၁။
နိဒါန်း
၁၉၅၅ ခုနှစ်တွင် ရောမား(ဗာတီကန်)၏ စီစဉ်လမ်းညွှန်ချက်အရ
ရန်ကုန်ကက်သလစ်သာသနာသည် ဂိုဏ်းချုပ် သာသနာ (Archdiocese- Metropolitan) ဖြစ်လာပြီး၊
ပုသိမ်ကက်သလစ်သာသနာသည်လည်း ဂိုဏ်းအုပ် သာသနာ (Diocese) ဖြစ်ပါသည်။ ဂိုဏ်းအုပ်သာသနာ
အဖြစ်စတင်တည်ထောင်သည့်အချိန်မှစပြီး အစဉ်အ ဆက် ဦးဆောင်ဦး ရွက်ပြု လာကြသော ဂိုဏ်းအုပ်
ဆရာတော်များသည် ကရင်စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုး တက်ရေး အတွက်စွမ်းစွမ်းတမံ ဆောင်ရွက်လာခဲ့ကြသည်။
နိုင်ငံခြားသာသနာပြုများ၏ လက်အောက်တွင် နှစ် ပေါင်းကြာ ရှည်စွာတည်ရှိလာစဉ်ကတည်းကဦးဆောင်ခဲ့ကြသူ၊
တာဝန်ရှိသူသာသနာ့ခေါင်းဆောင်များ သည် ဒေသခံ ကရင် တိုင်းရင်းသားများ၏ ရိုးရာစာပေ ယဉ်ကျေးမှုတို့မှာ
အတတ်နိုင်ဆုံး အနည်းနှင့် အများဆို သကဲ့ သို့ ဖော်ထုတ် မြှင့်တင်ခဲ့ကြသည်။
၂။
လုပ်ဆောင်လာခဲ့ကြသည့်ကရင်စာပေယဉ်မှုဖော်ထုတ်မြှင့်တင်ခြင်း လုပ်ငန်းများ
ပထမဦးဆုံး ပုသိမ်ဂိုဏ်းအုပ်ဆရာတော်အဖြစ် ကရင်တိုင်းရင်းသားဖြစ်သူ
ဂျော့ဦးကျော်သည် ၁၉၅၅ ခုနှစ် မှ ၁၉၆၇ ခုနှစ် ပျံလွန်တော်မူသည်အထိ ကရင်စာပေ၊ယဉ်ကျေးမှုကိုဖော်ထုတ်မြှင့်တင်ရင်း
သာသနာအမှုတော် ထမ်းဆောင်ခဲ့ပါသည်။ ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်လပ်ခါစမြန်မာနိုင်ငံသည်
ဒေသတွင်းအေးချမ်း တည်ငြိမ်မှုရရှိနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြရသောအချိန်ဖြစ်သည်။ ၁၉၄၉
တွင်စတင်ခဲ့သော ကရင်တော် လှန် ရေးလှုပ်ရှားမှုသည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံးကို
ပြန့်နှံ့သွား ခဲ့သည်။ ကရင့် တော်လှန်ရေး ၏ လှုပ်ရှားမှုသည် တစ်ဖက်တွင် ကရင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်မှုအတွက်
ဇာတိသွေးဇာ တိမာန်ကို ဖော်ဆောင် သကဲ့သို့ တစ်ဖက်တွင်လည်း အုပ်ချုပ်သူဗမာအစိုးရနှင့်
တင်းမာမှုဖြစ်၊ ရန်သူ ဖြစ်လာ ခဲ့ကြသည်။ ထိုသို့သော အချိန်အခါမျိုးတွင် သာသနာ့ခေါင်းဆောင်များအနေနှင့်
အမျိုးသားရေးဘက်မှ ရပ်တည်လုပ်ဆောင်ရန်မှာ အလွန်ပင်သတိကြီးစွာထားရသောအချိန်အခါဖြစ်သည်။
၁၉၄၂ ခုနှစ် မြောင်းမြနှင့် ကနစိုးကုန်း တွင်ဖြစ်ပွား ခဲ့သော ဂျပန်ခေတ် ကရင်-ဗမာ အဓိကရုံးနှင့်
တစ်ဖန် ၁၉၅၁ ခုနှစ် ထပ်မံ ဖြစ်ပွားခဲ့သော ကရင်-ဗမာ ပဋိပက္ခ တို့၏ ပဲ့တင်သံများတို့သည်လည်း
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးတွင် ရိုက်ခတ်နေဆဲအချိန်ကာ လလည်းဖြစ်နေသည်။ ထိုခက်ခဲသောအချိန်ကာလများတွင်ပင်
သာသနာ့ခေါင်းဆောင်များသည် ကရင်စာပေ နှင့်ယဉ်းကျေးမှု ဖော်ထုတ်မြှင့်တင်ရေးလုပ်ငန်းများတွင်
စွမ်းစွမ်း တမံထမ်းဆောင်ခဲ့ကြသည်။ မုန်ဆီ ညော်ဂျွာ နက်၊ အဘိုးဖာသာရ်ဖိလစ် တို့သည် စကောကရင်ဘာသာဖြင့်
ဆုတောင်းမေတ္တာ စာအုပ်များ၊ ဓမ္မသီချင်း စာအုပ်များ၊ မစ္ဆားတရားစာအုပ်များကို ဘာသာပြန်ဖြန့်ဝေခဲ့ကြသည်။
အထူးသဖြင့် ကက်သလစ် ဘာသာ ၀င်များထဲတွင် စကောကရင်အများစုဖြစ်သော ဟင်္သာတဇုံရှိ သာသနာတိုက်နယ်များတွင်
စကောကရင် ဘာ သာဖြင့် ဆုတောင်း သီဆိုနိုင်ရေးအတွက် ကြိုးစားခဲ့ကြသည်။ ဖါသာရ်ရာဖာအဲလ်
မန်းထွန်းရင် ကလည်း ကနစိုး ကုန်းသာသနာကိုဗဟိုလ်ပြုကာ ပိုးကရင်ဘာသာဖြင့်ဆုတောင်းမေတ္တာစာအုပ်များ၊
ဓမ္မသီချင်း စာအုပ် များ၊ မစ္ဆားတရားစာအုပ်များကိုပိုးကရင်ဘာသာဖြင့်ပုံနှိပ်ဖြန့်ဝေခဲ့ကြသည်။
ယင်းစာအုပ်များကိုယခုတိုင် တွေ့မြင် နေ ရဆဲပင်ဖြစ်သကဲ့သို့ အချို့လည်းအသုံးပြုနေရဆဲပင်ဖြစ်သည်။
မြောင်းမြသာသနာ ကျောင်းထိုင် အဖြစ် နှစ်ပေါင်း (၃၀) ကျော်သာသနာအမှုတော်ထမ်းဆောင်ခဲ့သော
ပြင်သစ်လူမျိုး၊ ဘုန်းတော်ကြီး ဖါသာရ်အမ်နာ ဘိုက်ဇ်သည် မိမိကိုယ်တိုင်ကရင်ဘာသာစကားမတတ်မြောက်သော်လည်း
နှစ်စဉ် သူကိုယ်တိုင် ဦးစီးပုံသွင်း စေလွှတ်သော ရွာပုံလုပ်အားပေးဆက်ကပ်ဆရာ၊ ဆရာမများအား
ကျရာကျေးရွာများတွင် ကရင်စာကို ကလေး သူငယ်များအားသင်ကြားစေခဲ့သည်။သူ၏ ဦးဆောင်မှုနှင့်စီမံခန့်ခွဲမှုများကိုလေ့လာခြင်းဖြင့်
ဒေသခံတိုင်း ရင်း သားများ၏ ရိုးရာစာပေဓလေ့များကိုတန်ဖိုးထားသော သာသနာခေါင်းဆောင်တစ်ပါး
အဖြစ် မှတ်တမ်း တင်ဂုဏ်ပြုရပေမည်။ ထိုသို့ဖြင့်ပုသိမ်ကက်သလစ်သာသနာအတွင်း ကရင်စာပေယဉ်ကျေးမှု
ဖော်ထုတ်မြှင့် တင်ရေးလုပ်ဆောင်မှုများသည် ၁၉၅၅ မှ ၁၉၆၇ ကာလအတွင်း ဆရာတော်ဂျော့ဦးကျော်၏
ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုများကိုလည်း ကျွန်ုပ်တို့နောင်လာနောက်သားများက မှတ်တမ်းတင်ဂုဏ်ပြုနေကြ
ရမည် သာ ဖြစ်သည်။
ဆရာတော် ဂျိုးဇက်မန်းအေရီသည် မိမိကိုယ်တိုင် ပိုးကရင်တိုင်းရင်းသား၊
ကနစိုးကုန်းကျေးရွာဇာတိ၊ ဖြစ်သည် အား လျော်စွာ ၁၉၆၈ ခုနှစ်၊ ဆရာတော်သိက္ခာ ခံယူပြီးသည့်အချိန်ကစပြီး
ဘာသာစကားနှင့်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်မြှင့်တင်ရေးလုပ်ငန်းများကို ဒုတိယဗာတီကန် (၁၉၆၂-၁၉၆၅)
၏ လမ်းညွှန်မှုအတိုင်းစတင်အကောင် အထည်ဖော်တော့သည်။ မိမိ အရင်ဆရာတော်၏ ဆောင်ရွက်ခဲ့သော
မူဝါဒလမ်းစဉ်အတိုင်းဆောင်ရွက်သည်။ ထူးခြားသောတီထွင် လုပ်ဆောင်ချက်အဖြစ်ကရင်အငြိမ့်အဖွဲ့တစ်ဖွဲ့ကိုလည်းတည်ထောင်ခဲ့ပြီး
နှစ်အတန်ကြာ ကရင်စာပေနှင့်ယဉ်ကျေးမှုကိုအခြေပြုလျှက်လှည့်လည်ကပြဖျော်ဖြေခဲ့ကြသေးသည်။
ကရင်ဘာသာ စကားဖြင့် ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ မစ္ဆားတရားတော်ပူဇော်ခြင်း
များကို အထူးအားပေး အားမြှောက်ပြုခဲ့ သည်။ မုန်ဆီညော်ဂျွာနက်၊ အဘိုးဖိလစ်၊ ဖါသာရ်ရာဖါအဲလ်မန်းထွန်းရင်တို့၏
ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံအားပေးသည်။ ဖါသာရ်အမ်နာဘိုက်ဇ် ၏ အစီအစဉ်များကိုလည်း
ပံ့ပိုးဆောင်ရွက်ပေးသည်။ ၁၉၈၂ ခုနှစ် ကျန်းမာရေးကြောင့် ဆရာတော်အဖြစ်မှ အနားယူရသော
အချိန်အထိ ပုသိမ်ကက်သလစ်သာသနာ အတွင်းဘာသာတရားတွင် ရိုးရာယဉ်ကျေးမှု၏ အခန်းကဏ္ဍမြှင့်တင်ရေးကို
ဒုတိယဗာတီကန်၏ လမ်းညွှန်မှု အတိုင်း ဆောင်ရွက်အကောင်အထည် ဖော်ခဲ့သူဖြစ်ပါသည်။
ဆရာတော်ဗွီ၊ ဆေးကွဲယား (၁၉၈၅- ၁၉၉၂) နှင့် ဆရာတော် ဂျွန်ဂေးဗြဲလ်
(၁၉၉၂-၁၉၉၄) နှစ်ပါးစလုံး သည် လည်း တိုတောင်းသော ဆရာတော်သက်တမ်းအတွင်း မိမိတို့အရင်ဆရာတော်များ
ချမှတ်ထားသော မူဝါဒ လမ်းစဉ်များကို သွေဖီဆန့်ကျင်ခြင်းမရှိပဲ ဆက်လက်ဆောင်ရွက်အကောင်အထည်ဖော်ခဲ့ကြသည်။
တစ်ဖန် ၁၉၉၆ မှ ၂၀၀၂ ခုနှစ်အထိ သာသနာ့တာဝန်ထမ်းဆောင်ခဲ့သော ဆရာတော်ချားလ်စ်ဘိုသည် ကရင်ဘာသာ
စကားသည် မိမိ၏မူလမိခင်ဘာသာစကား မဟုတ်သော်လည်း တိုင်းရင်းသား ဘာသာစကား များကို လေ့လာ
သင်ယူရာတွင် အထုံပါထက်မြက်သူဖြစ်သည့်အလျှောက် မိမိတာဝန်ထမ်း ဆောင်ရာကာလ အတွင်း ကရင်
စာပေ နှင့်ယဉ်ကျေးမှုကို အစွမ်းကုန်ထုတ်ဖော်မြှင့်တင်ပေးခဲ့သည်။ မိမိကိုယ်တိုင်လည်း
သြ၀ါဒပေးရာ တွင် ဗမာ စကားဖြင့် အများနားလည်သောစကားမကို မပြောမီ စကောကရင်ဖြင့်လည်းကောင်း၊
ပိုးကရင်ဖြင့် လည်း ကောင်း၊ အမြဲထည့်သွင်းပြောဆိုခဲ့သည်မှာထူးခြားပါသည်။ ယင်းခေတ်ကာလများတွင် ကရင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကို
စွမ်းစွမ်တမံထူးခြားစွာလုပ်ဆောင်ခဲ့သော ဘုန်းတော်ကြီးမှာ မြောင်းမြ သာသနာ ကျောင်း ထိုင်၊
ဖါသာရ် ပေါ်လီနူး မန်းအိုင်ရှောင်းပင်ဖြစ်သည်။ ရန်ကုန် ရဟန်းဖြစ်တကသိုလ် တွင် စာချ ဘုန်းတော်ကြီးအဖြစ်
(၁၃) နှစ်တိုင် တာဝန်ထမ်းဆောင်အပြီး၊ ရွာသစ်ကုန်း သာသနာတွင် တစ်နှစ်သာ ကျောင်းထိုင်အဖြစ်
အမှု တော်ထမ်းဆောင်ခဲ့ပြီး၊ မြောင်းမြသို့ကျောင်းထိုင်အဖြစ်ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။
တစ်နှစ် တာသာ တာဝန်ထမ်းဆောင် ခဲ့သောရွာသစ်ကုန်းသာသနာအား စကောကရင် စာပေကို ထက်မြက်စွာ
မြှင့်တင် ပေးနိုင်ခဲ့သည်။ မြောင်းမြသာသနာသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသော ၁၉၈၀ခုနှစ်အချိန်မှစပြီး
ပိုးကရင် စာပေယဉ်ကျေးမှု ဖော်ထုတ်မြှင့်တင်ရေးကို တမူထူးခြားစွာလုပ်ဆောင်ခဲ့ သည်။ ဆုတောင်း
မေတ္တာ စာအုပ်များပုံနှိပ်ထုတ်ဝေခြင်း၊ ဓမ္မသီချင်းများ
ပုံနှိပ်ထုတ်ဝေခြင်း၊ စတီရီယို အသံသွင်း ထုတ်ဝေခြင်း၊ မစ္ဆား တရားတော်ကို ပိုးကရင်ဘာသာဖြင့်
ပူဇော်နိုင်ရန် မြောင်းမြ သာသနာအတွင်းရှိ ကျေးရွာ တိုင်းသို့ ကရင်ဆရာ၊ ဆရာမများ၊ ဓမ္မဆရာ၊
ဆရာများကို စေလွှတ်သင်ကြား စေခဲ့သည်။ နွေရာသီ ကရင် စာပေ သင်တန်း များကိုလည်းကောင်း၊
ကရင့်ရိုးရာဒုံးများကိုလည်းကောင်း ဖိတ်ခေါ်သောကျေးရွာ များသို့ ဆရာ၊ ဆရာမများ (ကက်သလစ်သာမက၊
ညီအစ်ကိုနှစ်ချင်းအသင်းတော်မှ ဆရာ၊ ဆရာမများ) ကို ရွေးချယ် စေလွှတ်ခဲ့သည်။ ဘုန်းတော်ကြီး
ပေါ်လီနူး မန်းအိုင်ရှောင်းသည် ၁၉၈၀ မှ ၁၉၉၈ ခုနှစ်၊ အနားယူချိန်အထိ မြောင်းမြသာသနာ
အတွင်း ပိုးကရင်စာပေနှင့် ယဉ်ကျေးမှုကို ထူးခြားထက်မြက်စွာ အကောင်အထည် ဖော်ခဲ့သောသာသနာ့
ခေါင်းဆောင် တစ်ပါးပင်ဖြစ်သည်။ ယခုအခါ မြောင်းမြသာသနာ မှ ခွဲထွက်ကာ သီးခြား ကျောင်းထိုင်
သာသနာများဖြစ်လာ ကြသော မြွေဟောက်ချောင်းသာသနာ၊ သရက်ချောင်းသာသနာ၊ သိမ်လာသာသနာ၊နှင့်
ချမ်းသာကုန်း သာ သနာများသည် ဘုန်းတော်ကြီး ဖါသာရ်ပေါ်လီနူး မန်းအိုင်ရှောင်း ဦးဆောင်ခဲ့သော
ကရင်စာပေ ယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရသော သာသနာများ
ပင်ဖြစ် သည်။
စကောကရင်ဘက်ကြည့်ပြန်လျှင် ဖါသာရ် ရေမီစောထူးလေး၏ ကြိုးပမ်းထမ်းဆောင်မှုကို
မှတ်တမ်း တင်ရ ပေ မည်။ မိမိကိုယ်တိုင် ဆရာကောင်းများလက်အောက်တွင် ငယ်စဉ်ကတည်းက သင်ယူခဲ့ရပြီး
ဖိလိပိုင်နိုင်ငံ မနီလာ၊ ကရင်ရေဒီယိုအသံလွှင့်အစီအစဉ်တွင် နှစ်ပေါင်း (၁၀) ကျော် အမှုထမ်းခဲ့သောဘုန်းတော်ကြီးသည်
မိမိ နေရပ်သို့ ၁၉၉၇ ခုနှစ်တွင်ပြန်လည်ရောက်ရှိလာပြီး သာသနာ့တာဝန်ကို ဆရာတော်လက်ထောက်အဖြစ်
ထမ်း ဆောင်ရင်း ကရင်စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံထမ်ဆောင်ခဲ့သူ
လည်းဖြစ် သည်။ ၂၀၁၀ ပြန်လွန် တော်မူသည့်အချိန်အထိ ဘုန်းတော်ကြီး၏ ထက်သန်သော အမျိုးသားရေး
စိတ်ဓါတ် သည် နောင်လာနောက်သားများအတွက် မမေ့နိုင်သောအမွေအနှစ်တစ်ခုကိုချန်ထားခဲ့သည်။
စကော ကရင် ဘာသာစကားပိုင်း ဆိုင်ရာကြိုးစားအားထုတ်မှုတွင် ဖါသာရ်ဂျေရုမ်းမန်းအောင်ရွှေကို
ဂုဏ်ပြုကြရ ပေမည်။ သူသည် စကော ကရင်သာမက၊ ပိုးကရင်ဖြင့်လည်းကောင်းစွာပြောနိုင် ဟောနိုင်သော
ဘာသာစကား အထုံပါ သူတစ်ဦးပင်ဖြစ်သည်။ဝတ်ပြုကိုးကွယ်ခြင်းတွင် နှစ်ဘာသာစလုံးကောင်းမွန်စွာ
ဦးဆောင်နိုင် သူဖြစ် သည်။ ၂၀၀၉ ခုနှစ် တွင် ဘုန်တော်ကြီး ဂျေရုမ်းမန်းအောင်ရွှေ ပြန်လွန်တော်မူခြင်း
ကြောင့် ပုသိမ်သာသနာ အတွက် ရိုးရာ စာပေနှင့်ယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ရေးတွင် ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့သည်။
ဖါသာရ် ဂရေဂေါ်ရီ စောဒိုစိုး သည် ရွာသစ် ကုန်းသာသနာ အတွင်း ကရင်ဘာသာစကားဖော်ထုတ်မြှင့်တင်ခြင်း၏
ဖခင်တစ်ဦးဖြစ်ခဲ့ သည်။ ဘုန်းတော်ကြီး အဘိုးဖိလစ်၊ မှစတင်ပြီ ဖါသာရ်ပေါ်လီနူးမန်းအိုင်ရှောင်းအထိ
ဖော်ဆောင်လာခဲ့သော စကော ကရင် ဘာသာ စကားဖြင့်ဝတ်ပြု ကိုးကွယ်ခြင်းများကို စိတ်ပါလက်ပါစွမ်းဆောင်ခဲ့သည်။
မိမိကိုယ်တိုင်လည်း စကော ကရင်စကာဖြင့်ကျွမ်းကျင်စွာဟောပြောနိုင်သူလည်းဖြစ်သည်။ ပြည်ပတွင်နှစ်ရှည်လများသာသနာ့
တာ ၀န်ထမ်း ဆောင်ပြီး မိခင်သာသနာ့မြေသို့ပြန်ရောက်လာချိန်တွင်လည်း အရှိန်အဟုန်မပျက်
ကရင့်ရိုးရားစာပေ နှင့် ယဉ်ကျေးမှု ဖော်ထုတ်ရေးတွင်ထက်မြက်သောခေါင်းဆောင်တစ်ဦးအဖြစ်
ဆက်လက်ရပ်တည်နေသည်။ ၂၀၀၈ ခုနှစ်မေလတွင် ပြန်လွန်တော်မူသွားပြီဖြစ်သော ဖါသာရ်ဧမာနွဲလ်
စောအယ်ဖလားသည် စကောကရင် ဘာသာ စကားတွင်ကျွမ်းကျင်သောဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သည်။
သာသနာ့တာဝန်များကို ပိုးကရင်စကား ပြောသော စိန်မေရီမြွေဟောက်ချောင်း သာသနာတွင်နှစ်ပေါင်း
(၁၀)နှစ်၊ ကနစိုးကုန်းတွင်(၂) နှစ်၊ ကျုံတ လုတ်တွင် (၂) နှစ်၊ စသည့်နေရာများတွင် ထမ်းဆောင်ခဲ့သည်။
သူသည် စကောကရင်သာမက ပိုးက ရင်ဘာ သာစကားကို ကောင်းမွန်ပိုင်နိုင်စွာ ဟောပြော နိုင်သောဘုန်တော်ကြီးတစ်ပါးဖြစ်ခဲ့သည်။
၂၀၁၃ ခုနှစ် အတွင်း သြဂုတ်လ ၂၉၊ နှင့် ၃၀ ရက်တွင် ပြန်လွန်သွားခဲ့သော ဘုန်းတော်ကြီး
ဖါသာရ်ဂျက်စတင်းစောလွင်နှင့် ဖါသာရ် ဇော်ဇီမူး တို့၏ သမိုင်းဝင်ဆောင်ရွက်ချက်များကိုလည်း
မှတ်တမ်းတင်ရပေမည်။ ဖါသာရ်ဂျက်စတင်းသည် စာပေရှုဒေါင့်ထက် ကရင်အမျိုးသား (မျိုးဆက်သစ်လူငယ်များ)
ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိက္ခာတင်ပြီး ကျောင်းထိုင်ဘ၀နှင့် လူငယ်တာဝန်ခံဘ၀ မှ သည်
ပြန်လွန်တော်မူသည့် အချိန်အထိ သာသနာ့အမှုတော်ကို ထမ်းဆောင်ရင်း အမျိုးသားရေး လုပ်ငန်းများကို
တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။ ဖါသာရ်ဇော်ဇီမူး သည် လည်း သူတာဝန်ကျရာ မေရီလန်းသာသနာတွင်
တိမ်ကောပျောက်ကွယ်တော့မည့် ကရင် (စကော) ဘာ သာဖြင့် ၀တ်ပြုကိုးကွယ်ခြင်း ( ဓမ္မသီချင်း၊
မစ္ဆားတရား) တွင် တာဝန်ထမ်းဆောင်စဉ် (၁၀) ကျော်ကာ လအ တွင်း စွမ်းစွမ်းတမံ ဖော်ထုတ်မြှင့်တင်နိုင်ခဲ့သည်။
ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီသည် ၂၀၀၃ ခုနှစ်တွင် ပုသိမ်ဆရာတော်ဖြစ်လာသည့်အချိန်မှ
စတင်ကာ သာ သနာ့ အမှုတော်ကို စိတ်အားထက်သန်စွာ ထမ်းဆောင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်
ကရင်စာပေ နှင့် ယဉ် ကျေးမှုဖော်ထုတ်မြှင့်တင်ရေးလုပ်ငန်းများကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လာခဲ့သည်မှာ
ယခု အချိန် တိုင်ပင်ဖြစ်သည်။ သူ၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ဖါသာရ် ပီအူးဝင်းသန်း နှင့်
ဆရာမိုးဇယ်တို့ ဦး ဆောင်သော ခေတ်သစ် ဓမ္မသီချင်းကို စကောကရင်၊ ပိုးကရင်ဘာသာ စကားဖြင့်ပြန်ဆိုထုတ်ဝေခြင်း၊
နွေရာသီ ကရင်စာသင်တန်းများဖွင့်လှစ်ခြင်း စသည့်လုပ်ငန်းအတိုင်းအတာများကို ပုသိမ်ဂိုဏ်းအုပ်သာသနာ
လုံးအ တိုင်း အတာဖြင့်လုပ်ဆောင်လာခဲ့သည်။ ယခင်ကဘုန်းတော်ဘုန်းတော်ကြီးများ တစ်ပိုင်တစ်နိုင်ဖြင့်
လှုပ်ရှား ဆောင် ရွက်ခဲ့သော ရိုးရာစာပေနှင့်ယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ရေး လုပ်ငန်းများကိုယခုအခါ
သာသ နာ တစ်ခုလုံး အတိုင်းအတာအဆင့်အထိ စီမံကိန်းချအကောင်အထည်ဖော်လာနိုင်ခဲ့ကြသည်။ ဖိလစ်
ပိုင်နိုင်ငံ မနီ လာမှ ထုတ်လွှင့်သော ကရင်အသံလွှင့် အစီအစဉ်များကို ၂၀၀၉ ခုနှစ်၊ ဇွန်လမှစတင်က
ပုသိမ်တွင် ရုံးခွဲ ဖွင့် ကာလိုအပ်သောအသံလွှင့် အစီအစဉ်များကို စိန်ဖရန်ဇေးဗီးယား သီလရှင်များဦးဆောင်မှုအောက်တွင်
ဆက် ကပ်ကြသော ကရင်လူငယ်များ၏ လုပ်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြန်သည်။ ဆရာ တော်ကြီး
၏ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဘုန်းတော်ကြီး ဖါသာရ်ခင်မောင်အေး မှ ရေးသားသီကုံးပြီး
ရုပ်/သံသွင်း ထုတ်ဝေဖြန့်ချီခဲ့သော (ယဆူးနိုင်းဝေ) ပိုးကရင် ဗီစီဒီသည်လည်း အောင်မြင်ပေါက်ရောက်သော
ပိုးကရင် ဘာသာဖြင့် ထုတ်ဝေသည့် တေးစီးရီး ဗီစီဒီ ဖြစ်လာသည်။ ကရုဏာပုသိမ်မှ ဦးစီးကာ
နွေရာသီကရင် စာပေနှင့် ယဉ်ကျေးမှုသင်တန်းကို ပုသိမ်ဂိုဏ်းအုပ်သာသနာတစ်ခုံး အတိုင်းအတာဖြင့်
လူငယ်ပေါင်း (၁၀၀) ခန့်ကို ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ သုံးနှစ်ဆက်တိုက် ဖိတ်ခေါ်သော သာသနာများ၊ ကျေးရွာများသို့ စေလွှတ်နိုင်ခဲ့
သည်။ အောင်မြင်သော အကျိုးရလဒ်များကိုလည်းတွေ့ရှိ ခံစားကြသည်။
၃။
သာသနာတွင်း လက်ရှိအင်အားနှင့် အရင်းအမြစ်များ
ပုသိမ်ဂိုဏ်းအုပ်သာသနာသည် ယခုလက်ရှိ (၂၀၁၂) ကျောင်းထိုင်သာသနာပေါင်း
(၃၄) သာသနာဖြင့် ဖွဲ့စည်း ထားပါသည်။ ယင်း (၃၄) သာသနာကိုတစ်ဖန် ဇုံ (၃) ဇုံဖြင့် ခွဲဝေထားပါသည်။
ပုသိမ်ဇုံတွင် ကျောင်းထိုင် သာသနာ (၁၂) သာသနာ၊ ဟင်္သတဇုံတွင် ကျောင်းထိုင်သာသနာ( ၁၂)
သာသနာနှင့် မြောင်းမြဇုံ တွင် ကျောင်း ထိုင်သာသနာ(၁၀) သာသနာတို့ဖြစ်သည်။ ပုသိမ်နှင့်
မြောင်းမြဇုံတွင် ပိုးကရင်အများစုနေထိုင်ကြပြီး၊ ဟင်္သာ တဇုံ တွင် စကောကရင်အများစုနေထိုင်ကြသည်။
ကက်သလစ်ဘာသာဝင်ဦးရေ (၆၀၀၀၀) ကျော်ရှိပြီး၊ အားလုံး လိုလိုပင် စကော၊ ပိုးကရင်များဖြစ်ကြသည်။
ကက်သလစ်ဘာသာဝင်များထဲတွင် အရှိုချင်းလူမျိုး နှင့်ကုလား၊ တရုတ်လူမျိုး အနည်းငယ်ပါရှိသည်။
ယခုလက်ရှိ (၂၀၁၂) ပုသိမ်ဂိုဏ်းအုပ်သာသနာတွင် ကက်သလစ် ဘုန်း တော်ကြီးပေါင်း (၁၀၀) ကျော်ရှိနေပြီး၊
အားလုံးမှာ စကောနှင့်ပိုးကရင်များ ဖြစ်သည်။ ဓမ္မဆရာ၊ ဆရာမ ပေါင်း (၁၂၀) ခန့်မှာလည်း
ကရင်တိုင်းရင်းသားများဖြစ်ကြပြီး ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့်အတူ သာ သနာ အမှုတော်ကို
ပုသိမ်ဂိုဏ်းအုပ်သာသနာအတွင်း ထမ်းရွက်နေကြသည်။ စိန်ဖရန်စစ် သီလရှင်ဂိုဏ်း တွင်လည်း
သီလရှင်ပေါင်း (၄၀၀) ရှိသည်အနက် အများစုမှ စကောနှင့်ပိုးကရင် သီလရှင်များဖြစ်ကြသည်။ လက်ရှိ တွေ့မြင်ရသော အင်အား နှင့်အရင်းအမြစ်များသည်
နှစ်ထောင်းအားရ ဘွယ်ရာကောင်းလှပါသည်။
၎။
စနစ်တစ်ခု၏ ရိုက်ချိုးမှုခံရခြင်း ကို သတိပြုကြရန်
လက်ရှိဧရာဝတီတိုင်းဒေသကြီးတွင် အသုံးပြုနေသော ကရင် (စကော၊ပိုး)
စာပေရေးသားနည်းသည် ညီအစ်ကို နှစ်ချင်း သာသနာပြုများမှတီထွင်ဖော်ထုတ်ထားသော စာပေရေးသားနည်းများဖြစ်ပါသည်။
အင်္ဂလိပ်မြန်မာ ပထမစစ် (၁၈၂၆) ခုနှစ်ပြီး တင်္နသာရီတိုင်းသည် အင်္ဂလိပ်အစိုးရလက်အောက်သို့
ကျရောက်သောအခါ နိုင်ငံခြား သာသနာပြု အများအပြား ထိုနေရာသို့ရောက်လာကြသည်။ တွေ့ရသောဒေသခံ
ကရင်တိုင်းရင်း သားများ၏ စာပေဘာသာစကားများကိုလေ့လာပြီး ယင်းတို့အတွက် စာပေရေးသားနည်းများကိုတီထွင်
ဖော် ထုတ်ပေး ခဲ့သည်။ စကောကရင် စာရေးနည်းကို နှစ်ခြင်းသာသနာပြု ဂျော်နသန် ၀ိတ်ကလည်းကောင်း၊
ပိုးကရင်စာရေးနည်းကို နှစ်ခြင်းသာသနာပြု ဘရစ် တန်က လည်းကောင်တီထွင်ခဲ့သည်။ ထိုသို့ဖြင့်
၁၈၃၀ ကျော်ခန့်တွင် စကောကရင်ရော၊ ပိုးကရင်ပါ ကျမ်းစာများကို ဖြန့်ဝေနိုင်ခဲ့သည်။ ၁၈၄၁
ခုနှစ်တွင် အရှေ့ တောင်အာရှ၏ ပထမဦးဆုံးသော တိုင်းရင်း ဘာသာစကားဖြင့် ထုတ်ဝေနိုင်ခဲ့သည်
သတင်းစာမှာ ( မိုး သောက် ကြယ်အမည်ရှိ (ဆာထူးဝေါ) စကော ကရင် သတင်းစာပင်ဖြစ်သည်။ ထိုကရင်သတင်းစာသည်
နှစ် (၁၀၀) တိုင်တည်မြဲခဲ့ပြီး ၁၉၄၁ ဂျပန်များ မြန်မာ နိုင်ငံသို့ဝင်ရောက်လာသောအခါ
မှ ထုတ်ဝေဖြန့်ချီနိုင်မှု ရပ်တန့် သွားခဲ့သည်။ ၁၉၃၀ နှစ်ကျော်များတွင် ကရင်တိုင်းရင်းသားစာသင်ကျောင်းများ
ဖွင့်လှစ်နိုင်ခဲ့ကြသည်။ စကော ကရင်ဖြင့် ၁၀ တန်းအထိသင်ယူနိုင်ခဲ့ကြ ပြီး ပိုးကရင်ဖြင့်
၇ တန်းအထိသင်ယူနိုင်ခဲ့ကြသည်။
သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီတက်သည့်
အချိန်မှစတင်ပြီး တိုင်းရင်းသားစာသင်ကျောင်းများ ( National Schools) ၏ အခန်းကဏ္ဍများ
သည်မှေးမှိန် ပျောက် ကွယ်သွား တော့သည်။ စာသင် ကျောင်းများတွင် ဗမာ (မြန်မာ) စာသည် အဓိကနေရာတွင်
ရောက်ရှိလာပြီး၊ အင်္ဂလိပ်စာ သည် အလယ်ကျောင်း (၅ တန်း) ရောက်မှ စတင်သင်ယူခွင့်ရှိသည်။
စနစ်တစ်ခု၏ ရိုက်ချိုးခြင်းဒဏ်ကို ကရင်တစ်မျိုးသားလုံးခံလိုက်ရ သည်။ ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီ
(၃၁) ရက်နေ့တွင် သမိုင်း၊ ခ၀ဲခြံ၊ အင်းစိန်တိုက်ပွဲမှ ကရင့်တော်လှန်ရေး စတင်ခဲ့ သည်။
ဧရာဝတီတိုင်းဒေသကြီးတွင်စစ်အတွင်မွေးဖွားလာသည့် မျိုးဆက်သစ်အများစုမှာ ပြေးရင်း၊ လွှား
ရင်းဖြင့် ကရင်ဘာသာစကားကို နားလည်၊ ပြောဆိုနိုင်ရုံသာရှိပြီး ဖတ်ရှု၊ ရေးသားနိုင်ခြင်းမရှိတော့ချေ။
၁၉၆၀ နောက်ပိုင်း မွေးဖွားလာသည့် ကရင်မျိုးဆက်သစ်များသည်လည်း ကရင်စာကို သင်ယူနိုင်ခြင်း
မရှိကြ တော့ပေ။ ညီအစ်ကိုနှစ်ခြင်းအသင်းတော်များမှ ကျမ်းစာကျောင်း များ တွင်ကရင်(စကော၊ပိုး)
များဖြင့်သင်ကြား၊ သင်ယူများ ရှိနေခြင်း ကြောင့်သာ ယခုထက်တိုင်ဧရာ ၀တီတိုင်း ဒေသကြီးတွင်
ကရင်စာပေသည်တည်တန့် ခိုင်မြဲနေသေး သည်ဟုဆိုရ မည်သြာ ဖစ်သည်။
၅။
ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အရာများ
၅။(က)
နှစ်စဉ်နှစ်တိုင်း ကျင်းပကြသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ကရင်တစ်မျိုးသားလုံးအတွက်
ထူးခြား သည့် နေ့ရက်တစ်ရက်ဖြစ်သည်။ ၁၉၃၈ ခုနှစ်ကတည်းက အစဉ်အလာမပျက်ကျင်းပ လာခဲ့ကြသည့်
ကရင်အ မျိုးသားနှစ်သစ်ကူးနေ့သည် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးတွင်ရှိသော ကရင်ကျေးရွား
တော် တော် များများတွင် အမျိုးသားရေးနိုးကြားမှုတစ်ခုအသွင် ကျင်းပနေကြပြီဖြစ်သည်။ နှစ်ဟောင်းကုန်၊ နှစ်သစ်
ကူးသော အချိန်အခါကို ဖော်ထုတ်ကျင်းပကြ သကဲ့သို့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ကိုကျင်းပ
ခြင်းသည် ကရင် တစ်မျိုးသားလုံး၏ စုစည်းမှုတစ်ခုကိုလည်းဖော်ပြနေပါသည်။ ဘာသာတရား ယုံကြည်ရာ
ကြောင့် ကွဲပြား ခြားနားခြင်းမရှိစေပဲ ကရင်နှစ်သစ်ကူကျင်းပခြင်းတွင် ကရင်တစ်မျိုးသားလုံး၏
တစ်လုံး တစ်ဝတည်း အသွင်ကို ဖော်နေပါသည်။
၅။(ခ)
နိုင်ငံတော်၏ မ၀ံ့မရဲနှင့် ပွင်းလင်းလာသော လက်ရှိအနေအထားတွင် အရပ်ဘက်လူ့ အဖွဲ့အ စည်းများ
သည် လည်း မိမိတို့ နည်းဟန်များဖြင့် မိမိတို့ အရောင်အသွေးများကိုဖော်ထုတ်လာကြသည်။ လယ်သမား
အစည်း အရုံး၊ တံငါအင်းအိုင် အဖွဲ့အစည်းများ၊ မျိုးဆက်သစ်လူငယ်အဖွဲ့အစည်းများသည်လည်း
ယခုအခါ အံထွက် လာကြသည်။ ဖုံးဖိ၍မရနိုင်တော့ပေ။ မိမိတို့ ပြောဆိုလိုသည့် စကားများကို
ဝိုင်းဖွဲ့ပြော ဆိုလာကြ သည်။ အ လုပ်ရုံဆွေးနွေးပွဲများလည်း နေ့စဉ်ရက်ဆက် ပြုလုပ်လာကြသည်။
ကိုယ်စားလှယ်များသည်လည်း လွှတ်တော် စကားဝိုင်းတွင် ဖော်ပြဆွေး နွေးလာကြသည်။ ဤကဲ့သို့သောအနေအထားမျိုးတွင်
ကရင်လူထု ၏ လှုပ်ရှားမှု သည်လည်း အသက်ဝင် လာနေပါသည်။ ကရင်နှစ်သစ်ကူးကို အခြေပြုသော ကရင်အမျိုးသားလှုပ်ရှားမှုသာ
မကတော့ပဲ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု (နွေရာသီ ကရင်စာပေသင်တန်း) ကဲ့သို့သောလှုပ်ရှားမှု
များ၊ အစိုးရ စာသင်ကျောင်းများတွင် အခွင့်ပြုလာသော
ကျောင်းချိန်ပြင်ပ ကရင်စာသင်ကြားခြင်းများ၊ မူကြိုကျောင်း များ တွင် အခွင့်ပြုလာသော
မိခင်ဘာသာစကား ကိုကလေးငယ်များအားသင်ကြားခြင်းများသည် ထူးခြားသည် ပြောင်း လဲလာသောဖြစ်စဉ်များပင်ဖြစ်ပါသည်။ ထိုပြောင်းလဲခြင်းများကို အမိအရဆုတ်ကိုင်လျှက် တိုး
တက် ဖွံ့ ဖြိုးမှုအတွက် အကောင်အ ထည်ဖော်လုပ်ဆောင်ကြရပေမည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့
ကရင်လူထု များ သည် ပြောင်း လဲခြင်းလှိုင်းပေါ်တွင် မကူးခတ်နိုင်ပဲ၊ ပြောင်းလဲခြင်း၏ လှိုင်းအောက်တွင်
နှစ်မြှုပ်နေကြမည့်အ နေ အထား တွင်ရှိနေပါလိမ့်မည်။ ထို့ကြောင့် ကရင်လူထုများနေထိုင်သောကျေးရွာများတွင်
ကရင်စာပေ သင်ကြား လေ့ လာခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလုပ်ဆောင် ရန်အချိန်ကျရောက်လာပြီးဖြစ်သည်။
ကရင်များ အိပ်၊ စား ( အန်၊ မီ/ အော်၊ မီး) အချိန်မဟုတ်တော့ပါ။ ပြောင်းလဲလာသည့် အချိန်များနှင့်အညီ
အချိန် ကိုက် လိုက်နိုင်ရန် အသင့်အနေအထားတွင် အမြဲတမ်းရှိရပေမည်။
၅။(ဂ)
၂၀၁၄ တွင် နိုင်ငံတော်၏ထူးခြားဖြစ်စဉ်တစ်ခုအနေဖြင့် လူဦးရေသန်းခေါင်စာရင်းကို မတ်လ
၂၉ မှ ဧပြီလ ၁၀ နေ့အထိ (၁၂) ရက်တာ ကမ္ဘာ့ကုလသမ္မဂ၏ အကူအညီဖြင့် ကောက်ခံတော့မည်ဖြစ်သည်။
ဤကဲ့ သို့သော အနေအထားတွင် မသိသလို၊ မဆိုင်သလိုနေ၍မရတော့ပါ။ အားလုံးပါဝင် ကြရမည့် နိုင်ငံတော်
စီမံ ကိန်းဖြစ် သည်။ မေးမည့် မေးခွန်းပေါင်း ၄၁ ချက်ကို ဖြေဆိုကြရပေမည်။ မေးခွန်းတိုင်းသည်
အရေးကြီး ပါသည်။ မှန် ကန်စွာ ဖြေဆိုကြရန်လိုပါသည်။ နိုင်ငံတော်၏လူဦးရေစာရင်းကောက်ခံခြင်းသည်
နိုင်ငံ တော် ၏ ဖွံ့ဖြိုးရေး စီမံ ကိန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်လုပ်ဆောင်သော
လုပ်ငန်း တစ် ခုဖြစ်သည်။ နိုင်ငံတော်၏ လက်ရှိပကတိ လူဦးရေစာရင်းနှင့် ပကတိအခြေအနေကို
သိမှသာလျှင် ရှေ့ ဆက်လုပ်ဆောင်ရမည့် လုပ် ငန်းစဉ်များကို မှန်ကန်တိကျစွာ ချမှတ်လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့်
ယခု ကောက်ယူတော့မည့် လူဦး ရေသန်းခေါင်စာရင်းတွင် ကရင်လူထုများ တက်ကြွစွာ ပူးပေါင်းပါ
ဝင်ရန်အ ထူး လိုအပ်လှပါသည်။
၅။(ဃ)
ယခင်အတိတ်ကာလ၌ကောက်ခံခဲသော သန်းခေါင်စာရင်းများတွင် မှားယွင်းချက်များစွာရှိခဲ့ပါသည်။
မှန်ကန် သော ကရင် လူဦးရေ ကို မဖော်ပြနိုင်ခဲ့ပါ။ သမိုင်းတစ်ကွေ့မှားယွင်းချက်အပေါ်
မည်သူ့ကိုမျှ အပြစ်မ တင် လို တော့ပါ။ သို့သော်ယခုတစ်ခါ ထပ်မမှားရန်သတိကြီးစွာထားရပေမည်။ ကရင်များသည် မိမိအမည် ရှေ့တွင်၊ စော၊ နော်၊ မန်း၊
ဂါ့၊ နန့်၊ ထည့်သွင်းဖော်ပြခြင်းများကို လုပ်ဆောင်ရန်လိုလာပါသည်။ ကိုးကွယ် သည့် ဘာ
သာနှင့်လူမျိုး ကွဲကွဲခြားခြားဖြစ်စေပါ။ ကရင်လူမျိုးသည် ဗုဒ္ဒဘာသာ ကိုးကွယ်သော်လည်း၊ လူမျိုးမှာ ကရင် သာဖြစ်ရပေမည်။
ကရင်လူမျိုးသည် မိရိုဖလာ ဘာသာကိုးကွယ်သော်လည်း လူမျိုးမှာ ကရင် သာဖြစ ရပေ မည်။ ဧရာဝတီတိုင်းဒေသကြီးတွင်
ကရင်မျိုးနွယ်စု နှစ်မျိုးသာ ရှိသည်။ စကောကရင်နှင့် ပိုးကရင်သာ ဖြစ် သည်။ ထိုအမည်များ
( မေးခွန်း ၁၊ အမည် နှင့် မေးခွန်း ၈၊
လူမျိုး) ကို မှန်ကန်စွာ ဖော်ပြကြရန် အရေးကြီး
ပါသည်။ သို့မှသာလျှင်မှန်ကန်သော ကရင်လူဦးရေစာရင်းများကို နိုင်ငံတော်၊ ကုလသမ္မဂ္ဂမှတ်တမ်းများတွင်
ရောက်ရှိ မည်ဖြစ်သည်။ ယခုခေတ်သည် အင်တာနက်ခေတ်၊ တစ်ကမ္ဘာတစ်ရွာဖြစ်နေသောခေတ်ဖြစ်ပါသည်။
အချက် အလက်အမှားအယွင်းမခံပါ။ ရရှိထားသောအချက်အလက်(Data)ပေါ်တွင်အခြေတည်လျှက် နိုင်ငံ
တစ်နိုင်ငံ၏ အင်အား၊ လူမျိုးတစ်မျိုး၏ အင်အားနှင့် ရပိုင်ခွင့်များကို တွက်ချက်ကြပေတော့မည်။
ရှိသင့်သည့် အနေအထားထက် မလျှော့သင့် သကဲ့သို့၊
မလိုအပ်ပဲနှင့် မပိုသင့်ပါ။ ပကတိမှန်ကန်တိကျသည့်
အဖြေသည် အရေးကြီးပါသည်။
၆။
နိဂုံး။
အထက်ဖော်ပြပါ အချက်များပေါ် အခြေတည်လျှက် ယခု ဧရာဝတီတိုင်းဒေသကြီးတွင်
တည်ရှိနေသော ကျွန်ုပ် တို့ ပုသိမ်ကက်သလစ်သာသနာတော်ကြီးသည် ကရင်စာပေနှင့်ယဉ်ကျေးမှု၊
ကရင်လူထု ဖွံ့ဖြိုးတိုး တက်မှု တို့ ကို ကြီးမားသောတာဝန်ကြီးတစ်ရပ်အဖြစ် လက်ခံအကောင်အထည်ဖော်ရန်လိုအပ်နေပါသည်။ ဧရာဝတီ တိုင်း ဒေသကြီးနှင့် ကရင်လူထုသည် ခွဲ၍ မရပါ။ ပကတိအခြေအနေသည် ဖြစ်နေပါသည်။ ထိုတက်ပို၍ ပြောရလျှင်
ပုသိမ်သာသနာတော်နှင့် ကရင်လူထုကြီးသည် ခွဲ ၍မရနိုင်ပါ။ (အများစုကိုတည်၍ ပြောခြင်းဖြစ်ပါသည်။
အခြား သော ပုသိမ်သာသနာတော် တွင် မှီတင်း နေထိုင်နေကြသော ရခိုင်၊ချင်း၊ တရုပ်၊ ကုလားလူမျိုးများ
အရေး မကြီးဟု ကိုမ ဆိုလို ပါ။ အားလုံး တည်ရှိရာ ကဏ္ဍနှင့် အစိတ်အပိုင်းအလျှောက် အရေးကြီးပါသည်)။
ထိုအ ကြောင်း များကြောင့် ပုသိမ်ကက်သလစ်သာသနာနှင့်ကရင်စာပေယဉ်ကျေးမှုဖော်ထုတ်မြှင့်တင်ခြင်း
သုံးသပ်ချက် ကျွန်ုပ်တို့ လုပ်ဆောင်ပါဝင်ရမည့် အခန်းကဏ္ဍများကို ကွင်းကွင်းကွက်ကွက်
သိစေလိုသော သဘောဖြင့် ဖော်ပြရေး သားခြင်းသာဖြစ်ပါသည်။ သက်ဆိုင်သည်ဟုခံယူ၍ လုပ်ဆောင်နိုင်သော
သူများအား လုံး အားကြို ဆိုပါသည်။ ” မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား အသစ်သောသီချင်းကိုဆိုကြလော့”
” လူမျိုးတကာ အပေါင်းတို့ ကိုယ်တော်ကို ချီးမွမ်းကြကုန်လော့။”
Fr. Henry Eikhlein ( January 19, 2014)