was interwoven into the prevalent social, cultural and spiritual fabric of his time. As the Word of God, he spoke a human language, with a specific accent and a definite cultural heritage. "The incarnation of the Word was also a cultural incarnation" observed Pope John Paul II in his address to the University of Coimbra on May 15, 1982. In fact, "Christ by his incarnation committed himself to the particular social and cultural elements of the men among whom he lived" said Ad Gentes # 10. The Fathers of the Church are good models of inculturation. " Therefore, for future priests,( Church ministers) going back to the Fathers of the Church means nourishing themselves from the very roots of Christian culture, and understanding  better their own cultural tasks in today's world" (Instruction on the study of the Fathers of the Church in the formation of priests, congregation for Catholic education, November 10, 1989, #43.)

Option for the poor in nation building

Myanmar once rich in economy in Asia but now categorized among the least developed countries. In building a new nation, the president of the country announced steps for poverty reduction. Option for the poor an expression of solidarity in nation building. Here the word "poor" is not to be taken only in material sense. There are also the issues of educational opportunities and gender equality. For the Church, with the poor ought to include working with the refugees, migrants and displaced people, the poor, the sick and the handicapped. All this demands a great deal of solidarity and sacrifice on the part of the better-off in favor of the less well-off. A further aspect of living with the poor is concern and care for a good number of people in Myanmar infected with HIV. It is the ethnic minorities, and thus also the Christians, who are afflicted with this disease. The Church has begun to take on responsibility in this area and will have to do so even more in future if she wants to live and suffer with the poor. The challenges are huge but we can recall the words of Blessed Mother Teresa, Missionary of Charity, “ In our life we may not be able to do great things, but we can do small things with great love”.

In his inaugural speech on the coming of the Kingdom of God and its realization in him, Jesus announced Good News to the poor (cf. Lk 4:16-19).The Church must make every effort to listen to the poor and the marginalized, to discover their cultural values and expressions, and to stand together with them by supporting their just causes, in order to be truly a healing sign of God's love for them. In the light of the urbanization and industrialization which are sweeping East and Southeast Asia, the Church (in Myanmar) today must give special attention to the plight of the urban workers, who are often uprooted from their traditional cultures and involved in a difficult struggle for life. These are again the challenges that can be counted in the process of nation building to which the Church in Myanmar is urgently called to participate if she really wants to be the Church of Myanmar. 


 Promoting Civil Society in nation building

In Myanmar, the Church with her institutional structure is regarded as a well organized faith based organization. In this sense the Church has to be well prepared to transform the society in which she lives. Like the Catholic Church in general, the Catholic Church in Myanmar, being hierarchical in structure, technically speaking in a sense, may not be regarded as a model of Democratic Society. However the concept has changed since Vatican II, now more clearly defined, that the Church is Communion. A new way of being Church in Asia is set up by FABC.  In this way that the Church in Myanmar can still help to prepare people for different social structures. This would be an important contribution to the country's future and could strengthen the position of the Church in a changed political system and a society that is in the throes of change as a result. Beginning with her own followers, but extending her efforts to others as well, the Church could use awareness-raising and education to prepare people for a democratic life together. Grassroots communities are one place where democratic structures and democratic behaviors can be practiced. A Church that is aware of her own good organization should not neglect the responsibility of transforming into a democratic community that respects human rights.

Every effort should be made to encourage the Church in Myanmar to join in the construction of a civil society, however tinny the beginning may be. It would be difficult for the people of Myanmar to deal positively with changes. They will have to learn from the beginning how to cope with new forms of society. This is where the churches in Myanmar could play an important role, preparing people to act independently and responsibly. Support must be given to "skill training, workshops and seminars for leaders of people's organizations, progressive church programs and the NGOs. Civil society must be given support through the formation of political organizations and NGOs, networking and linking among different progressive political forces and sectors, and the convening of forums and conferences to arrive at a common analysis and agenda. The importance of coming to a shared understanding and a shared agenda with other religious communities is obvious to many of us.



Uplifting the standard of education in nation building

Christians missionaries like Jesuits, Dominicans, Franciscans, Barnabites, Oblates, MEP, PIME, Columbans, and Rev. Judson and companions, etc, have contributed a lot in building Myanmar (ancient) through their tireless endeavors on founding a flourishing Education System. Myanmar was once considered one of the most literate countries in Asia. Unfortunately the education system at all levels is decaying and along with it the future of Myanmar's next generations. The education of children and allocating minimal resources to public education has been neglected. This is a challenge!

Only three out of four children enter primary school, and of those only two out of five complete the full five years. According to a study conducted by UNICEF, the single greatest obstacle to school attendance in Myanmar is cost due to poor family income. 57.6% of households cannot afford basic education for their children. Female students are disproportionately affected by high dropout rates. Fewer than one third of all girls who enroll make it through primary school. Those children who are able to attend school rarely receive quality education. Text books, equipment and school supplies are outdated and in short supply. Teachers’ salaries are far below subsistence wages and have forced many teachers to quit out of economic necessity. Increasingly, only prosperous families can afford to send their children to school, even at the primary level. This is a challenge!

In addition to dropping out of school for financial reasons, thousands of children are forced to drop out or interrupt their education for reasons associated with conflict due to: lack of an educational infrastructure; few teachers; security concerns; constant transience due to forced relocation etc. How the Church in Myanmar will respond to these challenges regarding their duties of educating their children?.

Future of a country lies in the quality of education given to younger generation. Now many new opportunities are open. Programs conducted by UNICEF like ECCD, EXCEL are the platforms where the Church in Myanmar is closely collaborating. Many NGOs are undertaking this responsibility filling the gaps that the Government is failing to do. Some Catholic dioceses organized community volunteer teachers sending them to remote areas for children education. This is a sort of creating job opportunity for them and at the same time providing access of education to children in villages. Yangon archdiocese is now known for TTC programs and Jesuit Education Programs.. We do not wait for change in this regard. We can make change happen here. We may not be given back our old confiscated mission schools, and we may not be able to build a new Judson college! but in our own way we can build  moderate schools, learning centers, language centers, IT centers, mobile libraries in building this new nation of Myanmar.  

Seeing globalization as threats and opportunities in nation building

Now all over Asia we can observe the effects of globalization which has great potential for good or ill. Unfortunately what we can see the effects of globalization in Asia are the negative effects. There does not seem to be any place, so rural or so isolated, as no to be affected one way or another by globalization, Myanmar inclusive. This may not necessarily be in form of technological advance but certainly in the form of considerable price increases of basic commodities. E.g Increasing oil prices has a domino effect on all goods. How to keep ourselves prepared?

In reality, the weak and poor nations of the world can not be competitive. They are simply small fish in the wide sea of free global competition, at the mercy of big fish. That is why Pope John Paul II has sounded the alarm over the phenomenon of globalization. “It has its blessings. It has great promise. But we need international regulations and controls. We need the cooperation of superpowers so that these could look at the effects of globalization on poor economies. We need to temper globalization with solidarity”.( cf.)

However the effects of globalization can be the positive movements in Asia, particularly in Myanmar. The movements such as the movement to community, the movement to empower the poor, the movement to freedom among women and youth, the ecological movement and the movement to spirituality. All these movements that one can see among peoples, non-government organizations and people's organization point to one direction: human solidarity in Myanmar, solidarity with cultures, with ecology and with the Transcendence.

Formation in the social doctrine of the Church in this regard is necessary and has to be contextualized. Without contextualization, social doctrine can become ineffective platitudes. But contextualized in the interplay of faith and social reality, the social teaching of the Church are elaborated, clarified, and effectively applied to burning social issue of the day.

The phenomenon of globalization has to be discerned not simply in terms of economic ideology but especially in the light of social dimension of the faith, of the sacraments and liturgy.


Facilitating accompaniment of international community that we need in nation building

In this globalized age Myanmar can not remain isolated. The country needs good accompaniment. As the country is open, many like to come to invest. Investment for accompaniment? Good! “ The nation is not open to looting by outsiders after five decades of  suffering” reminded us by Archbishop Charles Bo in his Keynote address yesterday (14, Jan 2013). The Church in Myanmar being international institution has a role to facilitate the proper and effective accompaniment of international community in nation building. If Myanmar is well accompanied and allows such accompaniment to take place, it can certainly develop into a participatory nation. Here accompaniment  means " journeying with the people, listening to them, and challenging them ". Accompaniment means involving oneself in a different world view, a different culture and different people in order to develop and realize something jointly with them. Accompaniment is therefore impossible unless one has a thorough knowledge of the context in which one wants to become involved. It is ultimately a matter of partnership. And this assumes that one also genuinely knows the other people's circumstances, needs, etc. Moreover, if one wants to know other people's dreams, hardships etc, more than just superficially, detailed communication has to take place that extends beyond the negotiation of specific projects.

Accompaniment also means challenging. Challenging assumes, likewise, that one has a thorough knowledge of the project partners and the situation they live in. It is only this kind of knowledge that prevents challenges becoming overtaxing. In addition, the concept of accompaniment as a challenge assumes an open dialogue with the project partners. This is only guaranteed if an aid organization's project work favors quality over quantity, seeking for the benefits of the targeted people rather than their own profits.

The grassroots communities are they that most need of strengthening. Power relationships can only be changed, and greater freedom can only be realized, if ever the grassroots are empowered. To make this happen, one indispensable prerequisite is awareness-raising so as to develop a clear view of people's own situation and circumstances, reveal the causes of problems and open up potential solutions. Karuna Myanmar (Caritas Myanmar) has taken the steps in this direction and deserves support from outside at both the international and diocesan level.

Conclusion:

Constant renewal in formation and training is absolutely necessary. Initial and on-going formation of priests and consecrated persons ( Church Ministers), the formation of the laity- all these have to be renewed. The new way of being Church and the New Evangelization in the third Millennium absolutely require a new type of evangelizers ( nation builders) along with the process of building a new nation. We have to learn to be familiar with Myanmar realities. Then we will be be able to discern the movement of the Holy Spirit in our Myanmar cultures in the context of Asian traditions. We have to be persons of dialogue, able to share and pray with one another, able to form community with one another establishing networking and collaboration, prepared to face new challenges in building this new nation.

The Church in Myanmar as the whole body needs constant renewal of formation. Church Ministers needs to be introduced to the renewal of the Church in Asia and socio-pastoral methodologies and skills to build community; religious communities have to understand development besides works of charity and even more involved in the social and pastoral plan of dioceses and local church communities; catechists and youths need to be retrained in animation and community development; and laity deepened in their spirituality through human and spiritual formation for engagement in the world. When all sectors of the Church in Myanmar is well renewed, we can be certain that we can make a change happen that is building a new nation of Myanmar.


fr. henry eikhlein ( January 15, 2013)


Reference:

  1. An outline of the history of the Catholic Burmese Mission ( from the year 1720 to 1887) by Bishop Paul Ambroise Bigandet, published in Rangoon in 1887.
  2. History of the Catholic Church in Burma ( 1856 to 1966) by Father Edward P. Evans, published in September 2012, Italy.
  3. Compendium of the Social Doctrine of the Church, by Pontifical Council for Justice and Peace, 2005
  4. FABC documents

………………………………………………