Sunday, 22 June 2014

ခရစ်ယာန်တို့ရဲ့ သေခြင်းနဲ့အသက်ရှင်ခြင်း

ခရစ်ယာန်တို့ရဲ့ သေခြင်းနဲ့အသက်ရှင်ခြင်း 
ရှင်ယောဟန် ၆/၅၁-၅၈  

နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ ရောက်လာတိုင်း ကက်သလစ်အသင်းတော်ဟာ ကောင်းမြတ်တဲ့ အစဉ် အလာ တစ်ခု ဖြစ်တဲ့ သေလွန်သောပုဂိုလ်များအတွက်ဆုတောင်းပေးခြင်းနဲ့ ကက်သ လစ်သင်္ချိုင်း တော်များ အား  ကောင်း ချီးပေးခြင်း ကို လွန်ခဲ့တဲ့ ၁၁ ရာစုကတည်းကျင်းပလာခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကို သူတော် သူမြတ် အပေါင်းတို့ရဲ့ပွဲ နေ့လို့ ၈ ရာစု မှာသတ်မှတ်ပြီး နိုဝင်ဘာ ၂ ရက်ကို သင်္ချိုင်းပွဲ အဖြစ်ကျင်းပ လာ ခဲ့ကြပါတယ်။ ဒီက နစိုးကုန်းရွာ ဟာလည်း ဒီကက်သလစ်ဘာသာရဲ့ ကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာ ဘာသာရေးပွဲ တော်ကို ဒီအချိန်အခါရောက်တိုင်း စီကား သိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းအတွက်လည်း ဂုဏ်ယူ ရပါတယ်။  

ဒီနှစ်ကို ရဟန်းမင်းကြီး ၁၆ မြောက် ဘေနေဒစ် က Year of Faith (ယုံကြည်ခြင်းနှစ်) အဖြစ် လွန်ခဲ့တဲ့လ၊ အောက်တိုဘာလ ၁၁၊ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီယုံကြည်ခြင်းနှစ် ကျင်းပခြင်း ဟာ နောင်နှစ်ခါ ၂၀၁၃ နိုဝင်ဘာ ၂၄ ရက်နေ့ မှာ အဆုံးသတ်မှာဖြစ်တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာ ကက်သလစ် အသင်းတော်ဟာ ထူးခြား သမိုင်းဝင်ပွဲတော်တစ်ချို့ကို ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန်နန်းတော်မှာ ကျင်း ပခဲ့တယ်။ အဲဒီပွဲတော်တွေထဲမှာ ဒုတိယဗာတီကန်ကောင်စီ (၁၉၆၂-၁၉၆၅) ကျင်းပခြင်းရဲ့ နှစ် (၅၀) မြောက်ပွဲတော်ကို ကျင်းပခဲ့ကြတယ်။ ကက်သလစ်အသင်းတော်ရဲ ဘုရားစကားစာအုပ်ကြီး လို့ ခေါ်တွင်တဲ့ Catechism of Catholic Church – CCC, ထုတ်ဝေခြင်းရဲ့ နှစ် (၂၀) မြောက် ပွဲကိုကျင်းပခဲ့တယ်။ အောက်တို ဘာလ ထဲမှာပဲ ကမ္ဘာတစ်ဝှမ်းလုံးက ကိုယ်စားလှယ် ကက်သလစ်ဆရာတော်ကြီး (၂၀၀) ပါး တို့ဟာ ဗာတီ ကန်မှာ စုရုံးပြီး ညီလာခံ ကျင်းပကြတယ်။ New Evangelization ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး စည်းဝေးကြ တယ်။ နောက် ခုနကပြောသလို Year of Faith ယုံကြည်ခြင်းနှစ်ကို လည်း ရဟန်းမင်းကြီးကကြေညာခဲ့တယ်။ ကြားဖြတ်အထူး အစီအစဉ်တစ်ခုကတော့ ရဟန်းမင်းကြီး ကသူ့ရဲ့ အတိုင်ပင်ခံ ကာဒီနယ်အသစ် (၆) ပါးကို ရွေးချယ်ကြေညာလိုက်တယ်။ အဲဒါ ကာဒီနယ်သစ် (၆) ပါးထဲမှာ အာရှတိုက် က (၃) ပါး ပါဝင်တယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ အောက်တိုဘာလ တွင်းက ကက်သလစ်အသင်းတော်အတွင်းက ထူးခြားဖြစ်စဉ် တွေပဲလို့ ပြောနိုင် ပါတယ်။  

ကက်သလစ်အသင်းတော်ဟာ ဒီနိုဝင်ဘာလမှာ ဘာကြောင့် သူတော်မြတ်အပေါင်းပွဲနဲ့ သင်္ချိုင်းပွဲ ကျင်းပကြ တာလဲ ပြန် သုံးသပ်ကြည့် ရင် တပည့်တော်ကြီးများစီရင်ထားတဲ့ယုံကြည်ခြင်းအချုပ်မှာ ပါဝင်တဲ့ ယုံကြည်ရာ အ ချက် တစ် ချက်ကို ထောက်ပြနိုင်ပါတယ်။ ဒါကတော် I believe in the communion of Saints သူ တော်သူမြတ် အပေါင်း တို့ ရဲ့အဖွဲ့အစည်း ကို ကျွန်ုပ်ယုံကြည်ပါ၏ ဆိုတဲ့ ယုံကြည်ရာအချက်ပဲဖြစ်ပါတယ်။ အသင်းတော်လို့ခေါ်တဲ့ ဘုရားရဲ့လူမျိုးတော် မှာ အောင်မြင်သောအသင်းတော် (Triumphant Church) ခရီးသွားနေ သော အသင်း တော် ( Pilgrim Church) နဲ့ ဆပ်ဖြေနေသောအသင်းတော် ( Purifying Church) ဆိုပြီး အဖွဲ့အစည်း (၃) ခု ရှိရာ မှာ အဲဒီအဖွဲ့အစည်း အားလုံးပေါင်းစပ်မှုမှာ သူတော်သူမြတ် အပေါင်း တို့အဖွဲ့ အစည်းလို့ ခေါ်တွင်ပါတယ်။  

အဲဒီအဖွဲ့အစည်း (၃) ခုဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆက်စပ်မှု ရှိနေပြီး အပြန်အလှန် အကျိုးပြု လျှက်ရှိပါတယ်။ စောစောပိုင်းက ကျောင်းထိုင်ဘုန်တော်ကြီးကျွန်ုပ်တို့အားလုံးကို ဖိတ်ခေါ်သလို ဒီနေ့ည ဒီဝတ်ပြုကိုး ကွယ်ခြင်း အခမ်းအနားမှာ ကျွန်ုပ်တို့တတွေ ဒီသင်္ချိုင်းမှာလာပြီး သေလွန် သွားကြ ပြီဖြစ်တဲ့ ကျွန်ုပ်တို့ရဲ မိဘဆွေမျိုး၊ အသိမိတ်ဆွေ တွေနဲ့ အတူ ဘုရား ၀တ်ပြုကြ ဖို့ဖြစ်ပါ တယ်။ မစ္ဆား ပူဇော်ခြင်းမှာ ကျွန်ုပ်တို့တတွေ Sanctus Sanctus တို့သီဆိုတိုင်း၊ Gloria သီချင်း သီဆိုတိုင်းမှာ ကောင်းကင်သိကြားတမန်များတွေနဲ့အတူ ဘုရားကို သီဆိုချီးမွမ်းကြ ပါတယ်။ ဒီညမှာ လည်း ဒီသင်္ချိုင်းမှ ရှိကြတဲ့သေလွန်သူတွေရဲ့ ၀ိညာဉ်တွေနဲ့အတူ ဘုရားကို ၀တ်ပြုကြဖို့ ဖြစ်ပါတယ်/  

သေခြင်းဆိုတာဘာလဲ။ 

ဘယ်လိုလဲ၊ ဘယ်မှာလဲ၊ ဘယ်အချိန်မှာလဲ၊ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေကို သေခြင်း နဲ့ပါတ်သက်ပြီး တွေ့မြင်ခဲ့ကြတဲ့ အတွေ့အကြုံမှာ အခြေခံပြီး ဖြေလို့ရနိုင်ကောင်းပေမယ့် သေခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘာအတွေ့ အကြုံကိုပေးသလဲ၊ သေခြင်းဆိုတာ ဘာလဲ ဆိုတာ ကို တော့ အသက်ရှင်နေသေးတဲ့ လူသားတွေ ဘယ်သူမှ အတိအကျပြောနိုင်မှာ မဟုတ်ပါဘူး။ လူသေတာကို ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။ ကလေး၊ လူငယ်၊ လူကြီး၊ ကျား၊မ မရွေး၊ အဆင့် အတန်းမရွေး၊ သေသွားကြတဲ့လူတွေကို ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။ သေသွားတဲလူကို ကြည့်ပြီး သေခြင်းဆိုတာ ခန္ဒာနဲ ၀ိညာဉ် ကွဲကွာခြင်း၊ အသက်ချုပ်ငြိမ်းခြင်း၊ စသည်ဖြင့် သေခြင်းကို အနက်ဖွင့်ကြတယ်။ သေခြင်းကိုလည်း ကြောက်ဖို့ကောင်းတဲ့ အနိဌာရုံတစ်ခုလိုမြင်ကြတယ်။ မလိုလားအပ်တဲ့ မကောင်းဆိုးဝါးလို့ မြင်သူတွေလည်း ရှိကြတယ်။ ဒါကြောင့် လူတွေဟာ မသေအောင် အမျိုး မျိုး နည်းလမ်းတွေရှာဖွေပြီး အသက်ဆက်ချင်ကြပါတယ်။ သမိုင်းမှာ ထင်ရှားခဲ့တဲ့ အီဂျစ်ယဉ်ကျေးမှု ထွန်း ကားတဲ့ အချိန်ကာမှာ ဖါရိုဘုရင်တွေဟာ ထင်ရှားတဲ့ တိုင်းနိုင်ငံ ကိုအုပ်ချုပ် မင်းလုပ်သူများဖြစ်ကြပါတယ်။ 

အချိန်တန်လို့ သေလွန်သွားတဲ့ ဖါရိုဘုရင်တွေကို ခန္ဒာကိုယ် မပုပ်မသိုးသွားရလေအောင် ဆေးရည်စိမ် ပြီး ကြီးမားတဲ့ ပီရမစ်တွေမှာ အလောင်းကိုထားကြတယ်လို့ သမိုင်းက သက်သေ ထူထားပါတယ်။ တနည်း အားဖြင့်ပြောရရင် လူတွေဟာ သေခြင်းကို မလိုလားကြဘူး။ မသေ ချင်ကြဘူး။ ဖြစ်နိုင်တဲ့နည်းတွေနဲ့ အသက်ဆက်ရှည်ချင်ကြတယ်။ တီထွင်ကြဆကြတယ်။ ဒါပေမယ့် ခုထက်ထိတော့ မသေနိုင်တဲ့ဆေး တွေ ဆိုတာ ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။ 
  
တစ်နေ့တော့ အသက် (၆) နှစ်လောက်ပဲရှိသေးတဲ့ ကလေးတစ်ယောက်က အသက် (၈၅)နှစ် အရွယ်မှာ သေဆုံးသွားတဲ့ သူ့အဘိုးဘေးနာမှာ ထိုင်နေတဲ့ သူ့အဖေ ကို တိုးတိုး လေးမေးလိုက်တယ်။ “ဖေဖေ၊ ဘိုးဘိုး ဘာဖြစ်သွားတာလဲ”။ အဖေကသူ့ကို ပြန်ဖြေတယ်။ “သားသား ရဲ့ဘိုးဘိုး သေသွားပြီလေ ”။ ကလေး ငယ်ကသူ့အဖေကို နောက်ထပ်စကား တစ်ခွန်းမေးပြန်တယ်။ “ဖေဖေလည်း ဘိုးဘိုး အရွယ် လောက်ရောက်ရင် သေသွားမှာလား”။ သူ့အဖေကပြန်ဖြေတယ်။ “ဖေဖေလည်း ဘိုးဘိုးအရွယ် ရောက်ချင် ရောက်မယ်၊ မရောက် ချင်လည်း မရောက်ဘူး၊ ဒါပေမယ့် တစ်နေ့တော့သေရမှာပဲသားရဲ့”။ ကလေး ကလည်း “ ဒါဆို သားလည်း ကြီးလာပြီး တစ်နေ့သေရမှာပေါ့”။ ဒါနဲ့အဖေက ” ဟုတ်တာပေါ့ သားရယ်။ လူတွေဟာသေမျိုးပဲ၊ တစ်နေ့ သေကြရမှာကြီးပဲ။” ..ဒီလိုနဲ့ကလေးက နောက်ထပ်စကားတစ်ခွန်း ဆိုပြန်တယ်။ “ ဒါဆို ဖေဖေရယ်၊ လူတွေဟာ သေဖို့အတွက် မွေးလာကြတာလား။” အဲဒီမေးခွန်းကိုတော့ သူ့အဖေ မဖြေတော့ဘူး။  

လူတွေဟာသေဖို့မွေးလာကြတာလား။ Born to die? လား၊ ဒါဆိုရင် အသက်ရှင်တာဘာ အဓိပါယ် ရှိအုံးမှာ လဲ။ ခဏသာရတဲ့ အသက်တာမှာ ပျော်စရာတွေဆိုတာဘယ်ရှိတော့မှာလဲ။ အသက် ရှင်ခြင်းဟာ ဒုကခ ပဲလား။ အဲဒီလို အမြင်နဲ့ကြည့်လိုက်တဲအခါမှာ သေခြင်းဆိုတာ မုန်းစရာ၊ ခါးသီး စရာ၊ မလိုလားအပ်တဲအနိဌာရုံ၊ ကြောက်စရာ၊ ထိတ်လန့်စရာ၊ တွေဖြစ်နေပါတယ်။ အမှုထမ်းတွေမှာ အစဉ်အလာ တစ်ခုအနေနဲ့ သေလွန် သွားတဲ့ ၀န်ထမ်းရဲ့ ဈာပနအခမ်းအနားမှာ အမိန့် တော်ပြန်ရတယ်။ လက်ရှိတာဝန်မှ ကင်း လွှတ်ကြောင်း၊ လုံးဝ မပါတ်သက်တော့ကြောင်း၊ သွားလိုရာ သွားနိုင်ကြောင်း၊ စတဲ့ စာသား တွေကိုတွေ့ရ တယ်။ ကွာခြားသွားခြင်း၊ ဆက်စပ်မှုမရှိတော့ခြင်း၊ မတူမတန်တော့ခြင်း၊ ဆိုတဲ့သဘောလည်းသက်ရောက်ပါတယ်။ ဒါတွေဟာ ယေဘူယျ အနေ အထားမှာ တွေ့မြင်ရတဲ့ သေခြင်းအပေါ် လူတွေရဲ့တုန့်ပြန်ချက်တွေပဲလို့ ပြောချင်တယ်။ မိမိတို့ ဓလေ့၊ မိမိတို့ ဘာသာ အစဉ်အလာအရ တုန့်ပြန်ကြတဲ့၊ ဖော်ထုတ်ကြတဲ့ အချက် တွေပဲဖြစ်ပါတယ်။  

ခရစ်ယာန်တို့ရဲ့သေခြင်း။ 

လူတိုင်းသေကြသလို၊  ခရစ်ယာန်တွေလည်းသေကြပါတယ်။ သတင်းစာတွေရဲ့ နာရေးကြေငြာ မှာ ဖတ်ကြပါ တယ်။ ခရစ်တော်မှာအိပ်ပျော်သည်။ Alseep in Christ, or Rest In Peace… စသည်ဖြင့်ရေး သား မှတ်တမ်း ကဗျည်းထိုး တတ်ကြပါတယ်။ ဒီနေရာမှာ ထူးခြားတဲ့အသွင်အပြင် တစ်ခုတော့ ဖော်ဆောင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ ခရစ်ယာန်တို့ရဲ့သေခြင်းမှာ ခရစ်တော်ပါ နေတယ်။ သေသူတွေအတွက်ဆုတောင်းတဲ့ မစ္ဆား ဆုတောင်းခြင်းထဲမှာ ဆိုထားပါတယ်။  ခရစ်ယာန် တို့အတွက် “ သေခြင်းတွင် အသက်သည် ပျောက်ဆုံး သွား သည်မ ဟုတ်ပဲ အခြေအနေ ပြောင်းလဲခြင်းသာဖြစ်သည်” ဟု ဖော်ပြထားပြန်တယ်။ ဒါတွေအားလုံး ကိုကြည့်လိုက်ရင် ခရစ်ယာန် တွေရဲ့ သေခြင်းကို တစ်စေ့တစ်စောင်းသဘော ပေါက်နိုင်ပါပြီ။ ခရစ်တော် ကိုယ်တော်တိုင်ပြော ပါတယ်။ “ငါသည် ရှင်ပြန်ထမြောက်ခြင်းနှင့်အသက်ရှင်ခြင်းဖြစ်၏။ ငါ့ကိုယုံကြည်သော သူသည် သေပြီး သော်လည်း အသက်ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်လျှက်အသက်ရှင်သောသူဟူသမျှသည် သေခြင်း နှင့်အ စဉ်ကင်း လွှတ်လိမ့်မည်။” လာဇရု ရှင်ပြန်စေခြင်းမှာ ခရစ်တော်ပြောခဲ့တဲ့ အာမခံချက် စကား ပဲဖြစ်ပါတယ်။ ဒေသနာတော်ဟောကြားရာ ကာလမှာ ခရစ်တော်ဟာ အံ့ဘွယ်ရာ တန်ခိုးတွေအမျိုးမျိုး ပြခဲ့ပါတယ်။ မုဆိုးမတစ်ဦးရဲ့သားကို ရှင်ပြန်စေခြင်း၊ လူတစ်ရာ တစ်မှူးရဲ့တစ်ပည့်ကို ပျောက်ကင်းစေခြင်း၊ အသက် ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို ရှင်ပြန်စေခြင်း၊ မျက်စိကန်း၊ ခြေလက်မစွမ်းသန်၊ နားမကြားဆွံ့အ တဲ့သူတွေကို ကုသပျောက်ကင်း စေခဲ့ခြင်း စတဲ့ တန်ခိုးအံ့ဘွယ်ရာတွေကို ပြုလုပ်ခဲ့ပါတယ်။ သေလွန်ပြီး(၃) ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်မယ် ဆိုတဲ့ စကားမှာ ခမည်းတော်ရဲ့ တန်ခိုးတော်မှာ သေခြင်းမှ ခရစ်တော်ဟာ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဒါကြောင့်ရှင်ပေါလူးက ပြောတယ်မဟုတ်လား၊ “ ခရစ်တော်သာရှင်ပြန် ထမြောက်ခြင်းမရှိရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ အလကားပဲ ဖြစ်မယ်။” လို့ဆိုထား ပါတယ်။ ခရစ်တော်ကို ယုံကြည်ပြီး ဆေးကြောခြင်းမှာ ခရစ်ယာန်ဖြစ်လာကြတဲ့ လူတွေဟာ ခရစ် တော်ရဲ့ သေခြင်းမှာ ပါဝင်ကြပြီး ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းမှာလည်း ပါဝင်နိုင်ခွင့်ရှိသူ တွေ ပဲဖြစ်ကြ ပါတယ်။ ရှင်ယောဟန် ၆/၅၁-၅၈ မှာ ဖတ်သွားသလို ခရစ်တော်ဟာ အသက်ပေး သောမုန့်တော်ဖြစ်တယ်။ သူက တိပေးတယ်။ “ငါ့ရဲ့အသားနဲ့ငါ့ရဲသွေးကိုသောက်သောသူသည် ထာဝရအသက်ရှင်လိမ့်မည်”။ ခရစ် ယာန်တို့ အတွက် မသေဆေးရှိတယ်။ ဒါကတော့ ခရစ်တော် ကိုယ်တိုင်ဖော်စပ်ပေးခဲ့တဲ့ ကိုယ်တော်မြတ် မင်္ဂလာ ပဲဖြစ် တယ်။ ခန္ဒာကိုယ်အတွက် မသေဆေး တော့မဟုတ်ဘူး။ ၀ိညာဉ်အတွက် မသေဆေးပဲ။ ထိုက်တန်စွာ မှီဝဲ စားသုံး သူတို့အတွက် ထာဝရ အသက် ကို အာမခံချက်ပေးပါတယ်/  

ဒါဆိုရင် ခရစ်ယာန်တွေဟာ သေဖို့အတွက်မွေးလာတာလား။ ဆက်လက်ရှင်သန်ဖို့ အတွက်မွေး လာကြ တာ လား။ မေးစရာတွေဖြစ်နေပါပြီ။ ဟုတ်ပါတယ်။ အပြစ်ရင်းရဲ့ နောက်ဆက်တွဲ တွေကြောင့် လောကသဘာဝ နိယာမအရတော့ ခရစ်ယာန်တွေလည်း ကိုယ်ခန္ဒာ ယိုယွင်းပျက်စီးပြီး တစ်နေ့သေကြမှာချည်းပဲဖြစ်ပါတယ်။ သို့သော် သေခြင်းရဲ့နောက်ကွယ်မှာ အသက်ရှင်ခြင်းရှိတယ်။ (လူသေလူဖြစ်၊ လူဝင်စားခြင်း၊ reincarnation တွေဟာခရစ်ယာန်တို့ယုံကြည်ခြင်းမဟုတ်ပါ)။ ဒါကြောင့် ခရစ်ယာန်တွေအတွက် သေခြင်း ဆိုတာ ခရစ် တော်မှာ အိပ်ပျော်လိုက်ခြင်းပဲဖြစ်ပြီး ရှင်ပြန်ထ မြောက်ခြင်းမှာ အားလုံးနဲ့ အတူပြန်လည်နိုး ထလာပြီး ထာဝရ ဘုန်းတော် ကိုဝင် ရောက်စံစားရမှာဖြစ်တယ်။ ခရစ်ယာန်တွေဟာသေဖို့မွေးလာတာထက်ရှင် သန်ဖို့မွေး လာကြ တာပါ။ ဒါကြောင့်ခရစ်ယာန်ဘ၀သက်တာမှာ အသက်ရှင်ခြင်းရဲ့အဓိပါယ်ကို ရှာဖွေ တွေ့ ရှိနိုင်တယ်။ အမေရိ ကန်နိုင်ငံ နယူးယော့မြို့မှာ ကက်သလစ်ဆရာတော်ကြီးဖြစ်ခဲ့တဲ့ ဖူတန်ဂျေရှင်း က သူ့ရဲ့စာ အုပ်တစ် အုပ်မှာ သူရေးထားတယ်။ Life is worth living! “လူဘ၀သက်တာ ဟာ နေထိုင်ဘွယ်ရာ သက်တာ ဖြစ်ပါတယ်” ဆိုပြီး ရေးသားထုတ်ဝေခဲ့ ပါတယ်။ ခရစ်ယာန်တွေဟာ နေထိုင်ရာဘ၀သက်တာကို ဒုကခ၊ အနိဌာရုံလို့မမြင်တော့ပဲ။ ခရစ်တော်အားယုံကြည်ခြင်းမှာ ပျော်ရွှင်ဘွယ်ရာ ဘ၀သက်တာ အဖြစ်မြင် လာတယ်။ ဒါကြောင့် ရှင်သြဂုတ် စတင်းက ဆိုထားပါတယ်။ “ကျွန်ုပ်တိုခရစ်ယာန်တွေ ဟာ ရှင်ပြန်ထ မြောက်တော်မူ သော လူမျိုး တော်ဖြစ်တယ်။ အာလေလုယာ ဆိုတာ ကျွန်ုပ်တို့ရဲ ဓမသီချင်းပဲဖြစ်တယ်”။ 

We are Easter people and Alleluia is our song! ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒါကြောင့် ခရစ်ယာန် တွေဟာ Born to die မဟုတ်တော့ပဲ Born to live! အဖြစ်ကို နေထိုင် သွားကြဖို့လိုအပ်နေပါပြီ။  

ခရစ်ယာန်အဖြစ်အသက်ရှင်ခြင်း။ 

မသေသေးတဲ့အတွက် ကျွန်ုပ်တို့မှာ အသက်တော့ ရှိနေသေးတယ်။ We still have life! ဒါပေမယ့် ကျွန်ုပ် တို့တတွေ အသက်တာကိုရှင်သန်ကြရဲ့လား။ Are we alive? အသက်ရှိတာနဲ့ ရှင်သန်တာ နဲ့မတူသေးပါဘူး။ ကျွန်ုပ်တို့တော်တော်များများက အသက်ရှိတာလောက်လေးနဲ့ပဲ ကြေနပ်နေကြပြီး “ရှင်သန်ခြင်းအသက်တာ” ကို မဖော်ဆောင်ချင်ကြဘူး။ ရယူခြင်းမှာ ကျွန်ုပ်တို့ အသက်မွေး ၀မ်း ကြောင်းပြုကြတယ်။ ပေးဆက်ခြင်းမှာ ကျွန်ုပ်တို့ အသက်တာရှင်သန်ကြပါတယ်။ We make a living by what we get, but we make a life by what we give!  မပေးဆက်ရှင် ရှင်သန်တဲ့ ဘ၀ သက်တာ မဖော်ဆောင်နိုင်ပါဘူး။ ဒါ့ကြောင့် ရှင်အီရီနေအူးက ဆိုထားပါတယ်။ “ ပြည့်ဝ ရှင်သန် သောအသက်တာသည် ဘုရား၏ဘုန်းဂုဏ်တော်ပင်ဖြစ်သည်”။ The glory of God is a man fully alive!. 






 မနေ့ က ရန်ကုန်မှာ အသက် ၈၅ နှစ် အရွယ်ရောက်ပြီ ဖြစ်တဲ့အဘိုးတစ်ဦး နဲ့ကျွန်ုပ်တွေ့ခဲ့ပါတယ်။ စကားပြော နေရင်း သူ့ကိုမေးမိတယ်။ အဘိုးဒီအသက်အရွယ်အထိ ရောက်ပေမယ့် သူငယ် မပြန်သေး ဘူးနော်။ သူ ကပြန် ပြောတယ်။ “သူငယ်မပြန်သေးဘူးထင်တာပဲ”။ သူ့အိပ်ယာခန်းမှာ စီထားတဲ့စာအုပ်တွေကို ကြည့်ပြီး “ အဘိုးနေ့တိုင်းစာဖတ်တုန်းပဲလား။” သူက “ နေ့တိုင်း ဖတ်တယ်။ ပျက်တဲ့နေ့ရယ်လို့သိပ်မရှိဘူး။ နက်ဖန်ဖတ် ဖို့အတွက် အိပ်ယာမ၀င်ခင်ကတည်းက စီစဉ်ထားပြီးသားပဲ။” ဒီနေရာမှာ ရှင်သန်ခြင်းရဲ့ အဓိပါယ်ကို တွေ့နိုင်တယ်။ ငယ်ရွယ်စဉ် အချိန်ကတည်းက စာပေနဲ့ မိတ်ဆွေဖြစ်လာတဲ့ လူတစ်ဦးရဲ့ ရှင်သန်ခြင်း အသက်တာပဲ။ အသက် (၉၅) အရွယ် ရှိလာတဲ့ကမ္ဘာကျော် စပိန်လူမျိုး တံယော ပညာရှင် Mr.Pablo Casals ဟာ အဲဒီအ သက်အရွယ်အထိ နေ့တိုင်း တစ်ရက်ကို (၆)နာရီ တံယောလေ့ကျင့်တယ်။ ဘာဖြစ် လို့ဒီ လောက် အထိ လေ့ကျင့်နေသေးသလဲ လို့လူတွေသူ့ကိုမေးတော့။ သူ့က “ ကိုယ့်ကိုယ်ကို တိုးတက်အောင် လေ့ကျင့် နေ တယ်လို့ထင်ပါတယ်။ I think I am making progress! လို့သူဖြေတယ်။ အ သက်တာ ကို ဘယ်လိုရှင် သန်ရမ လဲဆိုတဲ့ ပုံစံ နမူနာကောင်း တွေပဲဖြစ်ပါတယ်။  


ခုနောက်ဆုံးအနေနဲ့ ဘ၀သက်တာရဲ့ရှင်သန်မှုနဲ့ပါတ်သက်တဲ့ မှတ်သားဘွယ်ရာ စကားတစ်ချို့ အကျဉ်း ချုပ်ပြီး တင်ပြသွားပါမယ်။ 
  
၁။ သင်ဘယ်လောက်ကောင်း နေသလဲဆိုတာထက် ဘယ်လောက်ထပ်ကောင်းချင်သလဲဆိုတာ ပိုအရေးကြီးပါ တယ်။ (It is not how good you are, but how good you want to be). 

ကျွန်ုပ်တို့တွေ ကောင်းကြပါတယ်။ မကောင်းတာတွေလည်းရှိပါတယ်။ မကောင်းတာတွေကောင်း အောင် ပြုပြင်ရင်း အသက်ရှင်ကြရပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ကျွန်ုပ်တို့တတွေ ဘယ်လောက်ကောင်းခဲ့ သလဲ။ ဘယ်လောက်ကောင်းလာကြသလဲ ဆိုတာ ထက် ဘယ်လောက်ထပ် ကောင်းချင်သေး သလဲ ဆိုတဲ့အ တွေးနဲ့ ဆန္ဒမှာ ကျွန်ုပ်တို့အနာဂတ်ဖော်ဆောင်ပါတယ်။ 
  
၂။ ဘ၀မှာ ဂုဏ်ပြုခံရတာထက်၊ ဂုဏ်ရှိရှိနေထိုင်ဖို့ကပိုအရေးကြီးပါတယ်။ ( It is better to be honorable than to be honored). 

ကျွန်ုပ်တို့တတွေဟာ အဆင့်အတန်းအလျောက်၊ အသက်အရွယ် အလျောက် ဂုဏ်ပြု ခံခဲ့ ဘူးကြပါတယ်။ ဂုဏ်ပြု ခံရတိုင်းလည်း ဂုဏ်ရှိသူတွေမဖြစ်ကြပါဘူး။ ဒီအတွင်းသိကတော့ ကိုယ့်ဖါ သာ ကိုယ်ပဲသိကြပါတယ်။ မသာမာမှုနဲ့ စာမေးပွဲမှာ အမှတ်ကောင်း ကောင်းနဲ့အောင်မြင်တယ်။ သူ့ကိုဂုဏ်ပြုကြတယ်။ ဂုဏ်ပြုမှုကို ခံထိုက်သူ မဟုတ်ကြောင်းတော့ မိမိကိုယ်တိုင်သာသိပါတယ်။ ဒါကြောင့် ရှင်သန်တဲ့ဘ၀သက်တာမှာ ဂုဏ်ပြုခံ ရတာ၊ မခံရတာက အရေးမကြီး ပဲ၊ မိမိကိုယ်ကိုယ် ဂုဏ်ရှိသူ တစ်ဦးအဖြစ် နေထိုင်အသက်ရှင်ဖို့ကပိုအရေးကြီး ပါတယ် 

၃။ အောင်မြင်ဖို့ထက် သစာ ရှိဖို့ သာဆုတောင်းပါတယ်။ ( I don’t pray for success, I pray for faithfulness). 

ကရုဏာလူမှုရေးလုပ်ငန်းမှာ အောင်မြင် ခဲ့တဲ့ မာသာရထရေဇားကို လူတွေကမေးကြတယ်။ မာသာရ်ရဲ့ဘ၀ မှာ ဒီလိုအောင်မြင်ရှိလာအောင် ဘယ်လိုဆုတောင်းခဲ့တာလဲ လို့မေးတဲ့အခါ၊ မာ သာရ်ထ ရေဇားက “ ကျွန်မဘ၀ မှာ အောင်မြင်ဖို့အတွက် ဆုမတောင်းခဲ့ပါဘူး။ သစာရှိဖို့ပဲ ဆုတောင်းပါတယ်။ ” လို့ပြန်ဖြေခဲ့ပါတယ်။ ရှင်သန် ရာ ဘ၀တွေတိုင်းမှာ သစာ ရှိကြဖို့က အရေးကြီး ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရယူပိုင်ဆိုင်ထားတဲ့ ဘ၀ မှာ ကျွန်ုပ်တို့ ရဲ့ သစာရှိခြင်းဟာ ကျွန်ုပ်တို့ ရဲ့အောင်မြင်မှုတွေပဲဖြစ်ပါတယ်။ 

၎။ သေးငယ်တဲ့အလုပ်ကို ကြီးမားတဲမေတ္တာနဲ့ လုပ်နိုင်တယ်။ ( Small things with great love) 

မာသာရ်ထရေဇားဟာသူရဲ့ အလုပ်တွေနဲ့ပါတ်သက်ပြီး သတင်းထောက်တွေ၊ စာရေးဆရာတွေ က အင်တာ ဗျူးတွေ အမျိုးမျိုးလာမေးကြတယ်။ မေးလာတဲ့မေးခွန်းတိုင်းမှာ မာသာရ်ထရေဇားရဲ့ အဖြေ တွေက ရိုးရိုးလေး တွေပဲ။ ဒါပေမယ့် မှတ်သား စရာတော့ အများကြီးပါတယ်။ သူပြောပါတယ်။ “ ကျွန်မတို့ဘ၀မှာ ကြီးမားတဲ့ စီမံကိန်းကြီးတွေ အကောင်အထည်ဖော်လုပ်ဆောင်၊ နိုင်ချင်မှ လုပ်ဆောင်နိုင်မယ်။ ဒါပေမယ့် သေးငယ်တဲ့ အလုပ်တွေဖြစ်အုံးတောင် ကြီးမားတဲ့မေတ္တာ နဲ့လုပ်နိုင်ပါတယ်။“ အသက်တာ ရှင်သန်မှုမှာ ထားရှိအပ်တဲ့ ကောင်းမြတ်တဲ့ စိတ်နေ စိတ်ထား တွေပဲဖြစ်ပါတယ်။ 
  
၅။ ဘယ်လောက်လုပ်ဆောင်ခဲ့သလဲဆိုတာထက် လုပ်ခဲ့တဲ့လုပ်ငန်းအပေါ်မှာ ဘယ်လောက်မေတ္တာ ထားခဲ့ သလဲ ဆိုတာပိုအရေးကြီးပါတယ်။ ( Important is not how much we have done, but how much love we have put in our doings) 

ကရုဏာရှင် မာသာရ်ထရေဇားဟာ ရှင်သန်တဲ့အသက်တာအတွင်းမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ကို လူသန်းပေါင်းများစွာတို့အား ထိတွေ့ခံစားစေခဲ့ပါတယ်။ ဘုရားကိုလူတွေမတွေ့နိုင်ပါဘူး။ ဘုရား ရဲ့မေတ္တာ ကရုဏာကိုတော့ လူတွေ ထိတွေခံစားနိုင်ပါတယ်။ ဒါ့ကြောင့်လုပ်ဆောင်တဲ့ လုပ်ငန်း တိုင်းမှာ မေတ္တာ ကရုဏာ ရှေ့ထားလုပ်ဆောင်ကြဖို့ မာသာရ်ထရေဇားက ပြောခဲ့ခြင်းဖြစ်ပါတယ်။ သူ့စကားက တော့ “ ကျွန်မတို့ဘ၀ ဘာတွေလုပ်ဆောင်ခဲ့တယ်၊ ဘယ်လောက်အထိ လုပ်ဆောင်ခဲ့ တယ်ဆိုတာ ထက် လုပ်ဆောင်ခဲ့ တဲ့ လုပ်ငန်း အပေါ် မှာ ဘယ်လောက်မေတ္တာ ထားလုပ်ဆောင်ခဲ့ သလဲ ဆိုတာပဲ အရေးကြီးပါတယ်” လို့ ဆိုခဲ့ပါ တယ်။
  
၆။ ရှင်သလို၊ သေကြလိမ့်မယ်။ ( We will die in the way we live) 

ကျွန်ုပ်တို့ အသက်ရှင်သလို ကျွန်ုပ်တို့သေသွားကြ မှာပါပဲ။ ဒါကြောင့် အသက်ရှင်စဉ်အတွင်း အကောင်းဆုံး ရှင်သန်ကြဖို့ကလိုအပ်ပါတယ်။ ရရှိလာတဲ့လူ့ဘ၀သက်တာမှာ အကောင်းဆုံးရှင် သန်အ သက်ရှင်ခြင်းဟာ သေခြင်းအတွက် အကောင်း ဆုံးပြင်ဆင်ခြင်းပါပဲ။ သေခြင်း ဟာကျွန်ုပ် တို့ဆီကို ဘယ်အချိန် ရောက်လာမလဲ ဆိုတာထက် သေခြင်းရောက်လာချိန်မှာ ကျွန်ုပ်တို့တ တွေဘယ်လို ပြင်ဆင်ပြီးသားဖြစ်နေသလဲဆိုတာကပို အရေးကြီးပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ မှာ သေလွန်သူများအတွက်ဆုတောင်းပေးရာ လဖြစ် သလို ကျွန်ုပ်တို့တစ်ဦး စီရဲ့ ကောင်းသောသေခြင်းနဲ့ ဘယ်လို သေနိုင်မလဲဆိုတဲ့ ဆန်းစစ်ပြင်ဆင် ရာလ လည်းဖြစ်ပါတယ်။ 

၇။ အသက်ရှင်စဉ်အတွင်း သေခြင်းရဲ့လေ့ကျင့်ခန်းတွေလုပ်ဆောင်ထားပါ။ (Learning to die while still alive) 

တစ်သက်မှာ တစ်ခါသာသေရမှာပါ။ မသေခင်မှာ သေခြင်းနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းလေး တွေကို လေ့လာ ကျင့်ယူနိုင်ပါ တယ်။ သေသွားတဲ့သူတစ်ဦး မှာ လောကနဲ့ဆိုင်တဲ့ အကြား၊ အမြင်၊ အထိ အတွေ့၊ အရသာ တို့ လုံးဝ ချုပ်ငြိမ်းသွားပါပြီ။ လိုချင်တတ်မက်မှု တွေလည်း မရှိတော့ပါ။ လောဘရမက်လည်းမရှိတော့ပါဘူး။ ဒါတွေ ဟာ သေသွားတဲ့ သူတစ်ဦးမှာ တွေ့မြင် ရတဲ့ အခြေ အနေပါပဲ။ ရှင်တဲ့သူတွေမှာ လည်း ဒီ အမူ အကျင့် လေးတွေကို တစ်နည်းမဟုတ်တစ်နည်း မိမိနေ့စဉ်ဘ၀မှာ ဖော်ပြ ကြပါတယ်။ စားချင်တဲ့ အစားအစာတိုင်း ကျွန်ုပ်တို့တတွေ မစားနိုင်ကြပါဘူး။ သွားချင်တဲ့ခရီးတိုင်း လည်းမသွားနိုင်ကြပါဘူး။ ကြည့်ချင်တဲ့မြင် ကွင်းတိုင်းလည်း မကြည့် နိုင်ကြပါဘူး။ ပြောချင်တဲ့စကားတိုင်းလည်း မပြောနိုင်ကြပါဘူး။ ဒီကန့်သတ်မှုဘောင် မှာ ကျွန်ုပ်တို့တတွေ အသက်ရှင်နေထိုင်ကြပါတယ်။ ဒါတွေကို သတိရှိရှိနဲ့ နေထိုင်ပြုမှု တတ်တယ်ဆိုရင် သေခြင်းနဲ့ ဆိုင်တဲ့ လေ့ ကျင့်ခန်းလေးတွေကို  လေ့လာသင်ယူနေတာပဲဖြစ်ပါတယ်။ အင်္ဂလိပ် စကားမှာတွေ့ ရတဲ့ Mortification ဆိုတဲ့ မိမိကိုယ်ကိုငြင်းပယ်ခြင်း၊ အနစ်နာခံခြင်း တွေဟာ လာတင်းစကားကလာတဲ့ Morta ကအခြေခံပြီး ” သေခြင်း” အနက်ကိုဖော်ဆောင်ပါတယ်။ အသက် ကိုဘုရားပိုင်တယ်။ မိမိအသက်ကို သော်လည်းကောင်း၊ သူတစ်ပါးအ သက်ကိုသော်လည်း၊ ထိပါး၊ ဆုံးရှုံးခြင်းမပြုလုပ်နိုင်ပါဘူး။ သေခြင်းနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းများမှာတော့ မိမိ ကိုယ်ကို အဆင်သင့်ဖြစ်အောင် ကြိုးစားပြင်ဆင်ခြင်းပဲဖြစ်တယ်။ ဒီနေရာမှာ ရှင်ပေါလူးရဲ့ စကားကို သတိယ ကြရအောင်။ ရှင်ပေါလူးက “ ငါတို့သည်၊ ရှင်သော်လည်းကောင်း၊ သေသော် လည်းကောင်း၊ ခရစ်တော်မှာ ဖြစ်ကြ၏” လို့ဆိုထားပါတယ်။ “ အသက်ရှင်နေတဲ့ ငါ ဟာ၊ ငါ မဟုတ်ဘူး၊ ခရစ်တော် ငါ မှာ အသက်ရှင်တယ်” ဆိုတဲ့စကားတွေဟာ အသက်ရှင်စဉ်အတွင်း ရှင်ပေါလူးရဲ့ လေ့ကျင့်ခန်း လေး တွေပဲဖြစ်ပါ တယ်။  

 နောက်ဆုံးအနေနဲ့ပြောချင်တာက၊ ခရစ်ယာန်တွေဟာ သေဖို့အတွက်မွေးလာတာမဟုတ်ပဲ၊ ရှင်ဖို့ အတွက်မွေးလာပါတယ်။ မသေတော့ဘူးလို့တော့မဆိုလိုဘူး။ သေခြင်းရဲ့နောက်ကွယ်မှာ အသက် ရှင်ခြင်းရှိတယ်ဆိုတာ ခရစ်ယာန်တို့ယုံကြည်တယ်။ ရှင်ပြန်ထမြောက်တော်မူတဲ့ အသက်သခင် ခရစ်တော်ရှင်ရဲ့ အာမခံချက် ကတိ စကားကြောင့် ပဲဖြစ်ပါတယ်။  

ဖါသာရ် ဟင်နရီအိုင်ခလိန်
  
November 5, 2012 

( Meditation given at the Catholic cemetery of Kanazogone on November 1, 2012: Text Reedited )

Sunday, 15 June 2014

ယနေ့ကရင်လူငယ်များထားရှိရမည့်အနာဂတ်အမြင်




၁။ ကျွန်တော်တို့ကရင်တွေ ဘယ်ကလာကြသလဲ၊ ကရင်တွေရဲ့မူလဇာတိကဘယ်ကလဲ၊ ဧရာဝ တီမြစ်ဝကျွန်းပေါ်ဒေသက ကျွန်တော်တို့ကရင်တွေရဲ့ မူရင်းဒေသပဲလား၊ ဆိုတဲ့မေးခွန်းတွေကို ကျွန် တော် တော်တော်စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ရှေးဦးသာသနာပြုတွေရဲ့ စာပေ စာတမ်း တွေကို ကျွန်တော်လိုက်လံရှာဖွေခဲ့တယ်။ ဖတ်ခဲ့ပါတယ်။ အင်္ဂလိပ်လိုရေးတဲ့ မှတ်တမ်းမှတ်ရာတွေ တွေ့ခဲ့ သလို၊ ပြင်သစ်၊ အီတလီလိုရေးခဲ့တဲ့ သာသနာပြုများ တွေရဲ့မှတ်တမ်း တွေလည်း တွေ့ခဲ့ပါတယ်။ အထူးသဖြင့် ၁၈ ရာစုနဲ့ ၁၉ ရာစုမှာ ရေးသားခဲ့တဲ့ မှတ်တမ်းတွေ၊ ၂၀ ရာစုမှာ တိုင်းရင်းသား ကရင်ခေါင်: ဆောင်းများကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းတွေကို ခုထိတိုင် တွေ့ မြင် နိုင်ပါသေးတယ်။  ကရင် အကြောင်း သီးခြားရေးသားထားတာမျိုး ရှိသလို၊ သာသနာပြု သမိုင်း နဲ့ဆက်နွယ်ပြီး ရေးသား ထား တာမျိုးလည်းတွေ့ရပါတယ်။ ဒီလိုရှေးဟောင်း မှတ်တမ်း တွေကို အခြေပြု ပြီး တင်ပြထားတဲ့ စော အောင်လှ ရဲ့ ကရင်သမိုင်းကို လည်းဖတ်ခဲ့ရပါတယ်။ တစ်ချို့ အပိုင်းက ဒဏ္ဍာရီ (Legendary) ဆန်တယ် လို့ပြော နိုင်ပေမယ့် တချို့ အပိုင်းတွေက တော့ ဆက်လက်လေ့လာ သုတေသနပြုစရာ တွေလည်း ရှိနေပါတယ်။ 

၂။ ကျွန်တော်ဖက်က သုံးသပ်ပြီးအတည်ပြု တင်ပြချင်တဲ့အချက်ကတော့ ကရင်တွေဟာ ရှေးပဝေ သဏီကတည်း ကတည်ရှိနေတဲ့လူမျိုးတစ်မျိုး၊ လက်ရှိမြန်မာနိုင်ငံကို အဦးဆုံးတည်ရှိ/ ၀င်ရောက် လာ တဲ့လူမျိုးတစ်မျိုး၊ ကိုယ်ပိုင် ဓလေ့ထုံးတမ်းစဉ်လာ၊ စာပေအနုပညာနဲ့ တည်ရှိခဲ့တဲ့ လူမျိုး တစ်မျိုး၊ အာဏာရှင်အုပ်ချုပ် မင်း လုပ်သူ တွေရဲ့အုပ်စိုး မှုအောက်မှာဖိနှိပ်ခံခဲ့ ရတဲ့လူမျိုးတစ်မျိုး၊ အင်္ဂလိပ် ကိုလိုနီ အစိုးရလက် ထက်မှာ စင်မြင့်ပေါ်အထိုက်အသင့်ရောက်လာတဲ့လူမျိုးတစ်မျိုး၊ နဲ့ အခုထိတိုင် လက်ရှိမြန်မာနိုင်ငံနဲ့ ကမ္ဘာ ပေါ်မှာ တည်ရှိနေတဲ့လူမျိုးတစ်မျိုးလို့ပဲ ဆိုချင်ပါတယ်။ ကရင်တွေ ဘယ်ကလာ သ လဲ ဆိုတာ ထက် ကရင်တွေ ဒီမှာ အခုရှိနေသေးတယ် ဆိုတဲ့ အချက် က ကျွန်တော် ပိုပြီးစိတ်ဝင်စား တဲ့ အရင်းအမြစ်တွေ ဖြစ်လာပါတယ်။ ပြောင်းလဲလာတဲ့ ကမ္ဘာ့လူဦး ရေနဲ့အတူ ကရင်တွေ ဟာ ရှေးပဝေသဏီကဆိုရင် လူဦးရေ အနေအထားအရ၊ ရာ၊ ထောင်၊ သောင်း၊ လောက်ပဲရှိနေ ခဲ့ရာ ကနေ အခုဆိုရင် သိန်း ဂဏန်း တောင်မကတော့ပါဘူး။ သန်းနဲ့ချီရှိ နေကြပါပြီ။  ဒါဟာ ကျွန်တော်တို့ရဲ့ လူသားအရင်းအမြစ်တွေပဲ။ လက်ရှိ မြန်မာနိုင်ငံသာမက အခြား တိုင်း နိုင်ငံမှာ လည်းရောက်ရှိနေတာဟာ လည်းကျွန်ုပ်တို့ရဲ့ အင်အား တစ်ခုပဲ။ အခုလို တစ်ကမ္ဘာ တစ်ရွာ ဖြစ်လာ တဲ့ခေတ်မှာ ကျွန်တော်တို့တတွေ ဘယ်မှာနေ၊( where are we?) ဘာ တွေလုပ်နေကြသလဲ ( what are we doing?) ဆိုတာ ထက် ကျွန်တော်တို့တတွေ ဘယ်လို ဆက်သွယ် မှုယူပြီး ( how we get connected and work for a common goal) ဘုံ ဦးတည် ချက် အတွက် ဘာလုပ်ကြမလဲဆိုတာ က သာ ပို အရေးကြီးနေပါတယ်။ ဧရာဝတီမြစ်ဝ ကျွန်း ပေါ် ဒေသ က တော့ လက်ရှိ ကမ္ဘာ့မြေပုံပေါ် မှာ ကရင်တွေ တစ်စုတစ်ဝေးနဲ့ အများဆုံး နေထိုင်ရာ ဒေသလို့ ပြောရင် မှား မယ်မထင်ပါဘူး။ (ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ဆက်စပ်နေတဲ့ ယိုး ဒယား နိုင်ငံဘက်ပိုင်းကပြည်နယ်တွေမှာ လည်း ကရင်တွေအ များဆုံး နေထိုင်ရာဒေသ အဖြစ် လက်ရှိတွေ့မြင်နေရပါတယ်)။

၃။ နှစ် (၆၀) ကျော်၊ ဖြတ်သန်းလာခဲ့ တဲ့ လွတ်လပ်ရေးရပြီး လက်ရှိမြန်မာနိုင်ငံရဲ့ သမိုင်းမှာ မြစ်ဝ ကျွန်းပေါ်၊ ကရင်ပြည်နယ်နဲ့ အခြားကရင်တွေရှိတဲ့ ပြည်နယ်၊ တိုင်းအသီးသီးမှာ  ကရင်တော် တော် များများ ဟာ လူမျိုးနဲ့စာပေ မှေးမှိန်ခြင်းပျက်သုန်းဖို့ အန္တရယ် ပြုမှု ပြင်းပြင်းထန်ထန် ခံခဲ့ ရပါ တယ်။ ဒီလို ပြင်းထန်လှ တဲ့ ရိုက်ချက်တွေ ကြားမှာ ကရင်တွေဟာ မားမားမတ်မတ် ရင်ဆိုင် ကျော်ဖြတ် လာကြတာ ဟာ ခုချိန် ထိပါပဲ။ ပြင်းထန်တဲ့ ရိုက်ချက်ရဲ့အကျိုးဆက်ကြောင့် ကရင် တော်တော် များ များကရွာ ပျောက်ကြ တယ်။  မိသားစုပျောက်ကြတယ်။ စာပေ တွေပျောက်ကြ တယ်။ တချို့ စကား တွေလည်း ပျောက်ခဲ့ကြ ပါတယ်။ တစ်ချို့လည်း အခြားတိုင်း တစ်ပါး ရောက်ကြတယ်။ ဒီလိုခက်ခဲ ကြမ်းတမ်းတဲ့ အခြေအနေ ကြားမှာ အမျိုးသားစာပေ နဲ့ဘာသာ စကားကို အတတ်နိုင်ဆုံး ထိန်းသိမ်း မြှင့်တင်ပေးတဲ့ ပိုးကရင်/ စကောကရင်ခရစ်ယာန် အသင်း တော်များ၊ အခြားဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ ကို ကျွန်တော့် အနေနဲ့က ကျေးဇူးတင် ပါတယ်။ ဂုဏ်ပြုပါတယ်။  သာသသနာပြုကြီးတွေရဲ့ ချမှတ်ချန်ထားခဲ့တဲ့ အမွေအနှစ် နဲ့ Mandate  ကို မားမား မတ်မတ် ဖော်ဆောင် လုပ်ကိုင်နိုင်ခဲ့ခြင်းတွေအတွက် ကျွန်တော်တို့ကရင် တစ်မျိုး သားလုံက ဂုဏ် ယူကြ ရမှာဖြစ်ပါတယ်။ 
၎။ ကမ္ဘာ့ ကုလသမ္မဂ္ဂ က ကြေညာ ချက်ထုတ်ခဲ့ပါတယ်။ ကမ္ဘာပေါ် မှာ ရှိတဲ့ ဘာသာစကားပေါင်း (၅၉၀၀) လောက်မှာ တစ်ဝက်က ထိမ်းသိမ်းမှု မရှိရင် ဒီ ၂၁ ရာစု မကုန်မှီ လုံးဝ ပပျောက် သွား တော့မှာ ဖြစ်တယ်။ (ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာသာစကားပေါင်း ၁၃၅ မျိုး ရှိတယ် လိုဆိုတယ်)။
The United Nations (UN) said on May 14, 2009 at Lagos, that 5900 languages worldwide may become extinct before the end of the 21st century if measures to protect them are not introduced. The United Nations (UN) said that languages remain critical to the achievement of the Millennium Development Goals (MDGs) 2015, on education, urging that children should be taught their dialects at an early age. 
 
၂၀ ရာစုအတွင်း အောင်မြင်တဲ့တီထွင်မှုတွေဖြစ်တဲ့ (ကွန်ပြူတာ ၁၉၄၁)၊( ကွန်ပြူတာ ကွန်ယက် WWW၊ ၁၉၉၀) တို့ ရဲ့အကျိုး သက်ရောက်မှုတွေကြောင့် ကမ္ဘာ့ ဆက်သွယ်မှု၊ ဖလှယ်မှုတွေက ကျုံ့ လာတယ်။ replay ကို မကြည့်ချင်တော့ပဲ real time (Live) ကိုပဲ ကြည့်ချင်လာကြတယ်။ အင် အားကြီးတဲ့ ဘာသာ စကား တွေက အင်အားနည်းတဲ့ ဘာသာစကားကို ၀ါးမြိုလာကြတယ်။ ဒါ့ကြောင့် ထိုက်သင့်တဲ့ ကိုယ်ခံအား မကောင်းရင် ကရင်ဘာသာစကားတွေဟာလည်း ၂၁ ရာစု ရဲ့ ဘာသာ စကားဝါးမြိုခြင်း virus ကနေ ကင်းလွတ်မှာ မဟုတ်ဘူး။ ကိုယ်ခံအားကောင်းအောင် ဘယ်လို လုပ်ကြမလဲ။ ကိုယ်ခံ အား မကောင်း လို့ကတော့ ကျွန်တော်တို့ မျိုးပြုတ်နိုင်တယ်။ ဒီနေ ရာမှာ ဆင့် ကဲဖြစ်စဉ် အကြောင်း ကို လေ့လာခဲ့တဲ့ သိပံပညာရှင်ကြီး ချားလ်စ် ဒါဝင် ရဲ့ အဆို အမိန့်လေး ကစိတ်ဝင်စား စရာကောင်းတယ်။ “ It is not the strongest species that can survive nor the most intelligent but the most responsive to change”. မပျက်သုန်းပဲ ဆက် လက်တည်မြဲတဲ့ မျိုးစေ့ဗီဇ( မျိုးနွယ်စု ) ဆိုတာ အင်အားကောင်းလွန်းလို့ လည်းမဟုတ် ဘူး၊ ထက်မြက်လွန်း လို့လည်း မဟုတ်ဘူး၊ ပြောင်းလဲမှု အပေါ်လိုက်လျောညီထွေ တုန်ပြန်နိုင်ခြင်း ကြောင့်သာဖြစ်ပါတယ်။ 

၅။ ပြောင်းလဲနေပါတယ်။ အရာရာပြောင်းလဲနေပါတယ်။ ပြောင်းလဲနေခြင်း သည်သာ မပြောင်း လဲပဲရှိနေပါတယ်။ Philosophical statement တစ်ခုပါ။ “ Nothing is permanent, everything is changing, only change is not changing”…ကျွန်တော်တို့ကရင်တွေ အခု ၂၁ ရာစု အထိ ရှိနေသေး တယ်ဆိုတာ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့တဲ့ ပြောင်းလဲခြင်းတွေ အပေါ် ဟန်ချက် ညီညီ ကစား တတ်လို့ပဲ လို့ ပြောချင်ပါတယ်။ ဆိုးညစ်တဲ့ အုပ်စိုးသူ မင်းတွေရဲ့ ခေတ်မှာ ကရင် တွေ ဟာ ရှောင် ရှားပြီး တောကြိုတောင်ကြားတွေမှာ ပုန်းလျှိုကြတယ်။ ဘ၀မြှင့်တင်ပေးသူ တွေနဲ့ တွေ့ လာတဲ့ ခေတ်မှာ လည်း ပညာတတ်အသိုင်းအ၀န်းထဲဝင်ဆန့်လာပြန်တယ်။ ပြောင်းလဲခဲ့တဲ့ ခေတ် ကာလ အပေါ် ကစားခဲ့ကြတဲ့ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ ကစားကွက်တွေပါပဲ။  အခု ခေတ် ကာလက ပြောင်းလဲမှုတွေ က မြန်ဆန် လာတယ်။ ယှဉ်ပြိုင်မှုတွေလည်းဖြစ်လာတယ်။ အ ရင်က ရာစု တစ်စု လောက် အချိန်ယူ တည်ဆောက် ရတဲ့ အလုပ် တွေဟာ အခုဆို ဆယ်စု နှစ်ပိုင်း ထဲ မှာ ပြီးမြောက် အောင် လုပ်ဆောင် လာနိုင်ကြတယ်။ အရင်က လနဲ့ ချီကြာ သွားရတဲ့ ခရီး တွေလည်း နာရီ ပိုင်းအ တွင်းနဲ့ ရောက် လာနိုင်ကြတယ်။ အချိန် (Time)  နဲ့ နေရာ (Space) တွေ ကျုံ့လာပါတယ်။ ”ပြောင်း လဲခြင်းကိုစောင့် စားနေမှာလား၊ ပြောင်းလဲခြင်းကိုဖန်တီးကြမှာ လား” ဆိုတဲ့ အမေးမှာ ‘ Don’t wait for change! but make change happen” ဆိုတာ ဖြစ်လာနေပါပြီ။ ပြောင်းလဲမှာကို မစောင့်နဲ့ ပြောင်း လဲလာအောင်လုပ်ဆောင်ပါ။ ဆိုတဲ့ စကားက မျက်မှောက်ခေတ်မှာ ပိုပြီးအလေး သာ သလိုဖြစ်နေပါပြီ။  ကျွန်တော် တို့ကရင်တွေဟာ ပြောင်း လဲ ခြင်းကို မကိုင် တွယ်တတ်ရင် ပြောင်း လဲခြင်းရဲ့ သားကောင် သာလျှင် ဖြစ်ကြပါလိမ့်မယ်။ “ If we can not be masters of change, we  will be victims of change”! လို့ဆိုပါတယ်။ ပြောင်းလဲခြင်းရဲ လှိုင်းလုံးကို မစီးနှင်းတတ်ရင်တော့ ကျွန်တော်တို့ တတွေ ပြောင်း လဲခြင်းလှိုင်းလုံး အောက်မှာ နှစ်မြုပ် ကြမှာပဲ။ ဒါ ဟာခေတ် ကာလအဆက်ဆက်က စိန်ခေါ်မှု တွေဖြစ်ခဲ့သလို အခု ကာလ ရဲ့စိန်ခေါ်မှု လည်းဖြစ် ပါတယ်။ ကျွန်တော် တို့ ကရင် ဘိုး ဘေးများတွေဟာ ခေတ်ကာလ ရဲ့လှိုင်းလုံး ကြီးတွေကို ပိုင်ပိုင် နိုင်နိုင် စီးနှင်းနိုင်ခဲ့ ကြလို့ပဲ ကျွန်တော် တို့တတွေ့ ဒီ ၂၁ ရာစု အထိ သယ်ဆောင် လာနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီပုခုံးပြောင်းတာ ၀န်ရ ယူရာမှာ ကျွန်တော်တို့ ရဲရင့်ပြတ် သားကြဖို့ရန် လိုအပ်လာပါပြီ။ ဒီပြောင်း လဲလာတဲ့ ခေတ်ရဲ့ လိုင်းလုံးတွေကို ဘယ် လိုစီးနှင်းပြီး ခရီး ဆက်ကြရမလဲ ဆိုတာကို ကရင် တွေ့ ဆုံပွဲတိုင်း မှာ ဆွေးနွေးစရာ ခေါင်းစဉ် တစ်ခုအဖြစ် အမြဲပါ ၀င်သင့်ပါတယ်။  

၆။ ကမ္ဘာ့ မြေပုံပေါ်နဲ့ ကမ္ဘာ့လူမျိုးတွေကြားမှာ ကရင်တွေ ရှိနေသေးတယ်။ ဒါဟာ ကျွန်တော် တို့လက်ရှိပိုင်ဆိုင်ထားတဲ့ လူ့အရင်းအမြစ်ပဲ။ ထောင်၊ သောင်း၊ မကဘူး၊ သန်းချီရှိနေတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့အရေအတွက်အရ အရင်းအမြစ်အင်အားစုတွေပဲ။ ရှိနေတဲ့အရေအ တွက် တွေကို ပေါင်းစည်းအင်အား ( collective force) တစ်ခုဖြစ်လာဖို့ ဖန်တီးကြရမှာဖြစ်တယ်။ အရည် အချင်းအရ ဖြစ်တည်လာရမယ့် အရင်းအမြစ်တွေကိုဖော်ထုတ်ကြရပါလိမ့်မယ်။  အခြေ အနေ တစ်ခု ပေါ်မှာ မူတည်ပြီး ကျွန်တော်တို့တတွေဟာ ချောင်းကြို၊ ချောင်းကြား မှာနေခဲ့ကြ ပါတယ်။ အခုလို ပွင့်လင်း လာတဲ့ (infrastructure development) အခြေခံအဆောက်အဦ၊ ဆက်သွယ်မှု ခေတ်မှာ ကရင်တွေ ဟာ ”လမ်းသာ”လာပါပြီ။  တောင်ပေါ်က ကရင်တွေ ”သာလာ” တဲ့လမ်း မပေါ်ပြေးဆင်းလာ နိုင်သ လို၊ မြေပြန့်ကရင်တွေလည်း ”သာလာ”တဲ့ လမ်းမပေါ်ပြေး တက်လာ နိုင်ပါပြီ။ ကျွန်တော်တို့ ပြေးတက် ကြဖို့ပဲလိုပါတယ်။ ထိုင်နေလို့တော့ ခရီးမ ပေါက်နိုင် ပါဘူး။ ပြေးလွှား ကစားရတဲ့ ခေတ်နဲ့ အပြိုင်အဆိုင်ခေတ်မှာ ကျွန်တော်တို့ကရင်တွေ နိုင်ငံတကာ ဘုံကစားကွင်းထဲမှာ ၀င်ရောက် ကစားကြ ရပါတော့မယ်။ ထိုင်ခုံ ပေါ် ထိုင် ပြီး ပွဲ ကြည့် နေတဲ့ ပွဲကြည့် ပရိတ်သတ် ( spectators ) ဘ၀ ကို စွန့်ခွာပြီး ကစားသမား ( players) အဖြစ် ပြောင်း လဲကြ ချိန်တန်ပါပြီ။ 

၇။ ကျွန်တော်တို့ကရင်တွေဟာ အင်္ဂလိပ်အစိုးရလက်ထက်မှာ (၁၈၂၆-၁၉၄၇) role အခွင့်အလမ်း တစ်ခု၊ အရည်အသွေး capacity တစ်ခု တက် လာခဲ့တယ် ဆိုပေမယ့်၊ အများစုက နောက်လိုက် (followers) စိတ်နဲ့ပဲသွားခဲ့ပြီး ခေါင်း ဆောင် (leader) စိတ်နဲ့ အရည်အသွေးတွေ ထိုက်သင့် သလောက် မထွက်ပေါ်လာခဲ့ပါဘူး။ ထင် ရှား တဲ့ ကရင်ခေါင်းဆောင်ကြီး တစ်ချို့က လွဲလို့ပေါ့ လေ။ ကျွန်တော်တို့ကရင်တွေက သူများ နောက် လိုက်ရတာသိပ်ကြိုက်ကြတယ်။ ခေါင်းဆောင် လုပ်ခိုင်းရင် ဘယ်သူမှ မလုပ်ချင်ကြဘူး။ ခေါင်း ရှောင်ချင်ကြတယ်။  တာဝန်ယူရဲတဲ့သတ္တိလိုနေ သေးတယ်လို မြင်မိတယ်။ အခွင့်အရေး ပိတ်ပင်မှု တွေနဲ့ အဖိနှိပ်ခံ ဘ၀ မှာ ကျင်လည်ခဲ့ကြရတဲ့ အခါမှာ ကိုယ့် ကိုယ်ကို ယုံကြည်မှုအား နည်း တတ်ကြ တယ်။ သူတစ်ပါးအပေါ် မှီခိုစိတ်တွေ များလာတတ်တယ်။ ဒီနေ့ ဒီအားနည်းချက် တွေကို အားသာ ချက်တွေအဖြစ်ပြောင်းလဲ ကြရ ပါလိမ့်မယ်။ ဒီအနာ အဆာ တွေကို ကုသပြီး ကျန်းမာသန်စွမ်း တဲ့ ကရင်လူ့ဘောင်လူ့အဖွဲ့ အ စည်း တွေကိုထူ ထောင်ကြရ ပါလိမ့်မယ်။ ဒါမှသာ ဒီ ၂၁ ရာစု မှာ ကရင် တွေဟာ တောက် ပြောင်တဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြ ပါလိမ့်မယ်။ ပွင့်လင်းမြင်သာလာတဲ့ လူ့အဖွဲ့ အစည်းသစ် မှာ ကျွန်တော်တို့ကရင်တွေ ဟာ မီးရောင် အောက်က ဇါတ်ခုံ စင်မြင့်ပေါ် မှာ တက် ရောက် ဖျော် ဖြေဖို့ နေရာယူကြရပါတော့မယ်။ ခင်းကျင်း ထားတဲ့ သစ်သော စင်မြင့် တွေဖြစ်တဲ့၊ လူမှုရေး စင်မြင့်၊ စီးပွားရေးစင်မြင့်၊ နည်းပညာစင်မြင့်၊ နိုင်ငံရေး စင်မြင့်တွေမှာ ကျွန်တော်တို့ ကရင် လူငယ် မျိးဆက်သစ်တွေ တက်ရောက် နေရာယူ တင်ဆက်ဖို့ လိုအပ်နေပါပြီ။ အခုလော လောဆယ် ရှိနေတဲ့ ကျွန်တော်တို့ ကရင်ခေါင်း ဆောင်တော် တော်များ များဟာ ဘာသာရေး စင်မြင့် ပေါ်ကပဲ နေရာယူတာရှိနေသေးတယ်။ ဒီဘာသာရေး အပိုင်းမှာပဲ ကျွန် တော်တို့က အားသာ နေလို့ပဲလား၊ ပိုပြီး စိတ်ဝင်စားမှု များနေလို့ ပဲလား၊ မဟုတ်ရင်လည်း ပိုပြီး လောကီ ရေးရာနဲ့ ကင်း ကင်း ကွာကွာ နေချင်လို့ပဲလား ဆိုတာတော့မပြောတတ်ဘူး။ လက်ရှိကရင် အဖွဲ့အစည်း တွေရဲ့ ခေါင်း ဆောင် တော် တော် များများ ဟာ ဘာသာရေး၊ သာသနာရေးနဲ့ နွယ် ပြီး လူထုရှေ့ ရောက် လာကြ သူတွေ များ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အထက်ကဖော်ပြခဲ့တဲ့ စင်မြင့်သစ် တွေမှာ လည်း ကရင် လူငယ်မျိုး ဆက်သစ် တွေ တက်ရောက်နိုင်ဖို့ရန် ပြင်ဆင်ကြရပါလိမ့်မယ်။ 

၈။ ရောက်ရှိလာတဲ့ ၂၁ ရာစုမှာ ကရင်တွေဟာ ” ကရင်တစ်မျိုးတည်းဖြစ်ခြင်း” (Being One Karen), ဘုံအခြေခံအုပ်မြစ် ( common ground) တစ်ခုပေါ် ကနေရပ်တည်ပြီး လုပ်ရှား ဖို့ရန် လိုအပ် ပါတယ်။ အခြေအနေ၊ အကြောင်းတရား အမျိုးမျိုးပေါ် မှာ ကရင်တွေဟာ ကွဲ ပြားခြား နားဖြစ်ခဲ့ကြပါတယ်။ တောင်ပေါ်၊ မြေပြန့်၊ ပိုး၊ စကော၊ ခရစ်ယာန်ကရင်၊ ဗုဒ္ဒဘာသာကရင်၊ စာဖြူ၊ စာနီ၊ စနေသင်းကရင်၊ အင်္ဂလီကန်ကရင်၊ စသည်ဖြင့် ဘာသာရေး၊ ဒေသစကား၊ နေထိုင်ရာဒေသ၊ အပေါ်မူတည်ပြီး ကွဲပြားသွား ကြပါတယ်။ ဖော်ပြပါ အလွှာ ကနေ တဆင့် ဆင်းလိုက်မယ် ဆိုရင် “ကရင်တစ်မျိုး တည်းဖြစ်ကြခြင်း” ( Being One Karen) ဆိုတဲ့ ဘုံရပ်တည်ချက်တစ်ခု မှာ ကျွန် တော်တို့ကရင်တွေ ဆုံမှတ်တစ်ခုအဖြစ် ရပ်တည်နေကြမှ သာလျှင် စည်းလုံးခိုင်မာတဲ့ အင်အား စုတစ်ခု ဆိုတာပေါ် ထွက်လာပါလိမ့်မယ်။ ဒါကိုတော့ အမျိုးသားရေးကို အခြေ ခံတဲ့ စုစည်းနိုင်မှု တစ်ခုလို့ ပြော နိုင်ပါတယ်။ ဒီလို  “ကရင် တစ်မျိုး တည်းဖြစ်ကြခြင်း” ( Being One Karen)  လို့ပြောတဲ့ အခါမှာ Unity in Diversity ကို ပဲ အခြေ ခံ မူအနေနဲ့သွားရမှာ ဖြစ်တယ်။ ဘာသာ ရေး၊ ကိုးကွယ် ယုံကြည် မှုအရ ကွဲပြားနိုင်တယ်။ နေရာ ဒေသပေါ် မူတည်ပြီး ကွဲပြားကြမယ်။ ဒေသခံစကား အရကွဲ ပြားကြ မယ်။ ဒါပေမယ့် ”ကရင်တစ်မျိုးတည်းဖြစ်ခြင်း” လို့ခေါ် မယ့် Being One Karen အလွှာ မှာ ကျွန် တော်တို့ အားလုံး ဆုံမှတ် ယူကြ ရပါလိမ့်မယ်။ ဒါသည်သာ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ် ( root ) ပဲ၊ အဲဒီ အမြစ် ကနေ၊ ကရင် ပင်စည်၊ အကိုင်း အခက် တွေကို ဝေဆာ စေကြရ မှာ ဖြစ်ပါတယ်။ 
၉။ တစ်ကမ္ဘာ တစ်ရွာဖြစ် လာတဲ့ ခေတ်မှာ ကရင်တွေ ပိုပြီး မကြာခဏတွေ့ဆုံ၊ စုစည်းကြ ရပါမယ်။ တွေ့ဆုံဆွေးနွေးခြင်းယဉ်ကျေးမှု တစ်ခုကို ဖော်ထုတ်ကြရပါလိမ့်မယ်။ ယခုလို ကျင်းပတဲ့ တွေ့ ဆုံပွဲတွေကို ဒါထက်ကျယ်ပြန့်တဲ တွေ့ဆုံပွဲတွေအထိ ဖြစ် လာနိုင်ဖို့ ကြိုးစားကြရပါမယ်။ ကျေး ရွာအလိုက်၊ မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းဒေသအလိုက်၊ နိုင်ငံအတိုင်းအတာ၊ နိုင်ငံ တကာ အတိုင်းအတာ အထိ၊ ပိုမို ကျယ်ပြန့်တဲ့ တွေ့ဆုံပွဲ တွေကို ၂၁ ရာစု ရဲ့ ပန်းတိုင် တစ်ခု အဖြစ် ထား ရှိကြ ရင် မကောင်းပေဘူးလား။  

၁၀။ ကျွန်တော်တို့နေထိုင်ရာ ဧရာဝ တီမြစ်ဝကျွန်းပေါ် (ထီးထာကလုံး) မှာ တော့ ကရင်ပေါင်း စည်းညီ ညွှတ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင် နေကြပါပြီ။ ကရင်နှစ်သစ်ကူးနေ့ဟာ ဒေသအ လိုက် ကျင်းပတဲ့ ပွဲတော်ဖြစ်လာသလို၊ ကရင်ကျေးရွာ အသီသီးရဲ့ နှစ်စဉ် ပွဲတော်ဖြစ်နေပါပြီ။ ကရင်ရိုး ရာ ၀တ်စုံတွေကို လည်းပွဲတော် အခမ်းအနားတွေမှာ ခမ်းနားစွာတွေမြင်နိုင်ပါတယ်။ နွေရာ သီက ရင်စာ ပေသင်တန်း တွေဟာလည်း မြို့နယ်အသီးသီး (အားလုံးမဟုတ်သေး သော် လည်း) ဦးစီးဆောင်ရွက် တဲ့ အဆင့် အထိ တက်လာ နေပါပြီ၊ ဒီနှစ် နွေရာသီ အတွက်ဆိုရင် ကက်လသစ်အသင်းတော် ကနေ လူငယ် တွေကို (၉) မြို့နယ်က စုဆောင်းပြီး ဧရာ ၀တီ တိုင်း ဒေသကြီးထဲမှာ (၁၂) မြို့နယ်ကို ဆရာ/မ ဦးရေ (၇၀) စေလွှတ်နိုင်ခဲ့ပါတယ်။ ဒီလို အင်အား အနေအထားနဲ့ လုပ်ဆောင်လာနိုင်ခဲ့တာ အခုဆိုရင် (၅)နှစ်မြောက်ဖြစ်လာပါပြီ။  ကရင် တိုင်းရင်း သားဖတ်စာကို လည်း ကျောင်ချိန်ပြင်ပဖတ်စာ အဖြစ် အစိုးရ မူလ တန်း ကျောင်း တစ်ချို့မှာ ပြန် လည်အသက်ဝင်နေပါပြီ။ ကရင်မိဘတိုင်းက မိမိတို့ သား သမီးတွေကို ကရင်လို စကားပြောပေး၊ ဖြစ်နိုင်ရင် ကရင်နာမည်တွေမှည့်ပေးခြင်း အားဖြင့် ကရင်ဖြစ်ခြင်းကို ပုံဖော်သွား နေကြ ပါပြီ။ တစ်ချို့ ကရင်ရွာတွေလည်း ဗမာလိုရော၊ ကရင်လိုရော ပါတဲ ဆိုင်းပုတ်တွေ တင် နေကြပါပြီ။ ကရင် ပညာတတ်လူငယ်လေးတွေက ကရင်ရွာ တစ်ချို့တွေမှာ ကျေး ရွာအုပ်ချုပ်ရေး မှူး တာဝန် ယူကြ ပါပြီ။ မြိ့နယ်၊ ခရိုင်၊ တိုင်း အုပ်ချုပ်ရေးရုံးတွေမှာ မျိုးဆက်သစ် ကရင်လူ ငယ်တွေ များ များတွေ့လာမယ့် ၂၁ ရာစု ကို တွေးမြင်ကြပါစို့လား။  အနာဂတ်က ရင်တွေဟာ ရှိတဲ့ နေရာ၊ ရောက်တဲ့ နေရာတိုင်းမှာ အသက်ဝင်လှုပ်ရှား သောနိုင်ငံသားကောင်းများ (active citizens) ဖြစ်ပြီး ၂၁ ရာစု ကို ပုံဖော်သွားကြ ပါစို့လား။
…………..
Ref: Special Talk given at “ Pan Pwo Karen Christian Fellowship” held in Bishop Home, Yangon from 28 to 30 November 2013.
မြစ်ဝကျွန်းပေါ်ကရင်လူငယ်တွေ့ဆုံပွဲ၊ မရမ်ချောင်းရွာ၊ ပုသိမ်၊ ဧရာဝတီတိုင်းဒေသကြီး
Fr. Henry Eikhlein
Catholic Diocese of Pathein
Ayeyarwaddy Region, Myanmar
May 21, 2014

ကရင်လူဦးရေနှင့်ပါတ်သက်၍ ရေးသားခဲ့သော ဆရာသာထို ၏ အမြင်အပေါ် သုံးသပ်ခြင်း



၁။ ကေ၊အင်၊ယူ ဌာနချုပ်အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သူ ဆရာသာထိုသည် ”ကရင်နှင့် လွတ်လပ်ရေး” အမည် ရှိ စာအုပ်ကို ၁၉၄၆ ခုနှစ် သြဂုတ်လတွင် အုပ်ရေ (၃၀၀၀) ပုံနှိပ်ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဒုတိယအကြိမ်အုပ်ရေ (၂၀၀၀) ဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ပြန်သည်။ ပညာတတ် ကရင် လူ ထုကြားထဲ တွင် ရောင်းရအကောင်းဆုံးစာအုပ်အဖြစ် သတ်မှတ်ခြင်းခံရပြီး ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် ဗမာသစ်၊ စာပုံနှိပ်တိုက်၊ ရန်ကုန်မြို့ ဖြင့် တတိယအကြိမ်ထုတ်ဝေခဲ့ရသည်။ တတိယအကြိမ် ထုတ်ဝေသော ဆရာသာထို၏ ”ကရင်နှင့်လွတ်လပ်ရေး” စာအုပ်တွင် စာမျက်နှာ ၆၇ မျက်နှာပါရှိသည်။ စာမျက်နှာ ၁ မှ ၄၀ အထိသည် ပထမအကြိမ်၊ ဒုတိယအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ် အတိုင်းဟု ယူဆရသည်။ လွတ်လပ်ရေးမတိုင်ခင် (၁၉၄၆၊ ၁၉၄၇) တွင် ထုတ်ဝေခဲ့သည်။ သို့သော် တတိယအကြိမ်ပုံနှိပ်ထုတ်ဝေ သောစာအုပ်မှာ လွတ်လပ်ရေးရပြီး လပိုင်းအလွန်တွင်ဖြစ်သည်။ ထိုအ ကြောင်းများကြောင့် နောက်ဆက်တွဲ (၃) ခန်းကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်ဟုယူဆရပေမည်။ ဆရာသာထို၏ တတိယ အကြိမ် ပုံနှိပ် ထုတ်ဝေ ခဲ့သော ”ကရင်နှင့်လွတ်လပ်ရေး” ဆိုသည့်စာအုပ်တွင် ဖော်ပြပါ အခန်းများပါဝင်သည်။ ယင်းတို့မှာ၊ ကရင်များ ဆင်းသက်လာပုံ၊ ကရင် လူဦးရေ၊ ကရင်၏ စိတ်နေစိတ်ထား၊ ကရင်၏ယဉ်ကျေးမှု၊ အလုပ်အကိုင်၊ ကရင်နှင့် အစိုးရအမှုထမ်းခြင်း၊ ကရင်နှင့် စစ်မှုထမ်းခြင်း၊ ကရင်နှင့်ဗမာ၊ ကရင်နှင့်နိုင်ငံရေး၊ ကရင်နှင့်စည်း လုံးညီ ညွတ်ရေး၊ ကရင်နှင့် လွတ်လပ် ရေး၊ နှင့် နောက်ဆက်တွဲ အခန်းများ အဖြစ်၊ လွတ်လပ်ရေးလမ်းစဉ်၊ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေး ၏ တာဝန်များ စသည့် အခန်း များပါဝင်သည်။ ယခု စာရေးသူ ၏ လက်ထဲတွင် ရောက်ရှိနေသည့် မိတ္တူ မှာ တတိယအကြိမ်ထုတ် ဆရာသာထု၏ ကရင်နှင့်လွတ်လပ်ရေး စာ အုပ်ဖြစ်ပါသည်။ 

၂။ ဖော်ပြအခန်းများထဲ မှ ကရင်လူဦးရေနှင့် ပါတ်သက်၍ ဆရာသာထို၏ အမြင်ကို ဤနေရာ တင်ပြ လိုပါသည်။ ဆရာသာထို၏ ရေးသားချက်အရ “၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၌ မြန်မာ ၁၆ မျိုးရှိ၍ ကရင်လည်း ၁၆ မျိုးရှိသည်ဟု ဖော်ပြ၏။ ရခိုင်၊ ထားဝယ်၊ မြိတ်၊ နှင့်အခြား လူမျိုးငယ် ၁၂ မျိုးကို မြန်မာလူမျိုးထဲ၌ အပါ အ ၀င်ဖြစ်၏။ ကရင် ၁၆ မျိုးအထဲ၌ တောင်သူများပါဝင်၏။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၌ ရှမ်း ၁၁ မျိုး၏ လူဦး ရေသည် ၁၁၃၇၄၀၆ ရှိသည်ဟုဖော်ပြ၏။ ရှမ်းလူမျိုးထဲ၌ ယိုးဒယား လူမျိုး၊ အာနမ်လူမျိုး၊ ရှမ်းတရုပ်၊ ရှမ်းဗမာ၊ များလည်းပါဝင်၏။ မွန်လူမျိုး၏ လူဦးရေ ၃၃၆၇၂၈ ရှိ၌ မွန် လူမျိုးတမျိုးတည်း သာရှိ၏။” ဆရာသာထို၏ ရေး သားချက်ကို ကြည့်လျှင် မြန်မာ ၁၆ မျိုးနှင့် ကရင် ၁၆ မျိုးဟူ၍ မျှတသော မျိုးနွယ်စုအရေအတွက်ကို ဖော်ပြ သည်။ မြန်မာ ၁၆ မျိုးထဲတွင် ရခိုင်၊ထားဝယ်၊ မြိတ် ဟူ၍ သာဖော်ပြပြီး အခြားလူမျိုးငယ် ၁၂ မျိုးကို မြန်မာ လူမျိုးထဲ၌ ပါဝင်သည်ဟုဆိုပြန်သည်။ အခြား လူမျိုးငယ် ၁၂ မျိုးတွင် ဗမာ လည်းတစ်မျိုး ပါဝင်သည်ဟု ယူဆ နိုင်သည်။ ထိုစဉ်ကတည်းက မြန်မာနှင့် ဗမာ လူမျိုးအသုံးအနှုန်းဆိုင်ရာ ခွဲခြားထားမှုကို တွေ့ရသည်။ ( နောက်ပိုင်း တွင် မြန်မာနှင့် ဗမာ ထပ်တူ သုံးနှုန်းလာခြင်း မှာ စိတ်ဝင်စားစရာကောင်းပါသည်။ မြန်မာများကို ဗမာများ က လွှမ်းမိုးလိုက်ခြင်းလော။ သို့တည်းမဟုတ် ဗမာ များကို မြန်မာများ က လွှမ်းမိုးသွားခြင်းလော။ )

၃။ ကရင် ၁၆ မျိုးနှင့် မြန်မာ ၁၆ မျိုးလူဦးရေနှိုင်းယှဉ်ချက်ကို ဆရာသာထိုက အောက်ပါ အတိုင်း ဖော်ပြ လိုက် သည်။
ခုနှစ်
တစ်ပြည်လုံး(တစ်နိုင်ငံလုံး)
မြန်မာ
ကရင်
၁၉၂၁
၁၃၂၁၂၁၉၂
၈၆၈၃၀၃၅
၁၂၂၀၃၅၆
၁၉၃၁
၁၄၆၄၇၄၉၇
၉၆၂၇၁၉၆
၁၃၆၇၆၇၃
၁၉၄၁
၁၆၈၂၃
…
…

ဖော်ပြပါဇယားကွက်ကိုကြည့်လျှင် ၁၉၄၁ ခုနှစ် တစ်နိုင်ငံလုံး၏လူဦးရေစာရင်းကိုဖော်ပြထားသော်လည်း၊ မြန်မာ နှင့် ကရင်လူဦးရေတို့ကို ဖော်ပြထားခြင်းမရှိသည်တွေ့ရသည်။ ထိုအချက်နှင့်ပါတ်သက်၍ ဆရာ သာ ထို ကိုယ်တိုင် ပြောဆိုချက်ကို ဤ ကဲ့သို့တွေရသည်။ “ ၁၉၄၁ ခုနှစ် ၌ ကရင် လူဦးရေမည်မျှ ရှိသည် ကိုကား မသိရပါ။ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအတိုင်း မြန်မာပြည်၌ ကရင်တစ် ယောက်ရှိလျှင် မြန်မာ ၇ ယောက်ရှိ၏”  ဆက်လက်၍ ဆရာသာထိုက “ ၁၉၃၁ ခုနှစ်မှ ၁၉၄၁ ခုနှစ် အထိ လူဦးရေ ၂၁၇၆၃၀၁ တိုး သည်ကို ကြည့်ခြင်းအားဖြင့် ကရင်လူဦးရေ ၂၀၀၀၀၀ လောက်တိုးသင့်ကြောင်း” ဝေဖန်ပြောဆိုခဲ့သည်။ ကွာခြင်းသည့်အချိန်နှင့်အခြေအနေကို စဉ်းစားနိုင်ပါသည်။ ၁၉၂၁၊ ၁၉၃၁ ခုနှစ် အချိန်များသည် အင်္ဂလိပ် အစိုး ရ၏ ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်ခဲ့သော သန်းခေါင်စာ ရင်းများဖြစ်ပြီး၊ ၁၉၄၁ ခုနှစ်တွင် ဒုတိယ ကမ္ဘာ စစ်တွင်းနှင့် ဂျပန်တို့ ၀င်ရောက်ချိန်အနီးတွင် ကောက်ယူခဲ့ရသော လူဦး ရေသန်းခေါင်စာရင်းဖြစ်သည်။ ထိုအ ကြောင်းများကြောင့် ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းသည် မှန်ကန် သော ကိန်းဂဏန်း ကိုဖော်ပြနိုင်ခြင်း မရှိနိုင်ခဲ့ ကြောင်း ယူဆနိုင်သည်။ 

၎။ ဆက်လက်၍ သန်းခေါင်စာရင်းကောက်ယူ ခြင်း၏ မှားယွင်းချက်အားနည်းချက်များကြောင့် ကရင်လူဦး ရေ စာရင်း မှာ ပကတိရှိသည်ထက်များစွာလျော့နည်းကြောင်းကို အောက်ပါအတိုင်းဖော်ပြထား သည်။ “ သန်း ခေါင်စာရင်းကောက်ယူရာ၌ ကရင်လူဦးရေအမှန်အတိုင်းထက် များစွာလျော့ကြောင်းကို ကရင်များ ကသိရှိရ၏။  ကရင်လူဦးရေလျော့ခြင်း၏အကြောင်းရင်းများကား အောက်ပါအတိုင်းဖြစ်၏။” ဤ နေရာတွင် ဆရာသာထိုက ကရင် လူဦးရေလျော့နည်းရခြင်းအကြောင်းရင်း ၃ ချက်ကို ကွင်းကွင်း ကွက်ကွက် ဖော်ပြ လိုက်သည်။ ”  (က) သန်းခေါင်စာရင်းယူသောသူများပေါ့ဆမှုတစ်ကြောင်း၊ (ခ) စာရင်းယူသောသူများသည် လိုလားချက်များကို နားမလည်မှုတစ်ကြောင်း (ဂ) ကရင်များ၏ပေါ့ဆမှု၊ နားမလည်မှုလည်းတစ်ကြောင်း” ဟူ၍ ဆိုထားသည်။ ဆိုလိုချက် ၃ ချက်ကို ပိုမိုရှင်းလင်းရန်ထပ်ဆင့် ရှင်းပြလိုက်ပြန်သည်။ ” အချို့စာရင်း ယူသောသူများသည် ကိုယ်တိုင်သေချာစွာမေးမြန်းခြင်းမပြုပဲ လွယ်ကူ သော နည်းလမ်းဖြင့် သာ မှန်းဆ၍ စာရင်းယူကြ၏။ အချို့ တို့က မြန်မာတိုင်းရင်းသားဆိုလျှင် မြန်မာခေါ် ရမည် ဟုယူဆကြ၏။ အချို့ တို့က ဗုဒ္ဒဘာသာဝင်သူတိုင်း မြန်မာ ဟုယူဆကြ၏။ အချို့ကလည်း ကရင်စကား မတတ် လျှင် မြန်မာ ဟုယူ ဆ၏။”  
ဖော်ပြအချက်များကို ကြည့်ခြင်းဖြင့် ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ သန်းခေါင်စာရင်းကောက်ယူမှုများတွင် ရှိသင့်ရှိ အပ် သည့် အသိနှင့်အတတ်ပညာ( နည်းပညာ) လိုအပ်ချက်များ ( ကောက်ယူသူများနှင့် ခံယူသူများ) ရှိ ခဲ့ခြင်း ကြောင့် မှန်ကန်သည့် ကရင်လူဦးရေစာရင်းမရရှိခဲ့ကြောင့် ဆရာသာထိုကထောက်ပြခဲ့သည်။

၅။ သို့သော် ဆရာသာထိုက ဂျပန်ခေတ် ( ၁၉၄၂-၁၉၄၅) ခုနှစ် အတွင်း ပြုလုပ်ခဲ့သော ဂျပန် ခေတ် လူဦးရေ စာရင်းကောက်ယူခြင်းကို ချီးမွမ်းမှတ်တမ်းတင်ထားသည်။ ပြုလုပ်ခဲ့သော သန်း ခေါင် စာရင်း များတွင် ကရင် လူမျိုးများအတွက် အမှန်ကန်ဆုံး စစ်တမ်းမှာ ဂျပန်ခေတ်၌ကောက်ယူခဲ့သော လူဦးရေစာ ရင်းဖြစ်သည် ဟုဆို သည်။ ” ဂျပန်တို့မြန်မာပြည်ကိုစိုးမိုးသောအခါ၊ ကရင်လူဦးရေအမှန်ကို အထူးဂရုစိုက်၍ ယူကြ၏။ သူတို့၏ စာရင်းအရ ကရင် ၄ သန်းခွဲ ရှိသည်ဟုထင်ရှား၏။ ဂျပန်တို့၏ သန်းခေါင်စာရင်းသည် ကရင်လူဦးရေအမှန်နှင့် အနီးဆုံးဟုယူဆရမည်။” ထို့နောက်ဆက်၍ အဘယ်ကြောင့် ဂျပန်ခေတ်၌ ဂျပန်တို့သည် ကရင်လူဦးရေကို အနီးကပ်ဆုံးအမှန်အ ကန်ကောက်ခဲ့ကြောင်း ကို ယခုကဲ့သို့ ဆို ထားပြန်သည်။ ” အကြောင်းကား ဘီ၊ အိုင်၊အေ ခေတ်၌ ကရင်မြန်မာ အဓိကရုဏ်းကြီးသည် ကရင် နှင့်မြန်မာကို ခွဲခြား စေသဖြင့် ကရင်တို့ သည် မြန်မာဟု အခေါ် မခံချင်ပဲ အမှန်အတိုင်းဖော်ပြကြ၏။ ကရင်များကို ဂျပန်များက သူလျှို များ၊ သူပုန်များဟု ယူဆသဖြင့် မြန်မာ များက မြန်မာစာရင်းထဲ မထည့် လိုကြပေ။”   လူမျိုးရေး အဓိကရုဏ်း ( ၁၉၄၂၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ဖါပွန်နယ်) ၏ နောက်ဆက် တွဲအဖြစ် ထွက်ပေါ် လာသော လူဦးရေ စစ်တမ်းအမှန်ဟုဆိုရပေမည်။ 

၆။ ယခုတင်ပြလိုက်သော ဆရာသာထို ၏ ကရင်လူဦးရေနှင့်ပါတ်သက်သည့် အမြင်ကို စာရေးသူအနေဖြင့် သူ၏ မူရင်းစာ သား အတိုင်း  ဖော်ပြလိုက်ခြင်းသည်။ စာဖတ်သူများအနေဖြင့် အင်္ဂလိပ်ခေတ်တွင် ကောက် ယူခဲ့ သော လူဦးရေသန်းခေါင်းစာရင်း ကတည်းကပင် ပကတိ အခြေအနေအတိုင်း ဖော်ပြနိုင်ခဲ့ခြင်း မရှိခဲ့ သည် ကို သိစေချင်သည်။ သဘောရိုးရိုးဖြင့် မှားယွင်းခဲ့ခြင်းလော၊ သို့တည်းမဟုတ် နည်းပညာအရ ကျွမ်းကျင်မှု မရှိ၍ မှာယွင်းခဲ့ခြင်းလော၊ တမင်ပေါ့ဆ၍ လုပ်ဆောင်ခဲ့ခြင်းလော၊ မ၀ဖန်လိုတော့ပါ။ အင်္ဂလိပ်များ ကိုလိုနီ နယ်ပယ် ကို ဆုတ်ခွာရန်နှင့် မြန်မာနိုင်ငံကိုလွတ်လပ်ရေး ပေးရန်စဉ်းစား သော အခါ တွင် သူတို့ကောက်ယူခဲ့သော ၁၉၃၁ လူဦးရေစာရင်းကို အခြေခံ၍ စဉ်းစားပါသည်။ ထို အချိန်က လျော့ နည်း နေသော ကရင်လူဦးရေစာရင်း အပေါ် အခြေပြုလျက် (ထိုစဉ်က ကရင် ၄ သန်းရှိ နေသည်ကို ၁ သန်းကျော်သာရှိသည်ဟူ၍ ၁၉၃၁ သန်းခေါင် စာရင် တွင်ပါရှိခြင်း) ကရင်တို့၏ သီခြား လွတ် လပ်သောပြည်နယ်တောင်းဆိုမှု ကို စာရင်းမ၀င်ဖြစ်ခဲ့ရသည်။ ပြန်လည် ၍ အဖတ် ဆည်မရ တော့ သော သမိုင်းတစ်ကွေ့၏ အမှားများပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော အမှား များ သည်လည်း နောက်ဆုံး ကောက် ယူခဲ့သည့် ၁၉၇၃၊ ၁၉၈၃ သန်းခေါင်စာရင်းကောက်ယူခြင်းများတွင် မှား ယွင်း ခဲ့ပြန်သည်။ သို့သော် နှစ် ၃၀ ကြာပြီးမှ ယခု ပြန်လည် ကောက်ယူမည့် ၂၀၁၄  သန်းခေါင်စာရင်းသည် ပက တိရှိနေသော ကရင် လူမျိုးနွယ်စု အမည် မှန်ကန်စွာဖြင့်ဖော်ပြသော ကရင်လူမျိုး လူဦးရေစာရင်း ကို ဖော်ပြ နိုင်ကြ လိမ့်မည်ဟု မျှော်လင့်နေပါသည်။ 

Fr. Henry Eikhlein ( Jan 12,2014)