Thursday, 3 July 2014
Wednesday, 25 June 2014
ပုသိမ်ကက်သလစ်သာသနာနှင့်ကရင်စာပေယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ခြင်း
၁။
နိဒါန်း
၁၉၅၅ ခုနှစ်တွင် ရောမား(ဗာတီကန်)၏ စီစဉ်လမ်းညွှန်ချက်အရ
ရန်ကုန်ကက်သလစ်သာသနာသည် ဂိုဏ်းချုပ် သာသနာ (Archdiocese- Metropolitan) ဖြစ်လာပြီး၊
ပုသိမ်ကက်သလစ်သာသနာသည်လည်း ဂိုဏ်းအုပ် သာသနာ (Diocese) ဖြစ်ပါသည်။ ဂိုဏ်းအုပ်သာသနာ
အဖြစ်စတင်တည်ထောင်သည့်အချိန်မှစပြီး အစဉ်အ ဆက် ဦးဆောင်ဦး ရွက်ပြု လာကြသော ဂိုဏ်းအုပ်
ဆရာတော်များသည် ကရင်စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုး တက်ရေး အတွက်စွမ်းစွမ်းတမံ ဆောင်ရွက်လာခဲ့ကြသည်။
နိုင်ငံခြားသာသနာပြုများ၏ လက်အောက်တွင် နှစ် ပေါင်းကြာ ရှည်စွာတည်ရှိလာစဉ်ကတည်းကဦးဆောင်ခဲ့ကြသူ၊
တာဝန်ရှိသူသာသနာ့ခေါင်းဆောင်များ သည် ဒေသခံ ကရင် တိုင်းရင်းသားများ၏ ရိုးရာစာပေ ယဉ်ကျေးမှုတို့မှာ
အတတ်နိုင်ဆုံး အနည်းနှင့် အများဆို သကဲ့ သို့ ဖော်ထုတ် မြှင့်တင်ခဲ့ကြသည်။
၂။
လုပ်ဆောင်လာခဲ့ကြသည့်ကရင်စာပေယဉ်မှုဖော်ထုတ်မြှင့်တင်ခြင်း လုပ်ငန်းများ
ပထမဦးဆုံး ပုသိမ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ကရင်တိုင်းရင်းသားဖြစ်သူ
ဂျော့ဦးကျော်သည် ၁၉၅၅ ခုနှစ် မှ ၁၉၆၇ ခုနှစ် ပျံလွန်တော်မူသည်အထိ ကရင်စာပေ၊ယဉ်ကျေးမှုကိုဖော်ထုတ်မြှင့်တင်ရင်း
သာသနာအမှုတော် ထမ်းဆောင်ခဲ့ပါသည်။ ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်ခါစမြန်မာနိုင်ငံသည်
ဒေသတွင်းအေးချမ်း တည်ငြိမ်မှုရရှိနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြရသောအချိန်ဖြစ်သည်။ ၁၉၄၉
တွင်စတင်ခဲ့သော ကရင်တော် လှန် ရေးလှုပ်ရှားမှုသည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံးကို
ပြန့်နှံ့သွား ခဲ့သည်။ ကရင့် တော်လှန်ရေး ၏ လှုပ်ရှားမှုသည် တစ်ဖက်တွင် ကရင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်မှုအတွက်
ဇာတိသွေးဇာ တိမာန်ကို ဖော်ဆောင် သကဲ့သို့ တစ်ဖက်တွင်လည်း အုပ်ချုပ်သူဗမာအစိုးရနှင့်
တင်းမာမှုဖြစ်၊ ရန်သူ ဖြစ်လာ ခဲ့ကြသည်။ ထိုသို့သော အချိန်အခါမျိုးတွင် သာသနာ့ခေါင်းဆောင်များအနေနှင့်
အမျိုးသားရေးဘက်မှ ရပ်တည်လုပ်ဆောင်ရန်မှာ အလွန်ပင်သတိကြီးစွာထားရသောအချိန်အခါဖြစ်သည်။
၁၉၄၂ ခုနှစ် မြောင်းမြနှင့် ကနစိုးကုန်း တွင်ဖြစ်ပွား ခဲ့သော ဂျပန်ခေတ် ကရင်-ဗမာ အဓိကရုံးနှင့်
တစ်ဖန် ၁၉၅၁ ခုနှစ် ထပ်မံ ဖြစ်ပွားခဲ့သော ကရင်-ဗမာ ပဋိပက္ခ တို့၏ ပဲ့တင်သံများတို့သည်လည်း
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးတွင် ရိုက်ခတ်နေဆဲအချိန်ကာ လလည်းဖြစ်နေသည်။ ထိုခက်ခဲသောအချိန်ကာလများတွင်ပင်
သာသနာ့ခေါင်းဆောင်များသည် ကရင်စာပေ နှင့်ယဉ်းကျေးမှု ဖော်ထုတ်မြှင့်တင်ရေးလုပ်ငန်းများတွင်
စွမ်းစွမ်း တမံထမ်းဆောင်ခဲ့ကြသည်။ မုန်ဆီ ညော်ဂျွာ နက်၊ အဘိုးဖာသာရ်ဖိလစ် တို့သည် စကောကရင်ဘာသာဖြင့်
ဆုတောင်းမေတ္တာ စာအုပ်များ၊ ဓမ္မသီချင်း စာအုပ်များ၊ မစ္ဆားတရားစာအုပ်များကို ဘာသာပြန်ဖြန့်ဝေခဲ့ကြသည်။
အထူးသဖြင့် ကက်သလစ် ဘာသာ ၀င်များထဲတွင် စကောကရင်အများစုဖြစ်သော ဟင်္သာတဇုံရှိ သာသနာတိုက်နယ်များတွင်
စကောကရင် ဘာ သာဖြင့် ဆုတောင်း သီဆိုနိုင်ရေးအတွက် ကြိုးစားခဲ့ကြသည်။ ဖါသာရ်ရာဖာအဲလ်
မန်းထွန်းရင် ကလည်း ကနစိုး ကုန်းသာသနာကိုဗဟိုလ်ပြုကာ ပိုးကရင်ဘာသာဖြင့်ဆုတောင်းမေတ္တာစာအုပ်များ၊
ဓမ္မသီချင်း စာအုပ် များ၊ မစ္ဆားတရားစာအုပ်များကိုပိုးကရင်ဘာသာဖြင့်ပုံနှိပ်ဖြန့်ဝေခဲ့ကြသည်။
ယင်းစာအုပ်များကိုယခုတိုင် တွေ့မြင် နေ ရဆဲပင်ဖြစ်သကဲ့သို့ အချို့လည်းအသုံးပြုနေရဆဲပင်ဖြစ်သည်။
မြောင်းမြသာသနာ ကျောင်းထိုင် အဖြစ် နှစ်ပေါင်း (၃၀) ကျော်သာသနာအမှုတော်ထမ်းဆောင်ခဲ့သော
ပြင်သစ်လူမျိုး၊ ဘုန်းတော်ကြီး ဖါသာရ်အမ်နာ ဘိုက်ဇ်သည် မိမိကိုယ်တိုင်ကရင်ဘာသာစကားမတတ်မြောက်သော်လည်း
နှစ်စဉ် သူကိုယ်တိုင် ဦးစီးပုံသွင်း စေလွှတ်သော ရွာပုံလုပ်အားပေးဆက်ကပ်ဆရာ၊ ဆရာမများအား
ကျရာကျေးရွာများတွင် ကရင်စာကို ကလေး သူငယ်များအားသင်ကြားစေခဲ့သည်။သူ၏ ဦးဆောင်မှုနှင့်စီမံခန့်ခွဲမှုများကိုလေ့လာခြင်းဖြင့်
ဒေသခံတိုင်း ရင်း သားများ၏ ရိုးရာစာပေဓလေ့များကိုတန်ဖိုးထားသော သာသနာခေါင်းဆောင်တစ်ပါး
အဖြစ် မှတ်တမ်း တင်ဂုဏ်ပြုရပေမည်။ ထိုသို့ဖြင့်ပုသိမ်ကက်သလစ်သာသနာအတွင်း ကရင်စာပေယဉ်ကျေးမှု
ဖော်ထုတ်မြှင့် တင်ရေးလုပ်ဆောင်မှုများသည် ၁၉၅၅ မှ ၁၉၆၇ ကာလအတွင်း ဆရာတော်ဂျော့ဦးကျော်၏
ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုများကိုလည်း ကျွန်ုပ်တို့နောင်လာနောက်သားများက မှတ်တမ်းတင်ဂုဏ်ပြုနေကြ
ရမည် သာ ဖြစ်သည်။
ဆရာတော် ဂျိုးဇက်မန်းအေရီသည် မိမိကိုယ်တိုင် ပိုးကရင်တိုင်းရင်းသား၊
ကနစိုးကုန်းကျေးရွာဇာတိ၊ ဖြစ်သည် အား လျော်စွာ ၁၉၆၈ ခုနှစ်၊ ဆရာတော်သိက္ခာ ခံယူပြီးသည့်အချိန်ကစပြီး
ဘာသာစကားနှင့်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်မြှင့်တင်ရေးလုပ်ငန်းများကို ဒုတိယဗာတီကန် (၁၉၆၂-၁၉၆၅)
၏ လမ်းညွှန်မှုအတိုင်းစတင်အကောင် အထည်ဖော်တော့သည်။ မိမိ အရင်ဆရာတော်၏ ဆောင်ရွက်ခဲ့သော
မူဝါဒလမ်းစဉ်အတိုင်းဆောင်ရွက်သည်။ ထူးခြားသောတီထွင် လုပ်ဆောင်ချက်အဖြစ်ကရင်အငြိမ့်အဖွဲ့တစ်ဖွဲ့ကိုလည်းတည်ထောင်ခဲ့ပြီး
နှစ်အတန်ကြာ ကရင်စာပေနှင့်ယဉ်ကျေးမှုကိုအခြေပြုလျှက်လှည့်လည်ကပြဖျော်ဖြေခဲ့ကြသေးသည်။
ကရင်ဘာသာ စကားဖြင့် ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ မစ္ဆားတရားတော်ပူဇော်ခြင်း
များကို အထူးအားပေး အားမြှောက်ပြုခဲ့ သည်။ မုန်ဆီညော်ဂျွာနက်၊ အဘိုးဖိလစ်၊ ဖါသာရ်ရာဖါအဲလ်မန်းထွန်းရင်တို့၏
ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံအားပေးသည်။ ဖါသာရ်အမ်နာဘိုက်ဇ် ၏ အစီအစဉ်များကိုလည်း
ပံ့ပိုးဆောင်ရွက်ပေးသည်။ ၁၉၈၂ ခုနှစ် ကျန်းမာရေးကြောင့် ဆရာတော်အဖြစ်မှ အနားယူရသော
အချိန်အထိ ပုသိမ်ကက်သလစ်သာသနာ အတွင်းဘာသာတရားတွင် ရိုးရာယဉ်ကျေးမှု၏ အခန်းကဏ္ဍမြှင့်တင်ရေးကို
ဒုတိယဗာတီကန်၏ လမ်းညွှန်မှု အတိုင်း ဆောင်ရွက်အကောင်အထည် ဖော်ခဲ့သူဖြစ်ပါသည်။
ဆရာတော်ဗွီ၊ ဆေးကွဲယား (၁၉၈၅- ၁၉၉၂) နှင့် ဆရာတော် ဂျွန်ဂေးဗြဲလ်
(၁၉၉၂-၁၉၉၄) နှစ်ပါးစလုံး သည် လည်း တိုတောင်းသော ဆရာတော်သက်တမ်းအတွင်း မိမိတို့အရင်ဆရာတော်များ
ချမှတ်ထားသော မူဝါဒ လမ်းစဉ်များကို သွေဖီဆန့်ကျင်ခြင်းမရှိပဲ ဆက်လက်ဆောင်ရွက်အကောင်အထည်ဖော်ခဲ့ကြသည်။
တစ်ဖန် ၁၉၉၆ မှ ၂၀၀၂ ခုနှစ်အထိ သာသနာ့တာဝန်ထမ်းဆောင်ခဲ့သော ဆရာတော်ချားလ်စ်ဘိုသည် ကရင်ဘာသာ
စကားသည် မိမိ၏မူလမိခင်ဘာသာစကား မဟုတ်သော်လည်း တိုင်းရင်းသား ဘာသာစကား များကို လေ့လာ
သင်ယူရာတွင် အထုံပါထက်မြက်သူဖြစ်သည့်အလျှောက် မိမိတာဝန်ထမ်း ဆောင်ရာကာလ အတွင်း ကရင်
စာပေ နှင့်ယဉ်ကျေးမှုကို အစွမ်းကုန်ထုတ်ဖော်မြှင့်တင်ပေးခဲ့သည်။ မိမိကိုယ်တိုင်လည်း
သြ၀ါဒပေးရာ တွင် ဗမာ စကားဖြင့် အများနားလည်သောစကားမကို မပြောမီ စကောကရင်ဖြင့်လည်းကောင်း၊
ပိုးကရင်ဖြင့် လည်း ကောင်း၊ အမြဲထည့်သွင်းပြောဆိုခဲ့သည်မှာထူးခြားပါသည်။ ယင်းခေတ်ကာလများတွင် ကရင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကို
စွမ်းစွမ်တမံထူးခြားစွာလုပ်ဆောင်ခဲ့သော ဘုန်းတော်ကြီးမှာ မြောင်းမြ သာသနာ ကျောင်း ထိုင်၊
ဖါသာရ် ပေါ်လီနူး မန်းအိုင်ရှောင်းပင်ဖြစ်သည်။ ရန်ကုန် ရဟန်းဖြစ်တကသိုလ် တွင် စာချ ဘုန်းတော်ကြီးအဖြစ်
(၁၃) နှစ်တိုင် တာဝန်ထမ်းဆောင်အပြီး၊ ရွာသစ်ကုန်း သာသနာတွင် တစ်နှစ်သာ ကျောင်းထိုင်အဖြစ်
အမှု တော်ထမ်းဆောင်ခဲ့ပြီး၊ မြောင်းမြသို့ကျောင်းထိုင်အဖြစ်ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။
တစ်နှစ် တာသာ တာဝန်ထမ်းဆောင် ခဲ့သောရွာသစ်ကုန်းသာသနာအား စကောကရင် စာပေကို ထက်မြက်စွာ
မြှင့်တင် ပေးနိုင်ခဲ့သည်။ မြောင်းမြသာသနာသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသော ၁၉၈၀ခုနှစ်အချိန်မှစပြီး
ပိုးကရင် စာပေယဉ်ကျေးမှု ဖော်ထုတ်မြှင့်တင်ရေးကို တမူထူးခြားစွာလုပ်ဆောင်ခဲ့ သည်။ ဆုတောင်း
မေတ္တာ စာအုပ်များပုံနှိပ်ထုတ်ဝေခြင်း၊ ဓမ္မသီချင်းများ
ပုံနှိပ်ထုတ်ဝေခြင်း၊ စတီရီယို အသံသွင်း ထုတ်ဝေခြင်း၊ မစ္ဆား တရားတော်ကို ပိုးကရင်ဘာသာဖြင့်
ပူဇော်နိုင်ရန် မြောင်းမြ သာသနာအတွင်းရှိ ကျေးရွာ တိုင်းသို့ ကရင်ဆရာ၊ ဆရာမများ၊ ဓမ္မဆရာ၊
ဆရာများကို စေလွှတ်သင်ကြား စေခဲ့သည်။ နွေရာသီ ကရင် စာပေ သင်တန်း များကိုလည်းကောင်း၊
ကရင့်ရိုးရာဒုံးများကိုလည်းကောင်း ဖိတ်ခေါ်သောကျေးရွာ များသို့ ဆရာ၊ ဆရာမများ (ကက်သလစ်သာမက၊
ညီအစ်ကိုနှစ်ချင်းအသင်းတော်မှ ဆရာ၊ ဆရာမများ) ကို ရွေးချယ် စေလွှတ်ခဲ့သည်။ ဘုန်းတော်ကြီး
ပေါ်လီနူး မန်းအိုင်ရှောင်းသည် ၁၉၈၀ မှ ၁၉၉၈ ခုနှစ်၊ အနားယူချိန်အထိ မြောင်းမြသာသနာ
အတွင်း ပိုးကရင်စာပေနှင့် ယဉ်ကျေးမှုကို ထူးခြားထက်မြက်စွာ အကောင်အထည် ဖော်ခဲ့သောသာသနာ့
ခေါင်းဆောင် တစ်ပါးပင်ဖြစ်သည်။ ယခုအခါ မြောင်းမြသာသနာ မှ ခွဲထွက်ကာ သီးခြား ကျောင်းထိုင်
သာသနာများဖြစ်လာ ကြသော မြွေဟောက်ချောင်းသာသနာ၊ သရက်ချောင်းသာသနာ၊ သိမ်လာသာသနာ၊နှင့်
ချမ်းသာကုန်း သာ သနာများသည် ဘုန်းတော်ကြီး ဖါသာရ်ပေါ်လီနူး မန်းအိုင်ရှောင်း ဦးဆောင်ခဲ့သော
ကရင်စာပေ ယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရသော သာသနာများ
ပင်ဖြစ် သည်။
စကောကရင်ဘက်ကြည့်ပြန်လျှင် ဖါသာရ် ရေမီစောထူးလေး၏ ကြိုးပမ်းထမ်းဆောင်မှုကို
မှတ်တမ်း တင်ရ ပေ မည်။ မိမိကိုယ်တိုင် ဆရာကောင်းများလက်အောက်တွင် ငယ်စဉ်ကတည်းက သင်ယူခဲ့ရပြီး
ဖိလိပိုင်နိုင်ငံ မနီလာ၊ ကရင်ရေဒီယိုအသံလွှင့်အစီအစဉ်တွင် နှစ်ပေါင်း (၁၀) ကျော် အမှုထမ်းခဲ့သောဘုန်းတော်ကြီးသည်
မိမိ နေရပ်သို့ ၁၉၉၇ ခုနှစ်တွင်ပြန်လည်ရောက်ရှိလာပြီး သာသနာ့တာဝန်ကို ဆရာတော်လက်ထောက်အဖြစ်
ထမ်း ဆောင်ရင်း ကရင်စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံထမ်ဆောင်ခဲ့သူ
လည်းဖြစ် သည်။ ၂၀၁၀ ပြန်လွန် တော်မူသည့်အချိန်အထိ ဘုန်းတော်ကြီး၏ ထက်သန်သော အမျိုးသားရေး
စိတ်ဓါတ် သည် နောင်လာနောက်သားများအတွက် မမေ့နိုင်သောအမွေအနှစ်တစ်ခုကိုချန်ထားခဲ့သည်။
စကော ကရင် ဘာသာစကားပိုင်း ဆိုင်ရာကြိုးစားအားထုတ်မှုတွင် ဖါသာရ်ဂျေရုမ်းမန်းအောင်ရွှေကို
ဂုဏ်ပြုကြရ ပေမည်။ သူသည် စကော ကရင်သာမက၊ ပိုးကရင်ဖြင့်လည်းကောင်းစွာပြောနိုင် ဟောနိုင်သော
ဘာသာစကား အထုံပါ သူတစ်ဦးပင်ဖြစ်သည်။ဝတ်ပြုကိုးကွယ်ခြင်းတွင် နှစ်ဘာသာစလုံးကောင်းမွန်စွာ
ဦးဆောင်နိုင် သူဖြစ် သည်။ ၂၀၀၉ ခုနှစ် တွင် ဘုန်တော်ကြီး ဂျေရုမ်းမန်းအောင်ရွှေ ပြန်လွန်တော်မူခြင်း
ကြောင့် ပုသိမ်သာသနာ အတွက် ရိုးရာ စာပေနှင့်ယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ရေးတွင် ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့သည်။
ဖါသာရ် ဂရေဂေါ်ရီ စောဒိုစိုး သည် ရွာသစ် ကုန်းသာသနာ အတွင်း ကရင်ဘာသာစကားဖော်ထုတ်မြှင့်တင်ခြင်း၏
ဖခင်တစ်ဦးဖြစ်ခဲ့ သည်။ ဘုန်းတော်ကြီး အဘိုးဖိလစ်၊ မှစတင်ပြီ ဖါသာရ်ပေါ်လီနူးမန်းအိုင်ရှောင်းအထိ
ဖော်ဆောင်လာခဲ့သော စကော ကရင် ဘာသာ စကားဖြင့်ဝတ်ပြု ကိုးကွယ်ခြင်းများကို စိတ်ပါလက်ပါစွမ်းဆောင်ခဲ့သည်။
မိမိကိုယ်တိုင်လည်း စကော ကရင်စကာဖြင့်ကျွမ်းကျင်စွာဟောပြောနိုင်သူလည်းဖြစ်သည်။ ပြည်ပတွင်နှစ်ရှည်လများသာသနာ့
တာ ၀န်ထမ်း ဆောင်ပြီး မိခင်သာသနာ့မြေသို့ပြန်ရောက်လာချိန်တွင်လည်း အရှိန်အဟုန်မပျက်
ကရင့်ရိုးရားစာပေ နှင့် ယဉ်ကျေးမှု ဖော်ထုတ်ရေးတွင်ထက်မြက်သောခေါင်းဆောင်တစ်ဦးအဖြစ်
ဆက်လက်ရပ်တည်နေသည်။ ၂၀၀၈ ခုနှစ်မေလတွင် ပြန်လွန်တော်မူသွားပြီဖြစ်သော ဖါသာရ်ဧမာနွဲလ်
စောအယ်ဖလားသည် စကောကရင် ဘာသာ စကားတွင်ကျွမ်းကျင်သောဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သည်။
သာသနာ့တာဝန်များကို ပိုးကရင်စကား ပြောသော စိန်မေရီမြွေဟောက်ချောင်း သာသနာတွင်နှစ်ပေါင်း
(၁၀)နှစ်၊ ကနစိုးကုန်းတွင်(၂) နှစ်၊ ကျုံတ လုတ်တွင် (၂) နှစ်၊ စသည့်နေရာများတွင် ထမ်းဆောင်ခဲ့သည်။
သူသည် စကောကရင်သာမက ပိုးက ရင်ဘာ သာစကားကို ကောင်းမွန်ပိုင်နိုင်စွာ ဟောပြော နိုင်သောဘုန်တော်ကြီးတစ်ပါးဖြစ်ခဲ့သည်။
၂၀၁၃ ခုနှစ် အတွင်း သြဂုတ်လ ၂၉၊ နှင့် ၃၀ ရက်တွင် ပြန်လွန်သွားခဲ့သော ဘုန်းတော်ကြီး
ဖါသာရ်ဂျက်စတင်းစောလွင်နှင့် ဖါသာရ် ဇော်ဇီမူး တို့၏ သမိုင်းဝင်ဆောင်ရွက်ချက်များကိုလည်း
မှတ်တမ်းတင်ရပေမည်။ ဖါသာရ်ဂျက်စတင်းသည် စာပေရှုဒေါင့်ထက် ကရင်အမျိုးသား (မျိုးဆက်သစ်လူငယ်များ)
ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိက္ခာတင်ပြီး ကျောင်းထိုင်ဘ၀နှင့် လူငယ်တာဝန်ခံဘ၀ မှ သည်
ပြန်လွန်တော်မူသည့် အချိန်အထိ သာသနာ့အမှုတော်ကို ထမ်းဆောင်ရင်း အမျိုးသားရေး လုပ်ငန်းများကို
တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။ ဖါသာရ်ဇော်ဇီမူး သည် လည်း သူတာဝန်ကျရာ မေရီလန်းသာသနာတွင်
တိမ်ကောပျောက်ကွယ်တော့မည့် ကရင် (စကော) ဘာ သာဖြင့် ၀တ်ပြုကိုးကွယ်ခြင်း ( ဓမ္မသီချင်း၊
မစ္ဆားတရား) တွင် တာဝန်ထမ်းဆောင်စဉ် (၁၀) ကျော်ကာ လအ တွင်း စွမ်းစွမ်းတမံ ဖော်ထုတ်မြှင့်တင်နိုင်ခဲ့သည်။
ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီသည် ၂၀၀၃ ခုနှစ်တွင် ပုသိမ်ဆရာတော်ဖြစ်လာသည့်အချိန်မှ
စတင်ကာ သာ သနာ့ အမှုတော်ကို စိတ်အားထက်သန်စွာ ထမ်းဆောင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်
ကရင်စာပေ နှင့် ယဉ် ကျေးမှုဖော်ထုတ်မြှင့်တင်ရေးလုပ်ငန်းများကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လာခဲ့သည်မှာ
ယခု အချိန် တိုင်ပင်ဖြစ်သည်။ သူ၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ဖါသာရ် ပီအူးဝင်းသန်း နှင့်
ဆရာမိုးဇယ်တို့ ဦး ဆောင်သော ခေတ်သစ် ဓမ္မသီချင်းကို စကောကရင်၊ ပိုးကရင်ဘာသာ စကားဖြင့်ပြန်ဆိုထုတ်ဝေခြင်း၊
နွေရာသီ ကရင်စာသင်တန်းများဖွင့်လှစ်ခြင်း စသည့်လုပ်ငန်းအတိုင်းအတာများကို ပုသိမ်ဂိုဏ်းအုပ်သာသနာ
လုံးအ တိုင်း အတာဖြင့်လုပ်ဆောင်လာခဲ့သည်။ ယခင်ကဘုန်းတော်ဘုန်းတော်ကြီးများ တစ်ပိုင်တစ်နိုင်ဖြင့်
လှုပ်ရှား ဆောင် ရွက်ခဲ့သော ရိုးရာစာပေနှင့်ယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ရေး လုပ်ငန်းများကိုယခုအခါ
သာသ နာ တစ်ခုလုံး အတိုင်းအတာအဆင့်အထိ စီမံကိန်းချအကောင်အထည်ဖော်လာနိုင်ခဲ့ကြသည်။ ဖိလစ်
ပိုင်နိုင်ငံ မနီ လာမှ ထုတ်လွှင့်သော ကရင်အသံလွှင့် အစီအစဉ်များကို ၂၀၀၉ ခုနှစ်၊ ဇွန်လမှစတင်က
ပုသိမ်တွင် ရုံးခွဲ ဖွင့် ကာလိုအပ်သောအသံလွှင့် အစီအစဉ်များကို စိန်ဖရန်ဇေးဗီးယား သီလရှင်များဦးဆောင်မှုအောက်တွင်
ဆက် ကပ်ကြသော ကရင်လူငယ်များ၏ လုပ်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြန်သည်။ ဆရာ တော်ကြီး
၏ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဘုန်းတော်ကြီး ဖါသာရ်ခင်မောင်အေး မှ ရေးသားသီကုံးပြီး
ရုပ်/သံသွင်း ထုတ်ဝေဖြန့်ချီခဲ့သော (ယဆူးနိုင်းဝေ) ပိုးကရင် ဗီစီဒီသည်လည်း အောင်မြင်ပေါက်ရောက်သော
ပိုးကရင် ဘာသာဖြင့် ထုတ်ဝေသည့် တေးစီးရီး ဗီစီဒီ ဖြစ်လာသည်။ ကရုဏာပုသိမ်မှ ဦးစီးကာ
နွေရာသီကရင် စာပေနှင့် ယဉ်ကျေးမှုသင်တန်းကို ပုသိမ်ဂိုဏ်းအုပ်သာသနာတစ်ခုံး အတိုင်းအတာဖြင့်
လူငယ်ပေါင်း (၁၀၀) ခန့်ကို ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ သုံးနှစ်ဆက်တိုက် ဖိတ်ခေါ်သော သာသနာများ၊ ကျေးရွာများသို့ စေလွှတ်နိုင်ခဲ့
သည်။ အောင်မြင်သော အကျိုးရလဒ်များကိုလည်းတွေ့ရှိ ခံစားကြသည်။
၃။
သာသနာတွင်း လက်ရှိအင်အားနှင့် အရင်းအမြစ်များ
ပုသိမ်ဂိုဏ်းအုပ်သာသနာသည် ယခုလက်ရှိ (၂၀၁၂) ကျောင်းထိုင်သာသနာပေါင်း
(၃၄) သာသနာဖြင့် ဖွဲ့စည်း ထားပါသည်။ ယင်း (၃၄) သာသနာကိုတစ်ဖန် ဇုံ (၃) ဇုံဖြင့် ခွဲဝေထားပါသည်။
ပုသိမ်ဇုံတွင် ကျောင်းထိုင် သာသနာ (၁၂) သာသနာ၊ ဟင်္သတဇုံတွင် ကျောင်းထိုင်သာသနာ( ၁၂)
သာသနာနှင့် မြောင်းမြဇုံ တွင် ကျောင်း ထိုင်သာသနာ(၁၀) သာသနာတို့ဖြစ်သည်။ ပုသိမ်နှင့်
မြောင်းမြဇုံတွင် ပိုးကရင်အများစုနေထိုင်ကြပြီး၊ ဟင်္သာ တဇုံ တွင် စကောကရင်အများစုနေထိုင်ကြသည်။
ကက်သလစ်ဘာသာဝင်ဦးရေ (၆၀၀၀၀) ကျော်ရှိပြီး၊ အားလုံး လိုလိုပင် စကော၊ ပိုးကရင်များဖြစ်ကြသည်။
ကက်သလစ်ဘာသာဝင်များထဲတွင် အရှိုချင်းလူမျိုး နှင့်ကုလား၊ တရုတ်လူမျိုး အနည်းငယ်ပါရှိသည်။
ယခုလက်ရှိ (၂၀၁၂) ပုသိမ်ဂိုဏ်းအုပ်သာသနာတွင် ကက်သလစ် ဘုန်း တော်ကြီးပေါင်း (၁၀၀) ကျော်ရှိနေပြီး၊
အားလုံးမှာ စကောနှင့်ပိုးကရင်များ ဖြစ်သည်။ ဓမ္မဆရာ၊ ဆရာမ ပေါင်း (၁၂၀) ခန့်မှာလည်း
ကရင်တိုင်းရင်းသားများဖြစ်ကြပြီး ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့်အတူ သာ သနာ အမှုတော်ကို
ပုသိမ်ဂိုဏ်းအုပ်သာသနာအတွင်း ထမ်းရွက်နေကြသည်။ စိန်ဖရန်စစ် သီလရှင်ဂိုဏ်း တွင်လည်း
သီလရှင်ပေါင်း (၄၀၀) ရှိသည်အနက် အများစုမှ စကောနှင့်ပိုးကရင် သီလရှင်များဖြစ်ကြသည်။ လက်ရှိ တွေ့မြင်ရသော အင်အား နှင့်အရင်းအမြစ်များသည်
နှစ်ထောင်းအားရ ဘွယ်ရာကောင်းလှပါသည်။
၎။
စနစ်တစ်ခု၏ ရိုက်ချိုးမှုခံရခြင်း ကို သတိပြုကြရန်
လက်ရှိဧရာဝတီတိုင်းဒေသကြီးတွင် အသုံးပြုနေသော ကရင် (စကော၊ပိုး)
စာပေရေးသားနည်းသည် ညီအစ်ကို နှစ်ချင်း သာသနာပြုများမှတီထွင်ဖော်ထုတ်ထားသော စာပေရေးသားနည်းများဖြစ်ပါသည်။
အင်္ဂလိပ်မြန်မာ ပထမစစ် (၁၈၂၆) ခုနှစ်ပြီး တင်္နသာရီတိုင်းသည် အင်္ဂလိပ်အစိုးရလက်အောက်သို့
ကျရောက်သောအခါ နိုင်ငံခြား သာသနာပြု အများအပြား ထိုနေရာသို့ရောက်လာကြသည်။ တွေ့ရသောဒေသခံ
ကရင်တိုင်းရင်း သားများ၏ စာပေဘာသာစကားများကိုလေ့လာပြီး ယင်းတို့အတွက် စာပေရေးသားနည်းများကိုတီထွင်
ဖော် ထုတ်ပေး ခဲ့သည်။ စကောကရင် စာရေးနည်းကို နှစ်ခြင်းသာသနာပြု ဂျော်နသန် ၀ိတ်ကလည်းကောင်း၊
ပိုးကရင်စာရေးနည်းကို နှစ်ခြင်းသာသနာပြု ဘရစ် တန်က လည်းကောင်တီထွင်ခဲ့သည်။ ထိုသို့ဖြင့်
၁၈၃၀ ကျော်ခန့်တွင် စကောကရင်ရော၊ ပိုးကရင်ပါ ကျမ်းစာများကို ဖြန့်ဝေနိုင်ခဲ့သည်။ ၁၈၄၁
ခုနှစ်တွင် အရှေ့ တောင်အာရှ၏ ပထမဦးဆုံးသော တိုင်းရင်း ဘာသာစကားဖြင့် ထုတ်ဝေနိုင်ခဲ့သည်
သတင်းစာမှာ ( မိုး သောက် ကြယ်အမည်ရှိ (ဆာထူးဝေါ) စကော ကရင် သတင်းစာပင်ဖြစ်သည်။ ထိုကရင်သတင်းစာသည်
နှစ် (၁၀၀) တိုင်တည်မြဲခဲ့ပြီး ၁၉၄၁ ဂျပန်များ မြန်မာ နိုင်ငံသို့ဝင်ရောက်လာသောအခါ
မှ ထုတ်ဝေဖြန့်ချီနိုင်မှု ရပ်တန့် သွားခဲ့သည်။ ၁၉၃၀ နှစ်ကျော်များတွင် ကရင်တိုင်းရင်းသားစာသင်ကျောင်းများ
ဖွင့်လှစ်နိုင်ခဲ့ကြသည်။ စကော ကရင်ဖြင့် ၁၀ တန်းအထိသင်ယူနိုင်ခဲ့ကြ ပြီး ပိုးကရင်ဖြင့်
၇ တန်းအထိသင်ယူနိုင်ခဲ့ကြသည်။
သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီတက်သည့်
အချိန်မှစတင်ပြီး တိုင်းရင်းသားစာသင်ကျောင်းများ ( National Schools) ၏ အခန်းကဏ္ဍများ
သည်မှေးမှိန် ပျောက် ကွယ်သွား တော့သည်။ စာသင် ကျောင်းများတွင် ဗမာ (မြန်မာ) စာသည် အဓိကနေရာတွင်
ရောက်ရှိလာပြီး၊ အင်္ဂလိပ်စာ သည် အလယ်ကျောင်း (၅ တန်း) ရောက်မှ စတင်သင်ယူခွင့်ရှိသည်။
စနစ်တစ်ခု၏ ရိုက်ချိုးခြင်းဒဏ်ကို ကရင်တစ်မျိုးသားလုံးခံလိုက်ရ သည်။ ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီ
(၃၁) ရက်နေ့တွင် သမိုင်း၊ ခ၀ဲခြံ၊ အင်းစိန်တိုက်ပွဲမှ ကရင့်တော်လှန်ရေး စတင်ခဲ့ သည်။
ဧရာဝတီတိုင်းဒေသကြီးတွင်စစ်အတွင်မွေးဖွားလာသည့် မျိုးဆက်သစ်အများစုမှာ ပြေးရင်း၊ လွှား
ရင်းဖြင့် ကရင်ဘာသာစကားကို နားလည်၊ ပြောဆိုနိုင်ရုံသာရှိပြီး ဖတ်ရှု၊ ရေးသားနိုင်ခြင်းမရှိတော့ချေ။
၁၉၆၀ နောက်ပိုင်း မွေးဖွားလာသည့် ကရင်မျိုးဆက်သစ်များသည်လည်း ကရင်စာကို သင်ယူနိုင်ခြင်း
မရှိကြ တော့ပေ။ ညီအစ်ကိုနှစ်ခြင်းအသင်းတော်များမှ ကျမ်းစာကျောင်း များ တွင်ကရင်(စကော၊ပိုး)
များဖြင့်သင်ကြား၊ သင်ယူများ ရှိနေခြင်း ကြောင့်သာ ယခုထက်တိုင်ဧရာ ၀တီတိုင်း ဒေသကြီးတွင်
ကရင်စာပေသည်တည်တန့် ခိုင်မြဲနေသေး သည်ဟုဆိုရ မည်သြာ ဖစ်သည်။
၅။
ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အရာများ
၅။(က)
နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ကရင်တစ်မျိုးသားလုံးအတွက်
ထူးခြား သည့် နေ့ရက်တစ်ရက်ဖြစ်သည်။ ၁၉၃၈ ခုနှစ်ကတည်းက အစဉ်အလာမပျက်ကျင်းပ လာခဲ့ကြသည့်
ကရင်အ မျိုးသားနှစ်သစ်ကူးနေ့သည် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးတွင်ရှိသော ကရင်ကျေးရွား
တော် တော် များများတွင် အမျိုးသားရေးနိုးကြားမှုတစ်ခုအသွင် ကျင်းပနေကြပြီဖြစ်သည်။ နှစ်ဟောင်းကုန်၊ နှစ်သစ်
ကူးသော အချိန်အခါကို ဖော်ထုတ်ကျင်းပကြ သကဲ့သို့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ကိုကျင်းပ
ခြင်းသည် ကရင် တစ်မျိုးသားလုံး၏ စုစည်းမှုတစ်ခုကိုလည်းဖော်ပြနေပါသည်။ ဘာသာတရား ယုံကြည်ရာ
ကြောင့် ကွဲပြား ခြားနားခြင်းမရှိစေပဲ ကရင်နှစ်သစ်ကူကျင်းပခြင်းတွင် ကရင်တစ်မျိုးသားလုံး၏
တစ်လုံး တစ်ဝတည်း အသွင်ကို ဖော်နေပါသည်။
၅။(ခ)
နိုင်ငံတော်၏ မ၀ံ့မရဲနှင့် ပွင်းလင်းလာသော လက်ရှိအနေအထားတွင် အရပ်ဘက်လူ့ အဖွဲ့အ စည်းများ
သည် လည်း မိမိတို့ နည်းဟန်များဖြင့် မိမိတို့ အရောင်အသွေးများကိုဖော်ထုတ်လာကြသည်။ လယ်သမား
အစည်း အရုံး၊ တံငါအင်းအိုင် အဖွဲ့အစည်းများ၊ မျိုးဆက်သစ်လူငယ်အဖွဲ့အစည်းများသည်လည်း
ယခုအခါ အံထွက် လာကြသည်။ ဖုံးဖိ၍မရနိုင်တော့ပေ။ မိမိတို့ ပြောဆိုလိုသည့် စကားများကို
ဝိုင်းဖွဲ့ပြော ဆိုလာကြ သည်။ အ လုပ်ရုံဆွေးနွေးပွဲများလည်း နေ့စဉ်ရက်ဆက် ပြုလုပ်လာကြသည်။
ကိုယ်စားလှယ်များသည်လည်း လွှတ်တော် စကားဝိုင်းတွင် ဖော်ပြဆွေး နွေးလာကြသည်။ ဤကဲ့သို့သောအနေအထားမျိုးတွင်
ကရင်လူထု ၏ လှုပ်ရှားမှု သည်လည်း အသက်ဝင် လာနေပါသည်။ ကရင်နှစ်သစ်ကူးကို အခြေပြုသော ကရင်အမျိုးသားလှုပ်ရှားမှုသာ
မကတော့ပဲ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု (နွေရာသီ ကရင်စာပေသင်တန်း) ကဲ့သို့သောလှုပ်ရှားမှု
များ၊ အစိုးရ စာသင်ကျောင်းများတွင် အခွင့်ပြုလာသော
ကျောင်းချိန်ပြင်ပ ကရင်စာသင်ကြားခြင်းများ၊ မူကြိုကျောင်း များ တွင် အခွင့်ပြုလာသော
မိခင်ဘာသာစကား ကိုကလေးငယ်များအားသင်ကြားခြင်းများသည် ထူးခြားသည် ပြောင်း လဲလာသောဖြစ်စဉ်များပင်ဖြစ်ပါသည်။ ထိုပြောင်းလဲခြင်းများကို အမိအရဆုတ်ကိုင်လျှက် တိုး
တက် ဖွံ့ ဖြိုးမှုအတွက် အကောင်အ ထည်ဖော်လုပ်ဆောင်ကြရပေမည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့
ကရင်လူထု များ သည် ပြောင်း လဲခြင်းလှိုင်းပေါ်တွင် မကူးခတ်နိုင်ပဲ၊ ပြောင်းလဲခြင်း၏ လှိုင်းအောက်တွင်
နှစ်မြှုပ်နေကြမည့်အ နေ အထား တွင်ရှိနေပါလိမ့်မည်။ ထို့ကြောင့် ကရင်လူထုများနေထိုင်သောကျေးရွာများတွင်
ကရင်စာပေ သင်ကြား လေ့ လာခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလုပ်ဆောင် ရန်အချိန်ကျရောက်လာပြီးဖြစ်သည်။
ကရင်များ အိပ်၊ စား ( အန်၊ မီ/ အော်၊ မီး) အချိန်မဟုတ်တော့ပါ။ ပြောင်းလဲလာသည့် အချိန်များနှင့်အညီ
အချိန် ကိုက် လိုက်နိုင်ရန် အသင့်အနေအထားတွင် အမြဲတမ်းရှိရပေမည်။
၅။(ဂ)
၂၀၁၄ တွင် နိုင်ငံတော်၏ထူးခြားဖြစ်စဉ်တစ်ခုအနေဖြင့် လူဦးရေသန်းခေါင်စာရင်းကို မတ်လ
၂၉ မှ ဧပြီလ ၁၀ နေ့အထိ (၁၂) ရက်တာ ကမ္ဘာ့ကုလသမ္မဂ၏ အကူအညီဖြင့် ကောက်ခံတော့မည်ဖြစ်သည်။
ဤကဲ့ သို့သော အနေအထားတွင် မသိသလို၊ မဆိုင်သလိုနေ၍မရတော့ပါ။ အားလုံးပါဝင် ကြရမည့် နိုင်ငံတော်
စီမံ ကိန်းဖြစ် သည်။ မေးမည့် မေးခွန်းပေါင်း ၄၁ ချက်ကို ဖြေဆိုကြရပေမည်။ မေးခွန်းတိုင်းသည်
အရေးကြီး ပါသည်။ မှန် ကန်စွာ ဖြေဆိုကြရန်လိုပါသည်။ နိုင်ငံတော်၏လူဦးရေစာရင်းကောက်ခံခြင်းသည်
နိုင်ငံ တော် ၏ ဖွံ့ဖြိုးရေး စီမံ ကိန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်လုပ်ဆောင်သော
လုပ်ငန်း တစ် ခုဖြစ်သည်။ နိုင်ငံတော်၏ လက်ရှိပကတိ လူဦးရေစာရင်းနှင့် ပကတိအခြေအနေကို
သိမှသာလျှင် ရှေ့ ဆက်လုပ်ဆောင်ရမည့် လုပ် ငန်းစဉ်များကို မှန်ကန်တိကျစွာ ချမှတ်လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့်
ယခု ကောက်ယူတော့မည့် လူဦး ရေသန်းခေါင်စာရင်းတွင် ကရင်လူထုများ တက်ကြွစွာ ပူးပေါင်းပါ
ဝင်ရန်အ ထူး လိုအပ်လှပါသည်။
၅။(ဃ)
ယခင်အတိတ်ကာလ၌ကောက်ခံခဲသော သန်းခေါင်စာရင်းများတွင် မှားယွင်းချက်များစွာရှိခဲ့ပါသည်။
မှန်ကန် သော ကရင် လူဦးရေ ကို မဖော်ပြနိုင်ခဲ့ပါ။ သမိုင်းတစ်ကွေ့မှားယွင်းချက်အပေါ်
မည်သူ့ကိုမျှ အပြစ်မ တင် လို တော့ပါ။ သို့သော်ယခုတစ်ခါ ထပ်မမှားရန်သတိကြီးစွာထားရပေမည်။ ကရင်များသည် မိမိအမည် ရှေ့တွင်၊ စော၊ နော်၊ မန်း၊
ဂါ့၊ နန့်၊ ထည့်သွင်းဖော်ပြခြင်းများကို လုပ်ဆောင်ရန်လိုလာပါသည်။ ကိုးကွယ် သည့် ဘာ
သာနှင့်လူမျိုး ကွဲကွဲခြားခြားဖြစ်စေပါ။ ကရင်လူမျိုးသည် ဗုဒ္ဒဘာသာ ကိုးကွယ်သော်လည်း၊ လူမျိုးမှာ ကရင် သာဖြစ်ရပေမည်။
ကရင်လူမျိုးသည် မိရိုဖလာ ဘာသာကိုးကွယ်သော်လည်း လူမျိုးမှာ ကရင် သာဖြစ ရပေ မည်။ ဧရာဝတီတိုင်းဒေသကြီးတွင်
ကရင်မျိုးနွယ်စု နှစ်မျိုးသာ ရှိသည်။ စကောကရင်နှင့် ပိုးကရင်သာ ဖြစ် သည်။ ထိုအမည်များ
( မေးခွန်း ၁၊ အမည် နှင့် မေးခွန်း ၈၊
လူမျိုး) ကို မှန်ကန်စွာ ဖော်ပြကြရန် အရေးကြီး
ပါသည်။ သို့မှသာလျှင်မှန်ကန်သော ကရင်လူဦးရေစာရင်းများကို နိုင်ငံတော်၊ ကုလသမ္မဂ္ဂမှတ်တမ်းများတွင်
ရောက်ရှိ မည်ဖြစ်သည်။ ယခုခေတ်သည် အင်တာနက်ခေတ်၊ တစ်ကမ္ဘာတစ်ရွာဖြစ်နေသောခေတ်ဖြစ်ပါသည်။
အချက် အလက်အမှားအယွင်းမခံပါ။ ရရှိထားသောအချက်အလက်(Data)ပေါ်တွင်အခြေတည်လျှက် နိုင်ငံ
တစ်နိုင်ငံ၏ အင်အား၊ လူမျိုးတစ်မျိုး၏ အင်အားနှင့် ရပိုင်ခွင့်များကို တွက်ချက်ကြပေတော့မည်။
ရှိသင့်သည့် အနေအထားထက် မလျှော့သင့် သကဲ့သို့၊
မလိုအပ်ပဲနှင့် မပိုသင့်ပါ။ ပကတိမှန်ကန်တိကျသည့်
အဖြေသည် အရေးကြီးပါသည်။
၆။
နိဂုံး။
အထက်ဖော်ပြပါ အချက်များပေါ် အခြေတည်လျှက် ယခု ဧရာဝတီတိုင်းဒေသကြီးတွင်
တည်ရှိနေသော ကျွန်ုပ် တို့ ပုသိမ်ကက်သလစ်သာသနာတော်ကြီးသည် ကရင်စာပေနှင့်ယဉ်ကျေးမှု၊
ကရင်လူထု ဖွံ့ဖြိုးတိုး တက်မှု တို့ ကို ကြီးမားသောတာဝန်ကြီးတစ်ရပ်အဖြစ် လက်ခံအကောင်အထည်ဖော်ရန်လိုအပ်နေပါသည်။ ဧရာဝတီ တိုင်း ဒေသကြီးနှင့် ကရင်လူထုသည် ခွဲ၍ မရပါ။ ပကတိအခြေအနေသည် ဖြစ်နေပါသည်။ ထိုတက်ပို၍ ပြောရလျှင်
ပုသိမ်သာသနာတော်နှင့် ကရင်လူထုကြီးသည် ခွဲ ၍မရနိုင်ပါ။ (အများစုကိုတည်၍ ပြောခြင်းဖြစ်ပါသည်။
အခြား သော ပုသိမ်သာသနာတော် တွင် မှီတင်း နေထိုင်နေကြသော ရခိုင်၊ချင်း၊ တရုပ်၊ ကုလားလူမျိုးများ
အရေး မကြီးဟု ကိုမ ဆိုလို ပါ။ အားလုံး တည်ရှိရာ ကဏ္ဍနှင့် အစိတ်အပိုင်းအလျှောက် အရေးကြီးပါသည်)။
ထိုအ ကြောင်း များကြောင့် ပုသိမ်ကက်သလစ်သာသနာနှင့်ကရင်စာပေယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ခြင်း
သုံးသပ်ချက် ကျွန်ုပ်တို့ လုပ်ဆောင်ပါဝင်ရမည့် အခန်းကဏ္ဍများကို ကွင်းကွင်းကွက်ကွက်
သိစေလိုသော သဘောဖြင့် ဖော်ပြရေး သားခြင်းသာဖြစ်ပါသည်။ သက်ဆိုင်သည်ဟုခံယူ၍ လုပ်ဆောင်နိုင်သော
သူများအား လုံး အားကြို ဆိုပါသည်။ ” မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား အသစ်သောသီချင်းကိုဆိုကြလော့”
” လူမျိုးတကာ အပေါင်းတို့ ကိုယ်တော်ကို ချီးမွမ်းကြကုန်လော့။”
Fr. Henry Eikhlein ( January 19, 2014)
Monday, 23 June 2014
နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ရမည့်ခရစ်ယာန်တို့အခန်းကဏ္ဍ (Christian Participation in Nation Building)
နိဒါန်း။
ခရစ်ယာန်တွေဆိုတာ
မိုးပေါ်ကကျ လာတဲ့လူသားတွေလား။ မဟုတ်ကြပါဘူး။ လူတွေထဲက လူသား တွေပါ။ နိုင်ငံတော်ထဲကနိုင်ငံသားတွေပါပဲ။
ဒီနှစ်ကျွန်ုပ်တို့တတွေ အတူတူ လေ့လာ သုံးသပ်ကြမယ့် အကြောင်းအရာကတော”နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်ရမည့်
ခရစ်ယာန်တို့ရဲ့အခန်းကဏ္ဍ” အကြောင်းလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ နိုင်ငံတော်ထဲကနိုင်ငံသားများတွေဖြစ်ကြတဲ့
ကျွန်ုပ် တို့ခရစ်ယာန်တွေဟာ ဒီနိုင်ငံတော်တည်ဆောက်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်း
သာယာ စည်ပင်ဝပြောရေးမှာ ပါဝင်သက်ဆိုင်သူ (Stakeholders) များဖြစ်ကြပါတယ်။ ကျွန်ုပ်တို့မှာ
သက်ဆိုင် သူများဖြစ်သလို၊ တာဝန်ရှိသူများ (Responsible) လည်းဖြစ်လာကြပါတယ်။
ပြည်ထောင်စုမြန်မာ
နိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ ကျွန်ုပ်တို့တတွေဟာ ခရစ်တော်နောက် လိုက်သူများ
(followers of Christ) အဖြစ်၊ ခရစ်ယာန်များ(Christians) များအဖြစ် နေထိုင် အသက်ရှင်၊
သက်သေခံ ( Witness) လာကြတယ်။ ရှေးဦးသာသနာပြုတွေ လာရောက် ဟောပြော တဲ့ ဧ၀ဂေလိ သတင်းကောင်းတော်
နဲ့ ကြဲချခဲ့တဲ့ ယုံကြည်ခြင်းမျိုးစေ့တွေကြောင့် ခရစ်ယာန်ပင်စည်၊ ပင်မကြီးတွေဟာ မြန်မာ့ရေခံမြေခံမှာ
ယခု လိုထွက်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ခရစ်
ယာန်တွေဟာ တောအုပ်ထဲ ကသီးခြားရပ်တည်နေတဲ့ သစ်ပင်တွေလို မဟုတ်ပဲ တောတောင်ရေမြေ သဘာဝကို
သာယာလှပအောင်ချယ်သတဲ့ အခြားသစ်ပင်ပန်းမာလ် တွေနဲ့အတူပေါင်း စည်းရပ် တည် နေသူတွေဖြစ်တယ်
ဆိုတာကို ဒီကနေ့ကျွန်ုပ်တို့တတွေသိမြင်ကြရပါလိမ့်မယ်။ ဒီအသိတွေဟာ ကျွန်ုပ်တို့ ခရစ်ယာန်တွေမှာ
နက်ရှိုင်းလာ တဲ့နဲ့ အမျှ ကျွန်ုပ်ပါဝင်နေတဲ့အခန်း ကဏ္ဍရဲ့ လေးနက် မှုကိုလား ပိုမို သတိပြု
လာနိုင်ကြ မှာဖြစ်ပါတယ်။ ဒီအတွေးအမြင်ပေါ်မှာ အခြေပြု ပြီး ဒီစာတမ်း လေး ကို စုစည်း
တင်ပြ လိုက်ခြင်း ပဲဖြစ်ပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးမှာ
ပါဝင်ခဲ့တဲ့ခရစ်တော်ရဲ့အခန်းကဏ္ဍ
နိုင်ငံတော်တည်လုနီးပြီ၊
နောင်တရကြလော့၊ ဧ၀ံဂေလိသတင်းကောင်းတော်မှာ ယုံကြည်ကြလော့။ ဆို တဲ့ သတင်းစကားနဲ့ ခရစ်တော်ဟာ
သူ့ရဲ့ ဒေသနာခရီး (Public Ministry) စတင်ခဲ့ပါတယ်။ ဒေသ ခံပြည်သူလူထု ရဲ့ မျှော်လင့်ချက်ကတော့
သူတို့ကို ရောမားတွေရဲ့လက်အောက်က လွတ်မြောက် အောင်ကယ်တင်မယ့်သူ။ အာဏာပိုင်အဖွဲ့အစည်းပိုင်းကတော့
သူဟာ ယုဒထုံးတမ်းစဉ်လာကို ဆန့် ကျင်တဲ့ တော်လှန်ရေးသမား။ ဒီလိုကွဲပြား တဲ့အမြင်တွေနဲ့
မျှော်လင့်သူတွေကြားမှာ ခရစ်တော် ရှင်ဟာ ဒေသနာတော်ခရီးကို စတင်ခဲ့ရပါတယ်။ အတိုက်အခံတွေ
များခဲ့ပါတယ်။ သူ့ရဲ့ ဆွေမျိုးရင်း တွေတောင် သူ့ကိုနားမလည်ခဲ့ကြပါဘူး။ သူ့လုပ်ဆောင်ရမယ့်
အလုပ်တွေကို သူသိတယ်။ ဆီဇာ နဲ့ဆိုင်ရာကို ဆီဇာ ကိုပေး၊ ကောင်းကင်နဲ့ဆိုင်တာကို ကောင်းကင်ကိုပေး။
ဆိုတဲ့ ရပ်တည်ချက်မှာ သူ့လျှေက်ရမယ့် လမ်းကိုသူသိတယ်။ သူလုပ်ဆောင်တယ်။ ယောဟန်(
John The Baptist) တောင် ဇဝေ ဇ၀ါ ဖြစ်တဲ့အခါမှာ ရှင်းလင်း အောင်သူပြန်ပြောလိုက်သေးတယ်။
”သင်တို့မြင်ရ၊ ကြားရသမျှကို ယောဟန်ကြားပြန်ပြောပြကြပါ။ မျက်စိကန်းတဲ့သူတွေမြင်ရပြီး။
ခြေမသန်တဲ့သူတွေလမ်း လျှောက် နိုင်ပြီ။ ဆွံ့အတဲ့သူတွေ
စကားပြောနိုင်ပြီ။” ပြောချင်တာက သူဟာ လူတွေ စောင့်မျှော်နေကြတဲ့ မက်ဆီးယား အစစ်အမှန်ပါပဲ။
ဒါပေမယ့် သူ့ရဲနောက်ဆုံးသက်သေခံချက်က သူဟာ နိုင်ငံတော်ကို တည်ထောင်သူဖြစ်တယ်။ သို့သော်၊ သူ့ရဲ့နိုင်ငံက ဒီလောက နိုင်ငံတော်နဲ့မဆိုင်ဘူး။
မတရား နိုင်ထက်စီးနင်၊ ဗိုလ်ကျ အုပ်ချုပ်မင်း လုပ်တဲ့ဘုရင်မဟုတ်ဘူး၊ အစေခံတကာတို့ရဲ့အစေခံ
ဆိုတဲ့ စိတ်နဲ့ ခေါင်း ဆောင်မှုပြု သူဖြစ်တယ်။ သူ့ရဲ့စံပြနိုင်ငံတော်ဆိုတာ ” တရားမျှတခြင်း၊
ငြိမ်းချမ်း သာ ယာခြင်း နဲ့ ၀ိညာဉ်တော်မှာ ရွှင်လန်းဝမ်းမြောက်ခြင်းရှိတဲ့ အဖွဲ့အစည်း”
( ရောမား ၁၇/ ၁၄) ပဲဖြစ် ပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးမှာ
ပါဝင်ခဲ့ကြတဲ့ တမန်တော်များရဲ့ အခန်းကဏ္ဍ
ဆရာသခင်ရဲ့
ခြေရာကိုနင်းခဲ့ကြတဲ့ တမန်တော်များ တွေဟာလည်း သူတို့ဖြတ်သန်းခဲ့ကြတဲ့ သူတို့ ခေတ် အချိန်အခါရဲ့
နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေမှာ တစ်ခန်းတစ်ကဏ္ဍ ကနေပါဝင် ခဲ့ကြတာကိုတွေ့နိုင်ပါတယ်။
ကနဦးအသင်းတော် (Early Church) ဟာ နှစ်ပေါင်း (၃၀၀) အထိ ညှင်း ပန်းနှိပ်စက် ခြင်းအမျိုးမျိုး
ခံခဲ့ရပြီး၊ အေဒီ ၃၁၃၊ ခုနှစ် မီလန်ကြေညာစာတမ်းမှာကျမှ ညှင်းပန်း နှိပ် စက်ခြင်းတွေရပ်ဆိုင်းခဲ့တယ်လို့အသင်းတော်သမိုင်းမှာဖော်ပြထားတယ်။
ခရစ်တော်ရဲ့ နောက်လိုက် တမန်တော်ကြီ တွေအားလုံးဟာလည်း ဒီလိုခက်ခဲတဲ့အချိန်ကာလတွေကို
ကျော်ဖြတ်ရင်း နိုင်ငံ တော်တည်ဆောက်ရေးမှာ သက်သေခံခဲ့ကြသူတွေ ဖြစ်လာတယ်။ သက်သေတော်တွေရဲ့
သွေး တွေဟာ ခရစ်ယာန်တွေ ရှင်သန်လာဖို့အတွက် မျိုးစေ့တွေဖြစ်တာတယ်။ (The blood of
Martyrs has become the seeds of Christianity) လို့ ရှေးဦး ခရစ်ယာန် စာပေတွေမှာ ရေးသားခဲ့ကြတယ်။
အာဏာပိုင်၊ အုပ်ချုပ်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ကြသလို၊ လိမ်မာ ပါးနပ်စွာ
နဲ့၊ သံခင်း တမန်ခင်း နည်းလမ်းတွေနဲ့ ချည်းကပ်အကောင်အထည်ဖော်မှုတွေကို လည်း တွေ့မြင်နိုင်ပါတယ်။
လုပ်ဆောင်ချက်တွေအားလုံးရဲ့အဓီက ဦတည်မျှော်မှန်းချက်ကတော့ ဆရာသခင် ကိုယ်တိုင်သွန်သင်
ထားတဲ့ ဆုတောင်းမေတ္တာ မှာ အတိအလင်းဖော်ပြထားသလို ” နိုင်ငံတော် တည်ထောင်ပါစေ၊ အလို
တော်သည်ကောင်းကင်ဘုံမှာ ပြည့်စုံသလို မြေကြီးပေါ်မှာ လည်းပြည့်စုံပါစေ” ဆိုတဲ့ စကားပါပဲ။
ဒီလမ်းညွှန်ချက် အောက်မှာ တမန်တော်ကြီးတွေအားလုံးဟာ မကြောက်မရွံ့ ပဲ မိမိ တို့ ကျရာ အခန်း ကဏ္ဍများမှာ တာဝန်ကျေပြွှန်ခဲ့ကြပါတယ်။
တမန်တော်ကြီး တို့ကတဆင့် အရိုက် အရာ ဆက်ခံခဲ့ ကြတဲ့ သာသနာ့ခေါင်းဆောင် ကြီးများတွေဟာ
ရာစုအလီလီကိုကျော်ဖြတ်ပြီး ဒီကနေ့ (၂၁) ရာစု အစဦးပိုင်းအချိန်အထိ နိုင်ငံတော်တည်ဆောက်ရေး
လုပ်ငန်းများတွေကို ကျရာ ကဏ္ဍ အသီး သီးက ပါဝင် လာကြတာဟာ သမိုင်းကသက်သေထူနေပါတယ်။
မြန်မာနိုင်ငံတော်သစ်တည်ဆောက်ရေးမှာ
ခရစ်ယာန်တစ်ဦးစီ ပါဝင်ရမယ့်အခန်းကဏ္ဍ
ခရစ်ယာန်သာသနာတော်ဟာ
မြန်မာ့မြေကို ရောက်ရှိလာခဲ့တာ အခုဆို နှစ်ပေါင်း (၄၀၀) ကျော်ရှိ လာ ပါပြီ။ ရေခံမြေခံ၊
ဒေသရဲ့အနေအထား နဲ့ အခင်းအကျင်းကတော့ သူ့ခေတ်နဲ့သူ့အခါဆိုသလို ကွာခြားမှု တွေတော့ အများကြီးပါပဲ။
သက်ဦးဆံပိုင်ဘုရင်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ)
တွေအမျိုးမျိုးဖြတ်သန်းလာခဲ့ကြပါတယ်။ သူ့ခေတ်နဲ့သူ့စနစ်မှာ နေတတ် ထိုင် တတ်မှုလေးတွေ
ရှိအောင် ရောက်လာကြတဲ့ ခရစ်ယာန်သာသနာပြုများတွေဟာ အုပ်ချုပ်မင်း လုပ်တဲ့သူတွေနဲ့ တိုးဝင်ချည်းကပ်၊
ရင်းနှီးခင်မင်မှုတွေ တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရစ်ယာန် ယုံကြည်ခြင်း မျိုးစေ့လေးတွေ
ဟာ မြန်မာ့မြေပေါ် မှာ ကျရောက် ရှင်သန်လာ နိုင်ခဲ့ခြင်းပဲဖြစ် ပါတယ်။ အခုအခါ မှာ ခရစ်ယာန်သာသနာ
တော်ဟာမြန်မာ့ မြေမှာ ပြည်နယ်/ တိုင်းဒေသကြီး
အစုံ ပြန့်နှံ့ ရောက်ရှိ နေပါပြီ။ နိုင်ငံတော်ရဲ့ လက်ရှိ လူဦးရေ ရာခိုင်နှုန်း နဲ့
တွက်ကြည့် ရင်တော့ အရေအတွက် အားဖြင့် ရာခိုင်နှုန်း အချိုးနည်း နေသေးတဲ့ အခြေအနေမှာ
ရှိပေမယ့် တစ်ဦးစီနဲ့ တစ်ဖွဲ့စီ ရဲ့ စုစည်းမှု၊ အရည်အသွေး ထက်မြက်မှုမှာ အားရ စရာဖြစ်နိုင်ပါတယ်။
က။ ခရစ်ယာန်အချင်းချင်းပေါင်းစည်းခြင်းရဲ့အားဖြင့်
ဆရာသခင်ခရစ်တော်ရဲ့
နာမတော် အရိပ်အောက်မှာ ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဖြစ်လာကြပါတယ်။ ကျော်ဖြတ် လာတဲ့သမိုင်းရဲ့
အကွေ့အလှည့်တွေမှ ကျွန်ုပ်တို့ခရစ်ယာန်များတွေဟာ အသင်းတွေ၊ ဂိုဏ်းကွဲတွေ အနေနဲ့ကွဲပြား၊
ခြားနားမှုလေးတွေ ဖြစ်ပေါ် လာခဲ့ကြတယ်။ ဖြစ်ပျက်ခဲ့တဲ့သမိုင်းကို ကျွန်ုပ်တို့စောဒက မတက်ချင်ကြတော့ပါဘူး။
ကမ္ဘာနဲ့ယှဉ်ဖြစ်ခဲ့တဲ့ အရှိန်အဟုန်တွေကို လည်း ကျွန်ုပ်တို့ တားဆီးနိုင်စွမ်းမရှိခဲ့ကြပါဘူး။
မြန်မာ့ရေခံမြေခံအနေအထားနဲ့ပဲ ကျွန်ုပ်တို့ တည်ပြီးပြော ကြမယ်ဆိုရင် ကျွန်ုပ်ခရစ်ယာန်တွေ
အချင်းချင်းပေါင်းစည်းခြင်းစံနမူနာ အားဖြင့် နိုင်ငံတော်သစ် တည် ဆောက်ရေးမှာ အခန်းကဏ္ဍတစ်ခုကနေပါဝင်နိုင်ပါတယ်။
ပါဝင်ဖို့ရန်လည်း ကျွန်ုပ်တို့တတွေ တာဝန်ရှိ နေပါတယ်။ လက်ရှိအခြေအနေမှာ CBCM နဲ့
MCC တို့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပေါင်း စည်းမှု အနေအထားတွေဟာ အားရစရာကောင်းပါတယ်။
အစဉ်အလာမပျက်နှစ်စဉ် ပြုလုပ် ကျင်းပ နိုင်တဲ့ စည်းလုံးညီညွတ်ခြင်း ရက်သတ္တပါတ်၊ ငြိမ်းချမ်ရေးအတွက်
ဆုတောင်းရာရက် သတ္တ ပါတ်နဲ့ အခုလို စုပေါင်း ပြုလုပ်တဲ့ ဆုတောင်းပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ
တွေဟာ မြန်မာ့ ရေခံမြေခံမှာ ခရစ်ယာန်တွေ အချင်းချင်း ပေါင်း စည်း ညီညွှတ်ခြင်းရဲ့ကိုဖော်ပြနေတဲ့
စံနမူနာ တွေပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ တတွေဒါထက်ပိုပြီးတွေ့ဆုံကြရပါမယ်။ စည်းလုံးကြရပါမယ်။
ဂျေရုဇလင်မှာ စုစည်းခဲ့ကြတဲ့ ရှေးဦးခရစ်ယာန်ရဲ့ စည်းလုံးခြင်းကို မြင်တွေ့ သူတွေချီးမွမ်း
အတုယူ ကြသလို မြန်မာ့မြေမှာ မွေးဖွား လာတဲ့ ကျွန်ုပ်တို့ခရစ်ယာန်များတွေရဲ့ စည်းလုံးခြင်းဟာ
စည်းလုံးညီညွတ်သော၊ အေးချမ်း သာယာ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည် ဆောက်ရေး
မှာ တစ်ခန်းတစ်ကဏ္ဍက ပါဝင်ဖော် ဆောင် နေခြင်းဖြစ်ပါလိမ့်မယ်။ ခရစ်ယာန်အချင်းချင်းပိုမိုစည်းလုံးညီညွှတ်ခြင်းဖြစ်ပေါ်လာအောင်
ဖော်ဆောင် နိုင်မယ့် တွေ့ဆုံပွဲတွေ၊ ဆုတောင်းပွဲတွေ၊ အမြင်ခြင်းနှီးနှော ဖလှယ်ပွဲတွေကို
အခုလက်ရှိ အနေ အထားထက် ပိုမို တိုးမြှင့် ဆောင်ရွက် ရန်လို အပ်နေပါတယ်။ တစ်ကမ္ဘာ တစ်ရွာ
ဖြစ်လာနေတဲ့ခေတ် မှာ ကျွန်ုပ်တို့တတွေ တစ်ဦးနဲ့တစ်ဦး ပိုမို နီးစပ်၊ နီးကပ်ဖို့လိုပါပြီ။
တူညီတဲ့ ဘုံ ရပ်တည်ချက်တွေကို ရှာဖွေဖော်ထုတ်ပြီး စုပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ကြမယ်ဆိုရင်
ဒါတွေဟာ လည်းနိုင်ငံ တော်တည်ဆောက်ရေး လို့ခေါ်တဲ (Nation Building) မှာ ကျွန်ုပ်ခရစ်ယာန်တွေဘက်က
ပါဝင် ဆောင်ရွက်မှု (Contribution) ဖြစ်လာ ပါလိမ့်မယ်။
ခ။ မေတ္တာ တရားလုပ်ငန်း တွေအားဖြင့်
ဘုရားကို
ဘယ်သူမှ မတွေ့ဘူးကြပါဘူး။ အသက်ရှင်လျက်နဲ့ ဘယ်သူမှလည်း ဘုရား ကို တွေ့ကြ မှာတော့ မဟုတ်ဘူး။
ဒါပေမယ့် ယုံကြည်သူတွေဟာ ဘုရားရဲ့လက်ယာတွေကို တွေ့မြင် နိုင်ကြပါ တယ်။ ကျွန်ုပ်တို့အချင်းချင်း
တစ်ဦးကိုတစ်ဦး ချစ်ခင်ခြင်းမှာ ဘုရားကို ကျွန်ုပ်တို့ ထိတွေ့ နိုင် တယ်။ ဘာကြောင့်လဲဆိုတော့“
ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” (၁ ယောဟန် ၄/၈)။
၂၀၀၈
ခုနှစ်တုန်းက အင်အားပြင်းထန်တဲ့ဆိုင်ကလုန်းနာဂစ်ဟာ ဧရာဝတီတိုင်း မြို့နယ်တစ်ချို့ကို
တိုက်ခတ်သွားခဲ့တယ်။ လူတွေသိန်းနဲ့ချီသေပြီး သန်းနဲ့ချီ အိုးအိမ်ပျက်စီး ဆုံးရှုံး မှုတွေဖြစ်ခဲ့
ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ခရစ်ယာန်အသင်းတော် တွေက
ဦးစီးပြီး ပါဝင်ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေလည်း အများကြီးပါပဲ။ အခြားဘာသာရေးအသင်း
အဖွဲ့ တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလည်း လုပ်ဆောင်နိုင်တဲ့ ကဏ္ဍအသီးသီးကနေ ပါဝင်ကြ
တယ်။ အဲဒီအချိန်မှာ ထူးခြားစွာ တွေ့မြင်ရတဲ့ အရာတစ်ခုက ဒုကရောက်နေသူကို ကူညီကယ် ဆယ်ရေး
မှာလူမျိုး၊ ဘာသာခွဲခြားမှု မရှိတော့ပဲ အားလုံးဟာ အတူတူသော အကူအညီလို အပ်နေ သူတွေဖြစ်တယ်။
ဆိုတဲ့ အမြင်တစ်ခုကိုရရှိသွားခဲ့ကြတယ်။ လူမျိုး၊ ဘာသာကိုကျော် လွန်ပြီး မေတ္တာ တရား
ဆိုတာကို ကူညီကယ်ဆယ်ရေးလုပ်ငန်းအား ဖြင့်ဖော်ပြနိုင်ခဲ့ကြပါတယ်။
မေတ္တာ၊
ကရုဏာလုပ်ငန်းမှာ ထင်ရှားခဲ့တဲ့ မာသာရ်ထရေဇားကို တစ်နေ့တော့ သတင်း ထောက် တွေကလူမျိုးဘာသာမခွဲခြား
ပဲ အခုလို ကရုဏာလုပ်ငန်း ကိုလုပ်ဆောင်တဲ့အခါမှာ လူမမာ တွေကို ခရစ်တော် အကြောင်းနဲ့ပါတ်သက်ပြီး
ဘယ်လို သက်သေခံသလဲလို့မေးတဲ့ အခါ မာသာရ်ထရေဇား က လူမမာတွေကို ခရစ်ယာန်ဘာသာ ထဲဝင်ဖို့
မတိုက်တွန်းပါဘူး။ ဒါပေမယ့် တစ်ခါတော့ သေခါနီး လူမမာတစ်ဦးကိုမေး မေးဖူးပါတယ်။ ခရစ်တော်အကြောင်းကို
မသိချင်ဘူးလားလို့ မေးတဲ့ အခါ သူက မာသာရ်ပြောတဲ့ ခရစ်တော်ဆိုတာ မာသာရ်နဲ့တူလို့လား
လို့သူက ပြန်မေးတယ်။ အဲဒီ အခါမှာ ကျွန်မကသူကို ပြောတယ်။ ခရစ်တော်ဟာ ကျွန်မနဲ့ တူသလားဆိုတာ
ထက် ကျွန်မက သူနဲ့တူ အောင်ကြိုးစားရတဲ့သူပါ။ လို့ပြန်ဖြေခဲ့တယ်။ ဘုရားကို ကျွန်ုပ်
တို့တတွေ့ မတွေ့နိုင်ပါဘူး။ ဒါပေ မယ့် ဘုရား
ရဲ့ မေတ္တာ၊ ကရုဏာ ကို နီးစပ်တဲ့လူတွေဆီကတဆင့် ထိတွေ့ သိမြင်နိုင်ပါတယ်။ ဒီတော့ နိုင်ငံတော်တည်ဆောက်ရေးမှာ
ကျွန်ုပ်တို့ခရစ်ယာန်တွေဟာဘုရားရဲ့ ချစ်ခြင်းမေတ္တာ ဖော်ပြ သက် သေခံတဲ့ သူတွေ အဖြစ်
ပါဝင် ကြရမှာဖြစ်ပါတယ်။
ဂ။ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းသာယာခြင်း
ကိုဖော်ဆောင်ခြင်းအားဖြင့်
ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ပါတ်သက်ပြီး
ရှင်ပေါလူး က ရောမားမြို့သူမြို့သားများကို ရေးတဲ့ စာစောင် မှာ အဓိပါယ်ဖွင့် ဆိုထား
တာက ” ဘုရားသခင်၏နိုင်ငံတော်သည် တရားမျှတခြင်း၊ ငြိမ်းချမ်းသာ ယာ ခြင်းနှင့် ၀ိညာဉ်တော်မှာ
ဝမ်းမြောက်ရွှင်လန်းခြင်းဖြစ်သည်” ( ရောမား ၁၇/ ၁၄) လို့ဆိုထားပါတယ်။ မြန်မာ့မြေမှာ
နိုင်ငံတော်တည်ဆောက်ခြင်း ဆိုတာ ဘာသာတရားများရဲ့အထိမ်းအကွပ် ၊ ဆုံးမသွန် သင်မှုမှာ တရားမျှတသော၊
ငြိမ်းချမ်းသာယာသော လူအဖွဲ့အစည်းကို တည်ဆောက်ခြင်း ပဲဖြစ် ပါ တယ်။ လူတိုင်း ခရစ်ယာန်ဘာသာဝင်
ဖြစ်လာရမယ် ဆိုတာတော့ ဘာသာအစွဲ တယူသန်လွန်းရာ ကျတတ်ပါတယ်။ ဒါပေမယ့်လူတိုင်း သမာတရားမှာ
ရပ်တည်ရေး၊ တရားမျှတမှုကို လိုလားရေး၊ ငြိမ်းချမ်းသာယာမှုကို မြတ်နိုးရေးဆိုတဲ့ ဧ၀ံဂေလိ
သတင်းကောင်း နဲ့တန်ဖိုး ကိုလူတိုင်း ကျင့်သုံး နိုင်အောင်တော့ ကျွန်ုပ်တို့လုပ်ဆောင်
ကောင်းပါတယ်။ ကျွန်ုပ်တို့ခရစ်ယာန်တွေမှာ ရှိတဲ့ ဒီ ကောင်းမြတ် ခြင်းတွေ ကို လူတိုင်းလက်ဝယ်ရောက်ရှိ
ကျင့်သုံးကြမယ်ဆိုရင် အတိုင်းအတာ တစ်ခု အထိ နိုင်ငံတော်ကို တည်ဆောက်ရာရောက်ပါလိမ့်မယ်။
နိုင်ငံတော်ဟာ အလိုအလျှောက် မိုးပေါ်က ကျလာ မှာတော့မဟုတ်ဘူး။ ကျွန်ုပ်တို့မြေကြီးသားတွေ
အားလုံးက နိုင်ငံတော်သည် ကောင်းကင် မှာ တည်သလို မြေကြီးပေါ် ရောက်စေဖို့ ကြိုးစားအားထုတ်ကြရမှာ
ပဲဖြစ်ပါတယ်။
မင်္ဂလာတရားတော်(၈)
ပါးမှာ တွေ့ရတာက ” ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းသောသူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား
သူတို့သည် ဘုရားသခင်၏သားသမီးများ ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်” လို့ဆိုထားပါတယ်။ ကျွန်ုပ်ခရစ်ယာန်များတွေဟာ
ခရစ်တော် နောက်လိုက်တွေသာမက၊ ခရစ် တော် နဲ့အတူ တစ်ဆူတည်းသော ဘုရားရဲ့ သားသမီးများတွေ
ပါပဲ။ ပီပြင်တဲ့ ဘုရားသခင်ရဲ့ သား ကောင်း သမီးကောင်းဘ၀ကို ဖော်ပြရာ မှာ ငြိမ်းချမ်းသာယာသော
လူ့ဘောင်လူ့အဖွဲ့အစည်း တည် ဆောက်ခြင်းဟာ အရေးပါလှပါတယ်။ စစ်မဖြစ်ရုံနဲ့ ငြိမ်းချမ်းပြီလို့
မဆိုလိုနိုင်ပါဘူး။ Peace is more than absence of war! လို့ ဒုတိယ ဗာတီကန် ကဆိုထားပါတယ်။
စစ်မှန်၊ ခိုင်မြဲတဲ့ ငြိမ်းချမ်း သာ ယာရေး ဟာတရားမျှတမှုအပေါ်တည်ပါတယ်။ ဒါကြောင့် ”
တရားမျှတခြင်း၊ နဲ့ ငြိမ်းချမ်း သာ ယာခြင်း” ဟာ ဟန်ချက်ညီညီ အတူယှဉ်တွဲ သွားရမယ့် အရာတွေဖြစ်တယ်”
ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်က ဆိုခဲ့ဘူးပါတယ်။ ကျွန်ုပ်တို့ မြန်မာ့
မြေမှာ ထိုက်သင့်တဲ့ ငြိမ်းချမ်းမှု မရှိ သေးပါဘူး။ မလိုလားအပ်တဲ့ ပဋိပက တွေကလည်း ကြိုကြားကြိုကြား
ဖြစ်ပေါ်လာ တတ်သေးတယ်။ ”ကျွန်ုပ်ကြောင့်လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းမဖြစ်စေရ” ဆိုတာတွေလည်း
ဆော်သြလာကြ တယ်။ ဒီလို တရားမျှ တရေး၊ ငြိမ်းချမ်းသာယာမှုဖော် ဆောင်ရေး လှိုင်းလုံးတွေ
မှာ ကျွန်ုပ်တို့ ခရစ် ယာန်တွေ လည်း စီးနှင်း လိုက်ပါပြီး အားသစ်လောင်းကြရပါလိမ့်မယ်။ လူနည်းစု ဖြစ်လို့ ခံစစ် အားပြု နဲ့ ကစားလာ ကြတာ
လည်း နှစ်ကာလတွေကြာခဲ့ပါပြီ။ ပြောင်းလဲလာတဲ့ ကမ္ဘာ့ လေစီး ကြောင်းအသစ် မှာ ကျွန်ုပ်တို့
ခရစ် ယာန်များတွေဟာလည်း အစပြုလုပ်ဆောင်ခြင်း (Initiative)တို့၊ တီ ထွင်ကြံဆဖော်ဆောင်
ခြင်း ( Creative) တို့ တွေနဲ့လှုပ်ရှား ကစားသင့်နေပါပြီ။
ဃ။ သဘာဝ ၀န်းကျင်ကို ထိမ်းသိမ်း
ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်
နှစ်ကာလသက်တမ်းတွေရင့်ရော်
လာတာနဲ့အမျှ ကျွန်ုပ်တို့နေထိုင်တဲ့ အမိကမ္ဘာမြေဟာ ပူလောင်မှု ဒါဏ်တွေပိုပြီး တိုးလို့ခံထမ်းနေရပါတယ်။
ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်ဖန်ဆင်းတော်မူသော အရာ တွေဟာကောင်းမြတ်တော်မူတယ်လို့ဆိုထားပါတယ်။
ဒီကောင်းမြတ်ခြင်းတွေကို ဆက်လက် ထိမ်း သိမ်း ကာကွယ် စောင့်ရှောက်ဖို့ အသိဥာဏ်ပညာနဲ့
ပြည့်စုံတဲ့ လူသားတွေရဲ့ လက်ထဲကို ဘုရား သခင်ဟာ မိမိ ဖန်ဆင်းထားတဲ့ ကမ္ဘာကြီးကို ပေးအပ်ခဲ့ပါတယ်။
ခုထိပဲ လူသားတွေ အားဖြင့် ဘုရား သခင်ဟာ မိမိ လက်ယာတော်ကို ဆက်လက် ဖော်ပြနေဆဲပါပဲ။ လူထုဆက်သွယ်မှု၊
သွားရေး လာရေး၊ ဆက်သွယ်ရေးကောင်းမွန်မြန်ဆန် မှုတွေလို ကောင်းကျိုးတွေ ရှိသလို၊ ဆိုးကျိုး
တွေလည်း ရှိ နေပါတယ်။ ကျွန်ုပ်လူသားတွေရဲ့ မလိမ်မာမှု တွေကြောင့် ဒီဆိုးကျိုး ရဲ့ ဒါဏ်ကို
ကျွန်ုပ်တို့တတွေ စု ပြီးခံနေကြရတယ်။ ကမ္ဘာ ကြီး ပိုပြီးပူနွေးလာတယ်။ ရာသီဥတု တွေဖေါက်ပြန်လာတယ်။ ကျွနု့်ပ်တို့ နေထိုင်တဲ့
ကမ္ဘာ ကြီး ကျန်းကျန်းမာမာနဲ့ရှိနေအောင် ကျွန်ုပ်တို့ထိုက်သင့်တဲ့
ဂရုစိုက်မှုတွေ မပြု ခဲ့ကြပါဘူး။
ကျွန်ုပ်တို့ခရစ်ယာန်များ(တချို့)တွေဟာ
အလယ်ရာစု နှောင်းပိုင်းလောက်ကစပြီး ဖန်းဆင်းခြင်း (Creation) ထက်၊ (Salvation) ဘက်ကို
ဇောင်းပေးပြီး ရှာဖွေတွေ့ရှိလာတဲ့ ကမ္ဘာသစ်နဲ့ အတူ အရပ် လေးမျက်နှာ ကို ကယ်တင်ခြင်း
အတွက် ခြေဆန့် ကြတော့တယ်။ ကယ် တင်ခြင်း မှာ မှ ၀ိညာဉ် ကယ်တင်ခြင်း ဟာ ပထမဦးစားပေး၊
ကာယ အတွက်ကတော့ ဒုတိယ ပေါ့။ လောကရဲ့ ပြည့်ဝ တဲ့ အသက်တာ ( Abundant Life) ထက်၊ ထာဝရအသက် (Eternal Life) ကို ပိုဇောင်းပေး ခဲ့ကြ
တယ်။ လောကဧည့်သည်၊ ခဏလေးပဲ။ လူစဉ်မမှီ ဆင်းရဲ မွဲတေလည်း ခဏလေးပဲ။ ထာဝရ အသက် ကတော့ထာဝရ
အစဉ်အမြဲပဲ။ ဒီလိုချိန် ခွင်ရှာ မညီမျှမှုနဲ့ ခရီးနှင် လာခဲ့တာရာစု အလီလီ ကျော်လာ ခဲ့တယ်။
ကက်သလစ်အသင်းတော် အတွက်ကတော့ ၁၉၆၂ - ၁၉၆၅ ခုနှစ် မှာ ကျင်းပ ခဲ့တဲ့ ဒုတိယ ဗာတီကန် အစည်း
အဝေးကြီး က တော့သမိုင်းရဲ့ အလှည့်အပြောင်းပဲ။ ပြောင်းလဲ နေတဲ့ ခေတ် ကာလရဲ့ လကဏာ (
Sign of Time) ဖတ်တတ်ပြီး လေ၀င်လေထွက်၊ လေကောင်း၊ လေ သန့်ရ အောင် အသင်းတော်ကို တံခါး
ဖွင့်လိုက် တော့တယ်။ ကယ်တင်ခြင်းဆိုတာ လူပုဂ္ဂိုလ်
တစ်ခု လုံး ( Whole Person) လို့ပြောလာတယ်။ ခရစ် တော်က အသက် တာကို ပေးတယ်။ ပြည်ဝ သော
အသက်တာ ( Fullness of Life) ဖြစ်ဖို့အတွက် ဖြစ်တယ်။ ဆိုတာတွေ ဘက်ကို ဇောင်း ပေး လာခဲ့
တယ်။ ဥသုံဖွံ့ဖြိုးတိုးတက်ရေး ( Wholistic Development) ဆိုတာ တွေဖြစ် လာ တယ်။ ကယ်တင်ခြင်းတင် မကဘူး ဖန်ဆင်းခြင်း ဘက်ကို အာရုံ ပြုလာကြတယ်။ စစ်မှန်တဲ့
ခရစ်ယာန် အသက်တာကိုဖော်ဆောင်ဖို့ ဟောပြောသွန်သင်ခြင်း (Proclamation)၊ ၀တ်ပြု ဆုတောင်းခြင်း
( Celebration)၊ မှာတင် မရပဲ နဲ့ သက်သေခံခြင်း၊ အစေခံခြင်း၊ လက်တွေ့ အကောင်အထည်ဖော်ခြင်း
အနက်အဓိပါယ် ရှိတဲ့ (Diaconia) ကို လုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါပြီ။ ကျွန်ုပ်တို့
ဘာ လုပ်ကြ မလဲ။ ကျွန်ုပ်တို့တတွေ ဘုရားကျောင်းထဲ မှာ အာလေလုယာ ဆိုယုံ နဲ့ မတင်းတိမ်ကြပဲ ဘုရား ကျောင်း အပြင်ဘက်မှာ အာမင် ကို အားရပါးရ ဆိုနိုင်ဖို့ ကြိုးစားကြရပါမယ်။
Salvation သာမက ဘုရားသခင်ရဲ့ Creation ကို လည်းကျွန်ုပ်တို့ အာရုံပြု ထိမ်းသိမ်းစောင့်ရှောက်
ကြရပါမယ်။
နိဂုံး
အခု
ဖော်ပြခဲ့တဲ့ အချက်အလက်လေးတွေဟာ မြန်မာ့မြေပေါ်မှာ၊ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ကျွန်ုပ်တို့
ခရစ်ယာန်များအနေနဲ့ ဘယ်အခန်းကဏ္ဍကနေပါဝင် နိုင်သလဲ၊ ရမလဲ ဆိုတဲ့ သုံးသပ်ချက် တွေကို စုစည်းတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
ယေဘုယျအားဖြင့်တင်ပြခြင်းသာဖြစ်တဲ့အတွက် အ သေးစိပ်အချက်အလက်တွေနဲ့ လက်တွေ့အကောင်အထည်
ဖော်ဆောင်နိုင်မှုတွေကို တော့ ကျွန်ုပ် ရှိရာ အခြေအနေနဲ့ ကျရာ ကဏ္ဍအသီးသီးကနေပဲ ဖော်ဆောင်ကြရမှာပဲ
ဖြစ်ပါတယ်။ ဒါပေမယ့် အ ရေးကြီးတယ်လို့ထင်မြင်ပြီး တင်ပြခဲ့တဲ့ ခရစ်ယာန်အချင်းချင်းပေါင်းစည်းခြင်းရဲ့အားဖြင့်။ မေတ္တာ တ ရားလုပ်ငန်း
တွေအားဖြင့်။ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းသာယာခြင်း
ကိုဖော်ဆောင်ခြင်းအားဖြင့်။ သ ဘာဝ ၀န်းကျင်ကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်။
ဆိုတဲ့ လမ်းကြောင်း တွေကို အား ပြုရင်း ပြည်မြန်မာရဲ့ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ
ကျွန်ုပ်တို့ ခရစ်ယာန်များတွေ စုပေါင်း ပါ ၀င်ကြပါစို့လား။
Fr.
Henry Eikhlein
Diocese
of Pathein ( April 24, 2013)
နယ်လဆင်မန်ဒဲလား ရဲ့ခေါင်းေ ဆာင်မှုဆိုင်ရာအဆိုအမိန့် (Eight Lessons of Leadership of Nelson Mandela)
နယ်လဆင်မန်ဒဲလား ရဲ့ခေါင်းေ ဆာင်မှုဆိုင်ရာအဆိုအမိန့်
(Eight Lessons of Leadership of Nelson Mandela)
ဘဝတွင် အခက်အခဲပေါင်းများစွာကိုဖြတ်သန်းရင်း၂ဝဝ၈
ခုနှစ်၊ ဇူလိုင် ၁၈ နေ့တွင် နယ်လဆင်မန်ဒဲလား သည် အ သက် (၉ဝ) ပြည့် မွေ့နေ့ကိုကျင်းပခဲ့သည်။
သူသည်ကမ္ဘာသိခေါင်းဆောင်တစ်ဦး၊ ကမ္ဘာကျော်ခေါင်း ဆောင်တစ်ဦး ပင်။ သူသည်တောင်အာဖရိကနိုင်ငံကို
လူတန်းစား၊ အသာအ ရောင်ခွဲခြား ဆက်ဆံမှုစ နစ်ကိုအောင်မြင်စွာ တွန်း လှန်နိုင်ခဲ့သူဖြစ်သည်။
ယခင်ကမည်သူမျှမလုပ်ဆောင်နိုင်ခဲ့သောအလုပ်ကို သူသည်ထက်မြက်သော ခေါင်းဆောင်မှုဖြင့် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။
ခေါင်းဆောင်မှုနှင့်ပတ်သက်၍ သူအလေးအနက်ခံယူထား သောအချက် (၈) ချက်ကိုလေ့လာကြစို့။
၁။ သတ္တိရှိခြင်းဆိုသည်မှာ ကြောက်ရွံ့ခြင်းကင်း၍မဟုတ်။
( Courage is not absence of
fear, it is inspiring others to move beyond it)
မိမိနောက်လိုက်တို့အားကြောက်ရွံ့ခြင်းကိုကျော်လွန်
အောင်ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ မြေအောက်လုပ်ငန်းနှင့် လှုပ်ရှားဆောင်ရွက်ချိန်တွင်လည်းကောင်း၊
သူ့ကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီး ထောင်ချ ချိန်များတွင်လည်းကောင်း၊ သူအမှန်တကယ်ကြောက်ရွံ့ခဲ့ကြောင်းသူဝန်ခံသည်။
မကြောက်တတ်ဘူးဆိုရင် လူမဆန် တာပဲဖြစ်ရမယ်၊ မကြောက်ပဲ၊ သတ္တိရှိတယ်လို့တော့မဟန်ဆောင်ချင်ပါဘူး၊
ဒါပေမယ့်ခေါင်းဆောင်တစ် ယောက် အနေနဲ့တော့ ကိုယ်ကြောက်တာကိုတော့ကိုယ့်လူတွေမသိစေရဘူး။
ရှေ့ဆက်ဘို့ပဲလိုပါတယ်။ကြောက်နေ သော်လည်း မကြောက်သောအသွင်က တစ်ပါးသူကိုလွှမ်းမိုးနိုင်ရပါမည်။
ထိုသို့ဖြင့်တစ်ပါးသူအား မော်ဒယ်ဖြစ်ရမည်။ သူတို့၏ ကြောက်ရွံ့မှုကိုကျော်လွန်ကာ အောင်စိတ်ကိုမွေးနိုင်သည်အထိတွန်းပို့ရမည်။
၂။ ရှေ့မှဦးဆောင်ပါ။ သို့သော် မိမိ၏အခြေခံကိုနောက်မချန်နှင့်။ ( Lead
from the front, but do not leave your base behind )
ဖိနှိပ်သူအာဏာပိုင်တို့နှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးအဖြေရှာရန်အချိန်ရင့်မှည့်လာသည်။ အများပိုင်းကသူအ ရေးနှိမ့်ရုံသာ ရှိသည်ဟု ထင်ကြသည်။
တစ်ချို့ကလည်းသူသစ္စာဖောက်သွားဖြစ်ဟု ထင်ကြသည်။ တစ်ချို့ကလည်း သူ့ကိုအမျိုးမျိုး တားမြစ်ကြသည်။
မင်ဒဲလားအဖို့ တွေ့ဆုံဆွေးနွေးခြင်းသည် နည်းဗျူဟာ သာဖြစ်ပြီး သူ့အတွက်မဟာဗျူဟာမဟုတ်။
သူ့ဘဝတစ်လျှောက်လုံး ထိုကွာခြားချက်နှစ်ရပ်ကိုအမြဲသတိမူသည်။
သူ၏ခိုင်မြဲသောမဟာဗျူဟာမှာ အသားအ ရောင်ခွဲခြင်း ခြင်းကိုအမြစ်ပြတ်ချေမှုန်းခြင်းဖြစ်သည်။
ထိုပန်းတိုင်သို့ရောက်ရန် ပံ့ပိုး အသုံးပြုသော နည်းစဉ်များ မှာသူ့အတွက်နည်းဗျူဟာများဖြစ်သည်။
သူသည်လက်တွေ့လုပ်ဆောင်တတ်သောအတွေးအမြင်သမား တစ်ယောက်ဖြစ် သည်။
၃။ နောက်တန်းမှဦးဆောင်ပါ။ သူတစ်ပါးအားမိမိတို့ကရှေ့ဦး ဆောင်သည်ဟု ယုံကြည်စေပါ။
( Lead from the back and let others believe they are front)
မင်ဒဲလားသည်ငယ်စဉ်ဘဝက မျိုးနွယ်စုတစ်စု၏ခေါင်းဆောင်ဖြစ်သော
ဂျိုဂင်တာဘာဆိုသူကို သဘောကျခဲ့သည်။ ထိုသူ၏ လက်အောက်၌ကြီးပြင်းလာခဲ့ရသည်။ ဂျိုဂင်တာဘာသည်
အစည်းအဝေးပြုလုပ်တိုင်း လူများကို စက်ဝိုင်း သဏ္ဍာန်ဝိုင်း ထိုင်ခိုင်းသည်။ ပါဝင်သူအားလုံးတစ်ယောက်မကျန်စကားပြောခိုင်းသည်။
နောက်ဆုံးတွင် ခေါင်း ဆောင်ကြီးက စတင်စကားပြောသည်။ မင်ဒဲလားအဆိုအရ၊ ခေါင်းဆောင်ရဲအဓီကအလုပ်က
လူတွေကဘာလုပ်ပါလို့ ပြောဖို့မဟုတ်၊ လုပ်ချင်တဲ့အလုပ်ကိုသူတို့လုပ်ရ မည့်အ လုပ်ဟူ၍မြင်လာ၊
အများလက်ခံလာအောင်လုပ်ခြင်းဖြစ်သည်၊ ဟုသဘောပေါက်သည်။ သူ့လုပ်ဖော်ကိုင်ဖက်များက လုပ်ငန်းကိုအမြန်အကောင်အထည်ဖော်ရန်၊
ပို၍လက်တွေ့ကျ သောအလုပ်များကိုလုပ်ဆောင်ရန်အားမလိုအားမရပြောလာသောအခါ မင်ဒဲလား ကသူတို့ပြောသမျှကိုရိုးရိုး
လေးသာနားထောင်သည်။ နောက်ဆုံးသူစကားပြောရပြီဆိုလျှင်အစည်းအဝေးတွင်ပါဝင်သူတစ်ဦးစီ ၏တင်ပြဆွေးနွေးချက်တို့ကိုစ
နစ်တကျပြန်လည်သုံးသပ်တတ်သည်။ ၄င်းနောက်သူ့အမြင်ကိုတင်ပြသည်။ သူအတည်ပြုဆုံးဖြတ်မည့်အ
ချက်သို့လမ်း ကြောင်းပေးသည်။ သို့သော် မည်သည့်အခါမျှ အတင်းအကြပ်မပြု။ ခေါင်းဆောင်မှုရဲ့နည်းပရိယယ်မှာ
မိမိကိုယ်ကို နောက်လိုက်များအားဦးဆောင်ခွင့်ပေးခြင်းလည်းပါဝင်သည် ဟုသူဆိုသည်။ လူတွေကို
အလုပ်လုပ်လာ အောင်ဆွဲ ဆောင်ခြင်း၊ လုပ်တဲ့အခါမှာလည်းသူတို့ရဲ့အလုပ်၊ သူတို့ရဲ့အကြံအစည်ကလာတဲ့အလုပ်လို့မြင်လာအောင်လုပ်ရ
တဲ့အ လုပ်ကသိပ်ပညာပါပါတယ်။ ဟုသူဆိုသည်။
၎။ သင့်ဆန်ကျင်ဘက်ကိုသိပါ။ သူအမြတ်တနိုးထားတတ်သောအရာကိုသင်ယူပါ။ ( Know
your enemy and learn about his favorite sport)
၁၉၆ဝ ခုနှစ်ကတည်းကပင်၊ မင်ဒဲလားသည် အာဖရီကန်ဘာသာစကားကိုစတင်လေ့လာခဲ့သည်။
ထိုစကားသည် လူဖြူလူ မည်းအသားအရောင်ခွဲခြားသူများတီထွင်သော တောင်အာဖရိကလူဖြူ စကားဖြစ်သည်။
ထိုစကားကိုလေ့လာခြင်းတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။ သူတို့စကားကိုတတ်မြောက်ခြင်းဖြင့်
သူတို့၏အားသာချက်၊ အားနည်းချက်များကိုနား လည်လာမည်။ နားလည်လာသည်နှင့်အမျှ မည်ကဲ့သို့
အချက်ကျကျ တုန့်ပြန်ဆောင်ရမည်ကိုသိလာမည်။ တစ်ချိန် တည်းမှာပင် မိမိဆန့်ကျင် ဘက်တို့နှင့်အ
ရော တဝင်ပြုလုပ်နိုင်မည်။ အာဖရိကန်လူဖြူ တို့၏ဘာသာ စကားကိုလည်းသူပြောနိုင်၊သူတို့၏သမိုင်းကိုလည်းသူနားလည်သည်ကိုတွေ့မြင်သူုတိုင်းကအံ့သြကြရသည်။
လူမည်းများနှင့်အာဖရိကန်လူဖြူများမှာ အခြေခံကျသောဘုံတူညီချက်များရှိသည်ကိုတွေ့မြင်လာသည်။
အာဖရိကန် လူဖြူ များသည် လူမည်းများကဲ့သို့
မိမိတို့သည်အာဖရိကတိုက်နွယ်ဖွားများဖြစ်သည်ဟုနက်နက်ရှိုင်းရှိုင်းယုံကြည်ထားကြသည်။အာဖရိကန်လူဖြူများကြားတွင်လည်းခွဲခြားဆက်ဆံခံရမှုများရှိသည်ကိုသိလာသည်။
ဗြိတိသျှအစိုးရနှင့် ရောက်ရှိအ ခြေချလာကြသောအင်္ဂလိပ်လူမျိုးများကသူတို့ကို အထင်သေးခဲ့ကြသည်။
အာဖရိကန်လူဖြူများသည် လူမည်းများနည်းတူ ယဉ်ကျေးမှုအရ သိပ်ငယ်စိတ်များခံစားနေကြသည်ကို
မင်ဒဲလားလေ့လာနိုင်ခဲ့သည်။
၅။ သင့်မိတ်ဆွေကိုအနီးခေါ်ထားပါ။ သင့်ဆန်ကျင်ဘက်ကိုပို၍နီးကပ်အောင်ခေါ်ထားပါ။
( Keep your friends close and your rivals even closer)
ဆန့်ကျင်ဘက်ကိုပွေ့ဖက်နှုတ်ဆက်ခြင်းသည် ဆန့်ကျင်ဘက်အားထိန်းချုပ်ခြင်းတစ်မျိုးဟုမင်ဒဲလားယူဆသည်။
ဆန့် ကျင်ဘက်ကိုမိမိထိန်းချုပ်ထဲသွင်းထားဖြင့် သူတို့၏အန္တရာယ်ကိုအနီးကပ်လေ့လာနိုင်သည်။
အာဏာပိုင်တို့ကို သူလေး
စားခြင်းပြသည်။သို့သော်ပူပင်ကြောင့်ကြပ်မှုတော့မဖြစ်ဟုသူဆိုသည်။လူတွေဟာမိမိကိုယ်ကျိုးအတွက်လုပ်ကြတဲ့သူတွေပါပဲ။
ဒါဟာလူ့သဘာဝပဲလေ။ ချို့တဲ့အားနည်း ချက်ရယ် ကြောင့်တော့ မဟုတ်ပါဘူး၊ ဟုမင်ဒဲလားဆိုသည်။
အကောင်း မြင်တတ်သူရဲ့အားနည်းချက်မှာ လူများကိုအလွန် အကျွံယုံ စားခြင်းဖြစ်သည်။ ထိုသူများ
အထဲ တွင်မင်ဒဲ လား လည်း တစ်ယောက်အပါအဝင်။ မိမိမနှစ်သက်သောသူတို့နှင့်ဆက်ဆံပေါင်းသင်းရာတွင်
မင်ဒဲလားအဆိုအရ သူတို့ အား စိတ်သက်သာရာရ အောင်ထားပြီးကြားနေပေးခြင်းဖြစ်သည်။
၆။ အသွင်အပြင်အရေးကြီးသည်။ ပြုံးရွှင်ခြင်းပြရန်မမေ့နှင့်။ ( Appearances
matter and remember to smile )
ခေါင်းဆောင်မှုနှင့် ခန္ဓာအသွင်အပြင်အပြန်အလှန်ဆက်စပ်မှုကို
ကြိမ်ဖန်များစွာကျွန်ုပ်တို့မေ့လျော့တတ်ကြသည်။ ခန္ဓာ အသွင်အပြင်၏အရေး ပါမှုကိုမင်ဒဲလားကောင်း
ကောင်း နားလည်သည်။ သူဘဝတစ်လျှောက်လုံးတွင် သေသပ်စွာ ဝတ် ဆင်သွားလာမှုကို အမြဲတန်ဖိုးထားကျင့်ဆောင်သည်။
အထူးသဖြင့်ပြုံးရွှင် သောမျက်နှာဖြင့်အမြဲနေ ထိုင်ရန်ကြိုးစား ခဲ့ သည်။ တောင်အာဖရိကန်များအတွက်
ပြုံရွှင်ခြင်းဆိုသည်မှာ မင်ဒဲလားသည်သူတို့အပေါ်ခါးသီးသူမဟုတ်။ စာနာ ထောက်ထား တတ်သူဟူမြင်လာကြသည်။
မင်ဒဲလားသည်သူ၏အပြုံးဖြင့်အောင်မြင်မှုပန်းတိုင်ကိုချီတက်နိုင်ခဲ့သည်။
၇။ မည်သည့်အရာမျှ အဖြူ၊ အမဲ၊ ယတိပြတ်မရှိပါ။ (Nothing is black or white)
ဘဝဟူသည်ဤအရာမဟုတ်လျှင်ဟိုအရာဖြစ်မည်ဟူသည့်သဘောမရှိပါ။
ဆုံးဖြတ်ချက်များတို့သည် အမြဲရောထွေးနေ သည့်သဘောရှိသည်။ ဆန်ကျင်ဘက်သဘော လည်း ရှိသည်။
လွယ်ကူရှင်းလင်းသောအဖြေဆိုသည်မှာ လူ့ဦးနှောက် ကိုလှည့်စားသောအရာသာဖြစ်သည်။ အဖြစ်မှန်နှင့်ကိုက်ညီမှုတော့မရှိနိုင်ပေ။
မည်သည့်အရာမျှ ထင်သ လောက်ဖြောင့် ဖြောင့်တန်းတန်းမရှိပါ။ မင်ဒဲလားသည် ဆန့်ကျင်ဘက်များနှင့်သက်တောင့်သက်သာ
နေထိုင် တတ်သူဖြစ်သည်။ ပြဿနာ တိုင်းတွင် အကြောင်းတရားများစွာရှိနိုင်သည်။ သူသည် လူဖြူလူမည်းအသား
အရောင်ခွဲခြား မှုကို ပြတ်ပြတ် သားသားဆန့်ကျင် သူဖြစ်သည်။ သို့သော် လူဖြူလူမည်းအသားအရောင်ခွဲခြားမှု၏
အကြောင်းရင်းမှာ များပြား ကြောင်းသူသိသည်။ သမိုင်း နောက်ခံ၊ လူမှုရေးနောက်ခံ၊ စိတ်ပိုင်းဆိုင်ရာနောက်ခံအများအပြားရှိနိုင်သည်။
ရောက် လိုသည့်ပန်းတိုင်ကားမည်သည့်အရာနည်း၊ထိုပန်းတိုင်သို့ရောက်ရန်လက်တွေ့ကျသောနည်းလမ်းများကားအဘယ်အရာများနည်းဆိုသည်ကိုမင်ဒဲလားအစဉ်သတိပြုသည်။
၈။ စွန့်လွှတ်ခြင်းသည် ခေါင်းဆောင်မှုတစ်မျိုး။ (Quitting is leading too)
မပေါက်ရောက်သည့်အတွေးအခေါ်၊ အလုပ်၊ ဆက်ဆံရေးတို့ကိုစွန့်လွှတ်ရခြင်းဆိုသည်မှာ
ခေါင်းဆောင်တစ် ယောက် အနေဖြင့် အလွန်ခက်ခဲစွာ ဆုံးဖြတ်ရမည့်အရာဖြစ်သည်။မင်ဒဲလားသမ္မတတစ်ယောက်အ
နေဖြင့်တောင်အာ ဖရိက အတွက် ထားရစ်ခဲ့သော ကြီးမားသောအမွေအနှစ်ထဲတွင် သူမည်သို့ရွေးချယ်ချန်ထားခဲ့မှုသည်
အဓိကကျ သည်။၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကသမ္မတအဖြစ်သူ့ကိုရွေးချယ်ခဲ့သည်။ သူ့ပေးဆပ်ခဲ့ရသောနှစ်များ၊
အနှစ်နာခံမှုများကို တောင်အာဖရိက ကပေးဆပ်သောအနေနှင့် မင်ဒဲလားမှာ ထာဝရသမ္မတရာထူးရယူထားသင့်ပါသည်။
သို့သော်မင်ဒဲ လား သည်ထိုစ နစ်ကိုမချမှတ်ခဲ့ပါ။ သူ့အလုပ်မှာ ပြေးလမ်းပေါ်တင်ပေးသူဖြစ်ပြီး
သင်္ဘောကိုမောင်း နှင်ချုပ် ကိုင်သူ မဟုတ်ပါ။ ခေါင်းဆောင်ဆိုသည်မှာ သူလုပ်ဆောင်သောအရာဖြင့်ဦးဆောင်သ
ကဲ့သို့ သူမလုပ်ဆောင် ရန်ရွေး ချယ်သောအရာများဖြင့်လည်းဦးဆောင်သည်ဆိုသည့်အချက်ကိုမင်ဒဲလားသက်သေပြခဲ့သည်။
မင်ဒဲလားကိုနားလည်ရန်လေ့လာလိုလျှင်သူကျော်ဖြတ်ခဲ့သော
ထောင်သက်တမ်း (၂၇) နှစ်ကိုကြည့်ရမည်ဖြစ်သည်။ လူငယ်ပီပီစိတ်ဆတ်၊ စိတ်မြန်၊ ခေါင်းမာ
ခဲ့သောမင်ဒဲလား သည် ထောင်သက် (၂၇) နှစ်ကျော်ဖြတ်ပြီးသော အခါရင့် ကျက်သော၊ စိတ်ဓါတ်ခိုင်မာသော
လူကြီးလူကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ ''ထောင်ထဲမှ ရင့်ကျက်သူ တစ်ဦး အဖြစ်ကျွန်ုပ်ထွက်လာခဲ့တယ်''
ဟုသူဆိုခဲ့သည်။ လူတို့လုပ်ဆောင်သောလုပ်ငန်းဟူသည် ဘုရာသခင်ဆက်လက်လုပ် ဆောင်နေ သောဖန်ဆင်းခြင်းလုပ်ငန်းတော်တွင်ပူးတွဲပါဝင်ခြင်းဖြစ်၍ကမ္ဘာလောက
၏သာယာလှပခြင်း ကိုဖော် ဆောင် ပါသည်။
Fr. Henry Eikhlein ( 2010): Translation
Subscribe to:
Posts (Atom)