၂၀၁၄ ၊ ပြည်လုံးကျွတ် လူဦးရေ သန်းခေါင်စာရင်း
( Population Census)ကောက်ယူမည့် နိုင်ငံတော်စီမံကိန်း အပေါ် အကြံပြု ဆွေးနွေးတင်ပြခြင်း
( ဧရာဝတီ တိုင်းဒေ သကြီး မှ ကရင် တိုင်းရင်းသားများ ကိုယ်စား တင်ပြချက်)
၁။
မြန်မာနိုင်ငံ၏လက်ရှိ လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း
ကို လာမည့် ၂၀၁၄ (မတ်၊ ဧပြီ) တွင် ပြုလုပ်ဆောင်ရွက်မည့် အစီအစဉ်ကို ကြိုဆိုထောက်ခံပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ စာ ရင်း သည် နိုင်ငံ၏
လက်ရှိပကတိအခြေအနေကို ဖော်ပြသောညွှန်းကိန်းများထဲတွင် တစ်ခု အပါ အ ၀င်ဖြစ်ပါသည်။ ယခုကဲ့သို့
နိုင်ငံတော်မှ ဦးဆောင် လျှက် မြန်မာနိုင်ငံ၏ လူဦးရေသန်း ခေါင် စာ ရင်း ကို ၂၀၁၄ ခုနှစ်အတွင်း
အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းသည် နိုင်ငံတော် ဖွံ့ဖြိုး တိုး တက်ရေးအတွက် ကြီးမားသော
ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်သည်။ လူဦးရေသန်း ခေါင်စာ ရင်းသည် နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သော
စာရင်းဖြစ်ပါသည်။ နိုင်ငံတော်၏ စီမံကိန်းများ၊ လျာ ထား ချက်များ၊ ခေတ်မီတိုးတက်အောင်
ဆောင်ရွက်ရန်ကိစ္စအလုံးစုံသည် လူဦးရေ ကိန်းဂဏန်း ပေါ်မူ တည် ၍ တွက်ချက်၊ လေ့လာ၊ ဆန်းစစ်၊
ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အကောင် အထည် ဖော်ကြရ သောကြောင့် ယခု ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းသည်
အရေးကြီး သည့် အမျိုး သား ရေးတာဝန်တစ်ရပ်ဖြစ်ပါသည်။
၂။
မြန်မာနိုင်ငံ၏ကျော်ဖြတ်ခဲ့သော သမိုင်းကြောင်းတွင် ရှေးဘုရင်များခေတ်ကာလက တည်းက လူဦး
ရေ စစ်တမ်းကောက်ယူခြင်းများရှိလာခဲ့သည်။ သာလွန်မင်းတရားကြီး လက်ထက်တွင် နိုင်ငံ တော်၏
လူဦးရေ စစ်တမ်းကောက်ခံခဲ့ ကြောင်း သမိုင်းအရ သိရသည်။ အင်္ဂလိပ်ကိုလိုနီအစိုးရ လက်ထက် တွင် ဆယ်နှစ်တစ်ကြိမ်ဆိုသကဲ့သို့၊
၁၈၇၂၊ ၁၈၈၁၊ ၁၈၉၁၊ ၁၉၀၁၊ ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁၊
၁၉၄၁ ခုနှစ်တွင် လူဦးရေ သန်းခေါင်စာရင်း ကောက် ယူခဲ့ ခြင်း၊ လွတ်လပ်ရေးရပြီးခေတ်၊
နှင့် မြန်မာ့ ဆိုရှယ် လစ်လမ်း စဉ်ပါတီခေတ် မတိုင်မှီ/တွင်း ၁၉၇၃၊ ၁၉၈၃ တွင် လူဦးရေ
သန်းခေါင် စာရင်း ကောက် ခဲ့ခြင်းများ ရှိခဲ့ကြောင်း သမိုင်းအထောက်အထားများအရသိရသည်။
၁၉၃၁ လူဦးရေ သန်း ခေါင် စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ (၁၅) သန်းရှိသည့်အနက်၊ ကရင်လူဦးရေမှာ
၁ သန်းနှင့် ၄ သိန်းရှိသည်ဟုဆိုသည်။ ( ၁၉၄၉
ခုနှစ် မတ်လ ထုတ် ပြည်သူ့စာပေ၊ စာတမ်းအမှတ်စဉ် (၃)၊စာမျက်နှာ ၁၆)။ တစ်ဖန် ၁၉၄၁
ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံလူဦးရေသည် (၁၇) သန်းတိုးတက်လာသောအခါ တွင်
ကရင် လူဦး ရေမှာ ၁ သန်း၊ ၆ သိန်းခန့် တိုးလာသည်ဟု ဆို ထား ပြန်သည်။ ( ၁၉၄၉ ခုနှစ် မတ်လ ထုတ် ပြည်သူ့ စာပေ၊ စာတမ်းအမှတ်စဉ်
(၃)၊ စာမျက်နှာ ၁၆)။ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ
(၂၈) သန်းရှိပြီး၊ ၁၉၈၃ တွင် ကောက်ယူသော လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေမှာ
(၃၄) သန်း ကျော်ရှိ သည် ဟုဆိုထားသည်။ ၂၀၁၀ ခုနှစ်တွင် (လူဦးရေ သန်းခေါင်စာရင်းအရမဟုတ်)
ခန့်မှန်းလူဦးရေ မှာ (၅၈) သန်းဟုဆိုထားသည်။ ရာခိုင်နှုန်းအရ တွက်ချက်ဖော်ထားရာတွင်
လက်ရှိ မြန်မာနိုင်ငံတွင် လူဦး ရေအချိုးအရ ဗမာ လူမျိုး (၆၈%) ရှမ်းလူမျိုး ( ၉%) နှင့်
ကရင်လူမျိုး ( ၇%) ဟူု၍ ဖော်ပြ ထားသည်။ ( Ref: from Wikipedia on Republic of the
Union of Myanmar )။ ထိုသို့ဆိုလျှင် လက်ရှိ မြန်မာ နိုင်ငံတွင် ကရင် တိုင်းရင်းသား
ဦးရေ မှာ (၄) သန်းကျော်သာ ရှိနေမည်ဖြစ်သည် ။ မြန်မာ နိုင်ငံသမိုင်းတွင် အစဉ်အလာအရ
ဒုတိယလူဦးရေ အများဆုံးဖြစ်ခဲ့သော ကရင်တိုင်း ရင်းသား များ သည် ခေတ်ကာလ ရွေ့လျောလာသည့်နှင့်အမျှ
လူဦးရေ လျှော့နည်း သွားခြင်းမှာထိပ်လန့် စရာ ဖြစ်နေ ပါသည်။ ကရင်တွေဘယ်ပျောက်ကုန်တာလဲ။
မေးစရာ မေးခွန်းများဖြစ်လာသည်။ ကိန်းဂဏန်း အရ ၀ါးမြိုခြင်းခံရ သောကြောင့်လော၊ သို့တည်းမဟုတ်
အမှန်တကယ် လျှော့နည်း သွားခြင်း ကြောင့် လော ဆိုသည့်အကြောင်း ရင်းများ ကိုလေ့လာ ဖော်
ထုတ်ကြ ရပေလိမ့်မည်။
၃။
ယခုဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးကို အခြေခံလျက် ဤတိုင်းဒေသကြီးအတွင်ရှေး ပ ဝေသဏီ ကာလကတည်းကမှီတင်းနေထိုင်လာကြသော
ကရင်တိုင်းရင်းသားများ၏ အကြောင်း ကို တင်ပြ ဆွေးနွေး လိုပါသည်။ ယခုအခါဧရာဝတီတိုင်းဒေသကြီးသည်
ခရိုင် ( ၆) ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်နှင့် မြို့နယ်ခွဲ (၇) မြို့နယ်ဖြင့်ဖွဲ့စည်းထားပါသည်။
မြိုပေါင်း (၂၉) မြို့၊ ရပ်ကွက်ပေါင်း ( ၂၁၉) ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ( ၁၉၁၂)
နှင့်ကျေးလက်ကျေးရွာပေါင်း (၁၁၆၅၁) ရွာ ရှိသည်ဟု ဖော် ပြထားပါသည်။ လက်ရှိလူဦးရေမှာ
၆ သန်း ၆ သိန်း ကျော်ရှိသည်။ ( Ref: from Wikipedia on Republic of the Union of
Myanmar )။ တည်ရှိနေသောကျေးလက်ကျေးရွာ အနေအထားကို ကြည့် လျှင် ကရင်တိုင်းရင်းသား အများစုသည်
လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး၊ မြို့ပြနှင့်ဝေးလံသော နေရာ များတွင်နေထိုင်ကြသည် ကိုတွေ့မြင်နိုင်သည်။
အေးဆေးစွာနေလိုသော ကရင်တို့၏ ဗီဇ သ ဘောကြောင့်လော၊ သို့တည်းမဟုတ် ဆူညံနေသည့် (ဗမာ/လူမျိုးခြား)
လူ့အသိုင်းအ၀ိုင်း နှင့် ကင်းကင်း ကွာကွာ နေလိုသော ဆန္ဒကြောင့်လော။ အတပ်မပြောနိုင်။
ဤသို့ဆိုလျှင် ဖော်ပြပါ ကျေး လက် ကျေး ရွာပေါင်း (၁၁၆၅၁) ရွာအထဲတွင်၊ ကရင်ကျေးရွာ ပေါင်း ၃ ပုံ ၂ ပုံမျှ ( ကျေးရွာ ၈၀၀၀
ခန့်) မရှိနိုင် သလော။ တည်ရှိနေသည့် မြို့ နယ်အ တော်များ များ၏ အနေအထားအရ ကျေးရွာ အုပ်စု
(၁၀၀) တွင် ကရင် ကျေးရွာ အုပ်စု သည် (၆၀ မှ ၇၀) ခန့်ရှိကြသည် ချည်းဖြစ်နေ သည်ကိုတွေ့
မြင်နေရပါသည်။ ဤ ကဲ့သို့သော အနေအထားကို တည်၍ သုံးသပ်ရလျှင် ဧရာဝတီ တိုင်းဒေ သကြီး တွင်
လက်ရှိ ကရင် လူဦးရေမှာ တိုင်းဒေသကြီး ၏ စုစုပေါင်း လူဦးရေ၏ တစ်ဝက်ဖြစ်လျှင် ကရင်
တိုင်းရင်းသားလူဦးရေ (၃) သန်းခန့် ရှိရပေလိမ့်မည်။ ဧရာဝတီ တိုင်းဒေသကြီး တစ်ခုတည်းပင်လျှင်
ပကတိသဘောအရ ကရင် တိုင်းရင်း သားဦးရေ (၃) သန်းခန့်ရှိနေပြီဆိုလျှင် မြန်မာနိုင်ငံ တွင်းရှိ
အခြား တိုင်းဒေသကြီများ( အထူးသဖြင့် (ရန်ကုန်၊ ပဲခူး၊ တင်္နသာရီ)နှင့် ပြည်နယ်များ (ကရင်၊
မွန်) တွင် ရှိ ကရင် များ နှင့် ပေါင်းလိုက်လျှင် ပကတိရှိနေမည့် ကရင်လူဦးရေ စာရင်းကို
တွက်ဆ နိုင်ပါ လိမ့်မည်။ ၄င်းအပြင် အခြေ အနေအကြောင်း အမျိုး မျိုးကြောင့် ဒေသစွန့်ခွာ
သွားကြရသော ကရင်များ၊ နိုင်ငံရပ်ခြား တိုင်း တစ်ပါး တွင် ရောက်နေ ကြသော ကရင်များ၊ မူလအရင်းအမြစ်
တစ်ခု တည်းဖြစ် ခဲ့သော်လည်း ပြောင်း လဲခဲ့ သော နိုင်ငံရေး အခြေအနေအရ (တောင်ပေါ်(ကေခို)၊
တောင် အောက် (ကေဘား) ၊ အဖြူ၊ အနီ၊ အမဲ၊) ခွဲခြား ခံရသော ညီအစ်များ နှင့်ပေါင်းစည်းလိုက်လျှင်
ပကတိ အဖြစ်နှင့် တည်ရှိမည့် ကရင် တိုင်းရင်း သား ဦးရေကို ခန့် မှန်း နိုင်ပါလိမ့်မည်။
၎။
၁၉၃၁ ခုနှစ်၊ ၁၉၄၁ ခုနှစ် များတွင်ကောက်ယူခဲ့သော လူဦးရေသန်းခေါင်စာရင်းတွင် ထည့်သွင်း
ပါဝင်သော ကရင်မျိုးနွယ်စုများနှင့် ၁၉၈၃ တွင်ထည့်သွင်းပါဝင်သော ကရင်မျိုးနွယ်စုများ
မှာ သိသိ သာသာ ကွာ ခြားသွားပါသည်။ ပအို့( တောင်သူ)တို့မှာ ၁၉၅၁-၅၂၊ လူမျိုးစုစစ်တမ်းကောက်ယူခြင်း
အရ ၊သီသန့် လူမျိုးအုပ် စုဖြစ်လာသည်။ ကရင်မျိုးနွယ် အုပ်စုထဲ
တွင် မပါတော့ ပါ။ ၁၉၃၇-၃၈ ကရင်နှစ် သစ်ကူး/အမျိုးသားနေ့တောင်းဆိုရာတွင် ညီအစ်ကို ပအို့(
တောင်သူ) ပါဝင်ခဲ့ပါသည်။ ဤသည်မှာ လူဦး ရေကိန်း
ဂဏန်း အရ လျှော့ နည်းသွား ရခြင်း အကြောင်းတစ်ခုဖြစ်ခဲ့ သည်။ တစ်ဖန် ဗုဒ္ဒဘာ သာကိုး ကွယ်သော
ကရင်များ၊ မိရိုးဖ လာဘာ သာကိုး ကွယ်သူ ကရင်များကို ”ဗမာ” လူမျိုးစုထဲသို့ ထည့်သွင်း
လိုက်ခြင်း သည်လည်း လူဦးရေ ကိန်း ဂဏန်းအရ လျှော့ နည်းရသွားခြင်း အကြောင်း တစ်ရပ်ဖြစ်လာသည်။
ဒီအကြောင်းနဲ့ပါတ်သက်ပြီး ရေးသား ထားချက်တစ်ချက်ကို ဖော်ပြချင်ပါတယ်။
“ The 1931
Census had seriously underestimated the number of Karens in Burma, because the
census-takers had tended to lump Buddhist Karens together with Buddhist
Burmese”. (Anatomy of A Betrayal: the
Karens of Burma, from a modern history of southeast Asia, Pg. 68). ဒီနေရာမှာ
သတိပြုရမယ့် အချက်က ကိုးကွယ်ယုံကြည်မှု၊ ဘာသာတရား နဲ့ လူမျိုး ကို ခွဲခြား သိမြင်ဖို့
ပဲဖြစ်ပါ တယ်။ အဲဒီအကျိုးဆက်က ဘယ်လိုဖြစ်သွားသလဲ ဆိုရင် “ The whole Britain’s
policy towards the Karens at this time was based on the assumption of the 1931
census that there were around on million Karens
(compared to over nine and a half millon Burmans) in Burma, while the
Karens argued that their number was nearer three or four million. This was a
matter of vital importance in an era of decolonization and its attendant rush
to define ethnic and national identities and aspirations.” (Anatomy of A Betrayal: the Karens of Burma, from a modern history of
southeast Asia, Pg. 68).
၅။
ဧရာဝတီတိုင်းဒေသကြီးတွင် ရှိသော ခရိုင် (၆)
ခရိုင်ရှိသည့်အနက် ကရင်ဘာ သာစကားကို သုံး နှုန်းပြော ဆိုမှု အားနည်းလာသော ခရိုင်များ
( မအူပင်၊ ဖျာပုံ၊ ဟင်္သတ) လည်းရှိ လာ သည့် အ လျောက်၊ မျိုး ဆက်သစ်များကြားတွင် ကရင်စကား
မပြော တတ် တော့ သော ကရင် တိုင်း ရင်းသား များ လည်း ရှိလာသည်။ မိခင်ဘာသာစကား မပြောတတ်တော့
သော်လည်းမျိုးရိုးအစဉ်အလာအရ ကရင် မိသား စုမှ ဆင်းသက်လာသူများဖြစ်နေသောကြောင့် လူဦးရေ
သန်းခေါင်စာရင်း တွင် ကရင် လူမျိုး ဟူ၍သာ စာရင်း ၀င်ရပေလိမ့်မည်။ ဘာသာစကားမတတ်တော့သော
အကြောင်းပေါ်အခြေပြု လျှက် ခွဲခြား ဆက် ဆံခြင်းမပြုသင့်ပါ။
( Karen is a Karen
whether he/she still knows his/her mother tongue or not, his/her identity is not
changed. But he/she is encouraged to learn his/her mother tongue) ထိုသို့မဟုတ်ပါက
ကရင်လူဦး ရေ မှာ ပကတိ အဖြစ် မှန် အ တိုင်း ထွက် ပေါ်လာမည်မဟုတ်တော့ပေ။ ယခုအခါ ကရင်တိုင်းရင်းသား
တော်တော်များများ သည် မိမိ တို့ ၏ အမည်ရှေ့တွင် မန်း၊ စော၊ ဂါ့၊ စ”၊ နန့်၊ နော်တို့ကို
ထည့်သွင်းဖော်ပြရမည့်အစား ဦး၊ ဒေါ်၊ မောင်၊ မ၊ များ တပ်၍ ခေါ် လာကြခြင်းကြောင့် ရှိသင့်သည့်
လူမျိုး၏ ပကတိ အဖြစ်ကို ဖော်ပြခြင်း အား နည်းလာကြသည်။ အခြားတိုင်း ရင်းသား များဖြစ်ကြသော
ကချင်၊ ရှမ်း၊ ချင်း စသည့် တိုင်း ရင်း သား များသည် မိမိတို့၏ အမျိုးဇာတိ ကို မိမိ
အမည်နာ မဖြင့် ဖော်ပြ လျှက်ရှိကြသည် ကရင် တိုင်း ရင်း သားများ အတုယူကြရပေလိမ့်မည်။ မိမိနာမည်ရှေ့ တွင်
ဦး၊ ဒေါ်၊ မောင်၊ မ၊ တတ်ခြင်းဖြင့် သော် လည်းကောင်း၊ စိုင်း၊ နန်း တတ်ခြင်းဖြင့်သော်လည်းကောင်း၊
ဆလိုင်း၊ မိုင်၊ တတ်ခြင်း ဖြင့် သော် လည်း၊ မစ္စတာ၊ မစ္စစ် ( Mr/Mrs/Miss) ခေါ် တတ်ခြင်းဖြင့်သော်လည်းကောင်း၊
ပကတိရှိရင်းမူလဇာတိ ပျောက်ပျက်ရန်မရှိနိုင်ပါ။ သို့သော် ကရင်ဖြစ်ခြင်းတွင် မိမိတို့၏
ဇာတိသွေးဇာတိမာန်ဖြစ်သော ( စော၊ နော်၊ စ၊ နန့်၊ မန်း၊ ဂါ့) တို့ မှာ တန်ဖိုးကြီးလှပါသည်။
၆။
De jure Method အရသော်လည်းကောင်း၊ De
facto Method အရသော်လည်း ပူးတွဲ ကာ ကွင်းဆင်း ကောက်ယူတော့မည့် Population Census ခေါ်
ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်း သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုတို့၏
အသက်ပင်ဖြစ်သည်။ အမှားအယွင်းမခံနိုင်ပါ။ ကမ္ဘာ့ ကုလ္လသမ္မဂ္ဂမှ ထောက်ပံ့သည်။ စောင့် ကြည့်နေပါသည်။
အတည်ပြုနေမည်ဖြစ်သည်။ ကရင်တိုင်း ရင်း သား လူဦး ရေစာရင်း ရှိနေသည်ထက် မနည်းစေလိုပါ။
ရှိနေသည်ထက်လည်းမပိုစေလိုပါ။ အနီး ကပ် ဆုံး ပကတိအမှန်တရား တစ်ခုကို ဖော်ထုတ်ကြရန် အရေးကြီးပါသည်။ ဤကိစ္စပါတ်သက်၍ မြန်မာ နိုင်ငံ၏ သမိုင်းတွင် အထပ်ထပ်အခါခါ
အမှားအယွင်းများရှိခဲ့ပါသည်။ ငြင်းစရာမလိုပါ။ (ဖော်ပြပြီး ဥပမာ၊ ၁၉၃၁၊ လူဦးရေသန်းခေါင်စာရင်း)။
၂၀၁၄ လူဦးရေသန်းခေါင်စာရင်း ( Population Census) ကို ကြိုဆိုပါသည်။ မှန်ကန်သော၊ ပကတိအရှိတရားအတိုင်းဖြစ်သော
လူဦးရေ သန်း ခေါင်း စာရင်းဖြစ် ပါစေ။
Fr.
Henry Eikhlein ( fr.eikhlein@gmail.com)
(Catholic
Priest of Diocese of Pathein, Ayeyarwaddy Region, Myanmar)
January
6/ 2014
No comments:
Post a Comment