၁။
ကေ၊အင်၊ယူ ဌာနချုပ်အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သူ ဆရာသာထိုသည် ”ကရင်နှင့် လွတ်လပ်ရေး”
အမည် ရှိ စာအုပ်ကို ၁၉၄၆ ခုနှစ် သြဂုတ်လတွင် အုပ်ရေ (၃၀၀၀) ပုံနှိပ်ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို
၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဒုတိယအကြိမ်အုပ်ရေ (၂၀၀၀) ဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့ပြန်သည်။
ပညာတတ် ကရင် လူ ထုကြားထဲ တွင် ရောင်းရအကောင်းဆုံးစာအုပ်အဖြစ် သတ်မှတ်ခြင်းခံရပြီး ၁၉၄၈
ခုနှစ် သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် ဗမာသစ်၊ စာပုံနှိပ်တိုက်၊ ရန်ကုန်မြို့ ဖြင့် တတိယအကြိမ်ထုတ်ဝေခဲ့ရသည်။
တတိယအကြိမ် ထုတ်ဝေသော ဆရာသာထို၏ ”ကရင်နှင့်လွတ်လပ်ရေး” စာအုပ်တွင် စာမျက်နှာ ၆၇ မျက်နှာပါရှိသည်။
စာမျက်နှာ ၁ မှ ၄၀ အထိသည် ပထမအကြိမ်၊ ဒုတိယအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ် အတိုင်းဟု ယူဆရသည်။
လွတ်လပ်ရေးမတိုင်ခင် (၁၉၄၆၊ ၁၉၄၇) တွင် ထုတ်ဝေခဲ့သည်။ သို့သော် တတိယအကြိမ်ပုံနှိပ်ထုတ်ဝေ
သောစာအုပ်မှာ လွတ်လပ်ရေးရပြီး လပိုင်းအလွန်တွင်ဖြစ်သည်။ ထိုအ ကြောင်းများကြောင့် နောက်ဆက်တွဲ
(၃) ခန်းကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်ဟုယူဆရပေမည်။ ဆရာသာထို၏ တတိယ အကြိမ် ပုံနှိပ်
ထုတ်ဝေ ခဲ့သော ”ကရင်နှင့်လွတ်လပ်ရေး” ဆိုသည့်စာအုပ်တွင် ဖော်ပြပါ အခန်းများပါဝင်သည်။
ယင်းတို့မှာ၊ ကရင်များ ဆင်းသက်လာပုံ၊ ကရင် လူဦးရေ၊ ကရင်၏ စိတ်နေစိတ်ထား၊ ကရင်၏ယဉ်ကျေးမှု၊
အလုပ်အကိုင်၊ ကရင်နှင့် အစိုးရအမှုထမ်းခြင်း၊ ကရင်နှင့် စစ်မှုထမ်းခြင်း၊ ကရင်နှင့်ဗမာ၊
ကရင်နှင့်နိုင်ငံရေး၊ ကရင်နှင့်စည်း လုံးညီ ညွတ်ရေး၊ ကရင်နှင့် လွတ်လပ် ရေး၊ နှင့်
နောက်ဆက်တွဲ အခန်းများ အဖြစ်၊ လွတ်လပ်ရေးလမ်းစဉ်၊ လွတ်လပ်ရေး အရသာ၊ လွတ်လပ်ရေး ၏ တာဝန်များ
စသည့် အခန်း များပါဝင်သည်။ ယခု စာရေးသူ ၏ လက်ထဲတွင် ရောက်ရှိနေသည့် မိတ္တူ မှာ တတိယအကြိမ်ထုတ်
ဆရာသာထု၏ ကရင်နှင့်လွတ်လပ်ရေး စာ အုပ်ဖြစ်ပါသည်။
၂။
ဖော်ပြအခန်းများထဲ မှ ကရင်လူဦးရေနှင့် ပါတ်သက်၍ ဆရာသာထို၏ အမြင်ကို ဤနေရာ တင်ပြ လိုပါသည်။
ဆရာသာထို၏ ရေးသားချက်အရ “၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၌ မြန်မာ ၁၆ မျိုးရှိ၍
ကရင်လည်း ၁၆ မျိုးရှိသည်ဟု ဖော်ပြ၏။ ရခိုင်၊ ထားဝယ်၊ မြိတ်၊ နှင့်အခြား လူမျိုးငယ်
၁၂ မျိုးကို မြန်မာလူမျိုးထဲ၌ အပါ အ ၀င်ဖြစ်၏။ ကရင် ၁၆ မျိုးအထဲ၌ တောင်သူများပါဝင်၏။
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၌ ရှမ်း ၁၁ မျိုး၏ လူဦး ရေသည် ၁၁၃၇၄၀၆ ရှိသည်ဟုဖော်ပြ၏။
ရှမ်းလူမျိုးထဲ၌ ယိုးဒယား လူမျိုး၊ အာနမ်လူမျိုး၊ ရှမ်းတရုပ်၊ ရှမ်းဗမာ၊ များလည်းပါဝင်၏။
မွန်လူမျိုး၏ လူဦးရေ ၃၃၆၇၂၈ ရှိ၌ မွန် လူမျိုးတမျိုးတည်း သာရှိ၏။” ဆရာသာထို၏
ရေး သားချက်ကို ကြည့်လျှင် မြန်မာ ၁၆ မျိုးနှင့် ကရင် ၁၆ မျိုးဟူ၍ မျှတသော မျိုးနွယ်စုအရေအတွက်ကို
ဖော်ပြ သည်။ မြန်မာ ၁၆ မျိုးထဲတွင် ရခိုင်၊ထားဝယ်၊ မြိတ် ဟူ၍ သာဖော်ပြပြီး အခြားလူမျိုးငယ်
၁၂ မျိုးကို မြန်မာ လူမျိုးထဲ၌ ပါဝင်သည်ဟုဆိုပြန်သည်။ အခြား လူမျိုးငယ် ၁၂ မျိုးတွင်
ဗမာ လည်းတစ်မျိုး ပါဝင်သည်ဟု ယူဆ နိုင်သည်။
ထိုစဉ်ကတည်းက မြန်မာနှင့် ဗမာ လူမျိုးအသုံးအနှုန်းဆိုင်ရာ ခွဲခြားထားမှုကို
တွေ့ရသည်။ ( နောက်ပိုင်း တွင် မြန်မာနှင့် ဗမာ ထပ်တူ သုံးနှုန်းလာခြင်း မှာ စိတ်ဝင်စားစရာကောင်းပါသည်။
မြန်မာများကို ဗမာများ က လွှမ်းမိုးလိုက်ခြင်းလော။ သို့တည်းမဟုတ် ဗမာ များကို မြန်မာများ
က လွှမ်းမိုးသွားခြင်းလော။ )
၃။
ကရင် ၁၆ မျိုးနှင့် မြန်မာ ၁၆ မျိုးလူဦးရေနှိုင်းယှဉ်ချက်ကို ဆရာသာထိုက အောက်ပါ အတိုင်း
ဖော်ပြ လိုက် သည်။
ခုနှစ်
|
တစ်ပြည်လုံး(တစ်နိုင်ငံလုံး)
|
မြန်မာ
|
ကရင်
|
၁၉၂၁
|
၁၃၂၁၂၁၉၂
|
၈၆၈၃၀၃၅
|
၁၂၂၀၃၅၆
|
၁၉၃၁
|
၁၄၆၄၇၄၉၇
|
၉၆၂၇၁၉၆
|
၁၃၆၇၆၇၃
|
၁၉၄၁
|
၁၆၈၂၃
|
…
|
…
|
ဖော်ပြပါဇယားကွက်ကိုကြည့်လျှင်
၁၉၄၁ ခုနှစ် တစ်နိုင်ငံလုံး၏လူဦးရေစာရင်းကိုဖော်ပြထားသော်လည်း၊ မြန်မာ နှင့် ကရင်လူဦးရေတို့ကို
ဖော်ပြထားခြင်းမရှိသည်တွေ့ရသည်။ ထိုအချက်နှင့်ပါတ်သက်၍ ဆရာ သာ ထို ကိုယ်တိုင် ပြောဆိုချက်ကို
ဤ ကဲ့သို့တွေရသည်။ “ ၁၉၄၁ ခုနှစ် ၌ ကရင် လူဦးရေမည်မျှ ရှိသည် ကိုကား မသိရပါ။ ၁၉၂၁ ခုနှစ်နှင့်
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအတိုင်း မြန်မာပြည်၌ ကရင်တစ် ယောက်ရှိလျှင် မြန်မာ ၇ ယောက်ရှိ၏” ဆက်လက်၍ ဆရာသာထိုက “ ၁၉၃၁ ခုနှစ်မှ ၁၉၄၁ ခုနှစ် အထိ လူဦးရေ
၂၁၇၆၃၀၁ တိုး သည်ကို ကြည့်ခြင်းအားဖြင့် ကရင်လူဦးရေ ၂၀၀၀၀၀ လောက်တိုးသင့်ကြောင်း”
ဝေဖန်ပြောဆိုခဲ့သည်။ ကွာခြင်းသည့်အချိန်နှင့်အခြေအနေကို စဉ်းစားနိုင်ပါသည်။ ၁၉၂၁၊ ၁၉၃၁
ခုနှစ် အချိန်များသည် အင်္ဂလိပ် အစိုး ရ၏ ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်ခဲ့သော သန်းခေါင်စာ
ရင်းများဖြစ်ပြီး၊ ၁၉၄၁ ခုနှစ်တွင် ဒုတိယ ကမ္ဘာ စစ်တွင်းနှင့် ဂျပန်တို့ ၀င်ရောက်ချိန်အနီးတွင်
ကောက်ယူခဲ့ရသော လူဦး ရေသန်းခေါင်စာရင်းဖြစ်သည်။ ထိုအ ကြောင်းများကြောင့် ၁၉၄၁ ခုနှစ်
သန်းခေါင်စာရင်းသည် မှန်ကန် သော ကိန်းဂဏန်း ကိုဖော်ပြနိုင်ခြင်း မရှိနိုင်ခဲ့ ကြောင်း
ယူဆနိုင်သည်။
၎။
ဆက်လက်၍ သန်းခေါင်စာရင်းကောက်ယူ ခြင်း၏ မှားယွင်းချက်အားနည်းချက်များကြောင့် ကရင်လူဦး
ရေ စာရင်း မှာ ပကတိရှိသည်ထက်များစွာလျော့နည်းကြောင်းကို အောက်ပါအတိုင်းဖော်ပြထား သည်။
“ သန်း
ခေါင်စာရင်းကောက်ယူရာ၌ ကရင်လူဦးရေအမှန်အတိုင်းထက် များစွာလျော့ကြောင်းကို ကရင်များ
ကသိရှိရ၏။ ကရင်လူဦးရေလျော့ခြင်း၏အကြောင်းရင်းများကား
အောက်ပါအတိုင်းဖြစ်၏။” ဤ နေရာတွင် ဆရာသာထိုက ကရင် လူဦးရေလျော့နည်းရခြင်းအကြောင်းရင်း
၃ ချက်ကို ကွင်းကွင်း ကွက်ကွက် ဖော်ပြ လိုက်သည်။ ”
(က) သန်းခေါင်စာရင်းယူသောသူများပေါ့ဆမှုတစ်ကြောင်း၊ (ခ) စာရင်းယူသောသူများသည်
လိုလားချက်များကို နားမလည်မှုတစ်ကြောင်း (ဂ) ကရင်များ၏ပေါ့ဆမှု၊ နားမလည်မှုလည်းတစ်ကြောင်း”
ဟူ၍ ဆိုထားသည်။ ဆိုလိုချက် ၃ ချက်ကို ပိုမိုရှင်းလင်းရန်ထပ်ဆင့် ရှင်းပြလိုက်ပြန်သည်။
” အချို့စာရင်း
ယူသောသူများသည် ကိုယ်တိုင်သေချာစွာမေးမြန်းခြင်းမပြုပဲ လွယ်ကူ သော နည်းလမ်းဖြင့် သာ
မှန်းဆ၍ စာရင်းယူကြ၏။ အချို့ တို့က မြန်မာတိုင်းရင်းသားဆိုလျှင် မြန်မာခေါ် ရမည် ဟုယူဆကြ၏။
အချို့ တို့က ဗုဒ္ဒဘာသာဝင်သူတိုင်း မြန်မာ ဟုယူဆကြ၏။ အချို့ကလည်း ကရင်စကား မတတ် လျှင်
မြန်မာ ဟုယူ ဆ၏။”
ဖော်ပြအချက်များကို
ကြည့်ခြင်းဖြင့် ၁၉၂၁၊ ၁၉၃၁၊ ၁၉၄၁ သန်းခေါင်စာရင်းကောက်ယူမှုများတွင် ရှိသင့်ရှိ အပ်
သည့် အသိနှင့်အတတ်ပညာ( နည်းပညာ) လိုအပ်ချက်များ ( ကောက်ယူသူများနှင့် ခံယူသူများ) ရှိ
ခဲ့ခြင်း ကြောင့် မှန်ကန်သည့် ကရင်လူဦးရေစာရင်းမရရှိခဲ့ကြောင့် ဆရာသာထိုကထောက်ပြခဲ့သည်။
၅။
သို့သော် ဆရာသာထိုက ဂျပန်ခေတ် ( ၁၉၄၂-၁၉၄၅) ခုနှစ် အတွင်း ပြုလုပ်ခဲ့သော ဂျပန် ခေတ်
လူဦးရေ စာရင်းကောက်ယူခြင်းကို ချီးမွမ်းမှတ်တမ်းတင်ထားသည်။ ပြုလုပ်ခဲ့သော သန်း ခေါင်
စာရင်း များတွင် ကရင် လူမျိုးများအတွက် အမှန်ကန်ဆုံး စစ်တမ်းမှာ ဂျပန်ခေတ်၌ကောက်ယူခဲ့သော
လူဦးရေစာ ရင်းဖြစ်သည် ဟုဆို သည်။ ” ဂျပန်တို့မြန်မာပြည်ကိုစိုးမိုးသောအခါ၊ ကရင်လူဦးရေအမှန်ကို
အထူးဂရုစိုက်၍ ယူကြ၏။ သူတို့၏ စာရင်းအရ ကရင် ၄ သန်းခွဲ ရှိသည်ဟုထင်ရှား၏။ ဂျပန်တို့၏
သန်းခေါင်စာရင်းသည် ကရင်လူဦးရေအမှန်နှင့် အနီးဆုံးဟုယူဆရမည်။” ထို့နောက်ဆက်၍
အဘယ်ကြောင့် ဂျပန်ခေတ်၌ ဂျပန်တို့သည် ကရင်လူဦးရေကို အနီးကပ်ဆုံးအမှန်အ ကန်ကောက်ခဲ့ကြောင်း ကို
ယခုကဲ့သို့ ဆို ထားပြန်သည်။ ” အကြောင်းကား ဘီ၊ အိုင်၊အေ ခေတ်၌ ကရင်မြန်မာ အဓိကရုဏ်းကြီးသည်
ကရင် နှင့်မြန်မာကို ခွဲခြား စေသဖြင့် ကရင်တို့ သည် မြန်မာဟု အခေါ် မခံချင်ပဲ အမှန်အတိုင်းဖော်ပြကြ၏။
ကရင်များကို ဂျပန်များက သူလျှို များ၊ သူပုန်များဟု ယူဆသဖြင့် မြန်မာ များက မြန်မာစာရင်းထဲ
မထည့် လိုကြပေ။” လူမျိုးရေး အဓိကရုဏ်း
( ၁၉၄၂၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ဖါပွန်နယ်) ၏ နောက်ဆက် တွဲအဖြစ် ထွက်ပေါ် လာသော လူဦးရေ
စစ်တမ်းအမှန်ဟုဆိုရပေမည်။
၆။
ယခုတင်ပြလိုက်သော ဆရာသာထို ၏ ကရင်လူဦးရေနှင့်ပါတ်သက်သည့် အမြင်ကို စာရေးသူအနေဖြင့်
သူ၏ မူရင်းစာ သား အတိုင်း ဖော်ပြလိုက်ခြင်းသည်။
စာဖတ်သူများအနေဖြင့် အင်္ဂလိပ်ခေတ်တွင် ကောက် ယူခဲ့ သော လူဦးရေသန်းခေါင်းစာရင်း ကတည်းကပင်
ပကတိ အခြေအနေအတိုင်း ဖော်ပြနိုင်ခဲ့ခြင်း မရှိခဲ့ သည် ကို သိစေချင်သည်။ သဘောရိုးရိုးဖြင့်
မှားယွင်းခဲ့ခြင်းလော၊ သို့တည်းမဟုတ် နည်းပညာအရ ကျွမ်းကျင်မှု မရှိ၍ မှာယွင်းခဲ့ခြင်းလော၊
တမင်ပေါ့ဆ၍ လုပ်ဆောင်ခဲ့ခြင်းလော၊ မ၀ဖန်လိုတော့ပါ။ အင်္ဂလိပ်များ ကိုလိုနီ နယ်ပယ် ကို
ဆုတ်ခွာရန်နှင့် မြန်မာနိုင်ငံကိုလွတ်လပ်ရေး ပေးရန်စဉ်းစား သော အခါ တွင် သူတို့ကောက်ယူခဲ့သော
၁၉၃၁ လူဦးရေစာရင်းကို အခြေခံ၍ စဉ်းစားပါသည်။ ထို အချိန်က လျော့ နည်း နေသော ကရင်လူဦးရေစာရင်း
အပေါ် အခြေပြုလျက် (ထိုစဉ်က ကရင် ၄ သန်းရှိ နေသည်ကို ၁ သန်းကျော်သာရှိသည်ဟူ၍ ၁၉၃၁ သန်းခေါင်
စာရင် တွင်ပါရှိခြင်း) ကရင်တို့၏ သီခြား လွတ် လပ်သောပြည်နယ်တောင်းဆိုမှု ကို စာရင်းမ၀င်ဖြစ်ခဲ့ရသည်။
ပြန်လည် ၍ အဖတ် ဆည်မရ တော့ သော သမိုင်းတစ်ကွေ့၏ အမှားများပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော
အမှား များ သည်လည်း နောက်ဆုံး ကောက် ယူခဲ့သည့် ၁၉၇၃၊ ၁၉၈၃ သန်းခေါင်စာရင်းကောက်ယူခြင်းများတွင်
မှား ယွင်း ခဲ့ပြန်သည်။ သို့သော် နှစ် ၃၀ ကြာပြီးမှ ယခု ပြန်လည် ကောက်ယူမည့် ၂၀၁၄ သန်းခေါင်စာရင်းသည် ပက တိရှိနေသော ကရင် လူမျိုးနွယ်စု
အမည် မှန်ကန်စွာဖြင့်ဖော်ပြသော ကရင်လူမျိုး လူဦးရေစာရင်း ကို ဖော်ပြ နိုင်ကြ လိမ့်မည်ဟု
မျှော်လင့်နေပါသည်။
Fr.
Henry Eikhlein ( Jan 12,2014)
No comments:
Post a Comment