၁။ ဒီနေ့ဒီမှာ စုရုံးရောက်လာကြတဲ့
( Pan Pwo Karen) တစ်ကမ္ဘာလုံးဆိုင်ရာ ပိုးကရင် မိသားစု တွေကို နှစ်ထောင်းအား ရခြင်းများစွာနဲ့
နှုတ်ခွန်းဆက်ပါတယ်။ ဒီလိုတွေ့ဆုံပွဲမျိုးရှိခဲ့ကြတယ်ဆိုတာ ပြီးခဲ့တဲနှစ်၊ ၂၀၁၂ လောက်ကမှ
သိရှိလာရပါတယ်။ Global Karen တွေ့ဆုံပွဲတွေ ရှိတယ်ဆိုတာ တော့ ကြားတာ ၄ နှစ်၊ ၅ နှစ်လောက်ရှိပြီ။
တစ်ကမ္ဘာ တစ်ရွာ ဖြစ်လာတဲ့ခေတ် မှာ ဒီလို အခင်း
အကျင်းမျိုးတွေ ဖြစ်လာကြ တာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်အခါ ဖြစ်လို့ဖြစ်လာကြ တယ်လို့ပဲ
ယူဆနိုင်ပါတယ်။ ဒါထက်ပိုပြီး အရှိန်အဟုန်ကြီးမားစွာ ဖြစ်လာဖို့ လည်း မျှော်လင့် ပါတယ်။
၂။ ကျွန်တော်ကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်သားတစ်ယောက်ဖြစ်ပါတယ်။
၁၉၆၀ မှာ ပိုးကရင် (ဖလုံးမွတ်ထိပ်) မိဘနှစ်ပါးမှ မြောင်းမြမြို့နယ် ကရင်ရွာလေးတစ်ရွာ
မှာ မွေးဖွားခဲ့ပါတယ်။ အိမ်ခြ (၃၀) လောက်သာရှိတဲ့ ရွာမှာ တစ်ရွာလုံးက မိသားစုအသိုင်းအ၀ိုင်းတွေဆိုတော့
တစ်ရွာ လုံးက လည်း ပိုးကရင် လိုပဲပြော ကြပါတယ်။ မူကြိုကျောင်းတွေလည်းအဲဒီအချိန်အခါ
မှာ မရှိလေတော့ အသက် (၇) နှစ် အရွယ် ရောက်တော့မှ ရွာနဲ့ (၂) မိုင်လောက် ဝေးတဲ့ မူလတန်းကျောင်းရှိတဲ့ရွာမှာ
ကျောင်း စတက်ခဲ့ ရပါတယ်။ ဗမာစကားကို ကျောင်းတက်တဲ့အချိန်မှ စသင်ရပါတယ်။ ဧရာဝတီတိုင်း
မြောင်းမြ ခရိုင်၊ မြောင်းမြ မြို့နယ် ဆိုတာ လူဦးရေရဲ့ ၈၀% ဟာ ကရင်တိုင်းရင်းသားတွေ
ဖြစ်ပါ တယ်။ ကရင်စကား တော်တော်ပြော နေသေးတဲ့ မြို့နယ်လို့လည်း ဆိုနိုင်ပါတယ်။ အထက်
တန်းကျောင်း ကို မြောင်းမြ အထက (၃) မှာ ၁၉၇၈ ခုနှစ်မှာ အောင်မြင်တဲ့အချိန်အထိ ကျွန်တော်ဟာ
မြောင်းမြမြို့နယ် တွင်း ကျေးရွာ ဒေသများတွေမှာ လည်ပတ်ရောက်ရှိခဲ့ပါတယ်။ ဘာသာရေး စာပေနဲ့
သာသနာ့ ၀န်ထမ်း ဖြစ်လာတဲ့ အခါမှ သာ မူရင်းအရပ်ဒေသနဲ့ ဝေးကွာ သွားတဲ့ အချိန်တွေ တစ်ချို့
ဖြစ်သွား ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက စတင်ပြီး ကျွန်တော်ဟာ ဘာသာရေး၊ လူမှုရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့
ပုသိမ် ကိုအခြေပြုပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် အတွင်း ဆောင် ရွက်လာခဲ့ပါတယ်။ ကရင်စာပေ
နဲ့ယဉ်ကျေးမှု ထိမ်းသိမ်းမြှင့်တင်ရေးမှာတော့ ပုသိမ်ပိုးကရင်၊ စကောကရင်နှစ်ခြင်း အသင်းတော်များ
နဲ့တွဲဖက်လုပ်ဆောင်ပါတယ်။ အထူးသဖြင့် နွေရာသီ ကရင်စာသင်တန်းများ၊ အစိုးရမူတန်း ကျောင်းများ
မှာ ကရင်စာကို ကျောင်းချိန်ပြင်ပ စာအဖြစ် သင်ကြားခြင်းများ၊ နဲ့ ဖိလိပိုင် မနီလာနဲ့
တွဲဖက်ပြီး ရေဒီယို အသံလွှင့် အစီအစဉ်များတွေကို ဦးစီး ဆောင်ရွက်လာခဲ့ပါတယ်။ ဒါတွေကတော့
ကရင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အကြောင်း တစ်စေ့ တစ်စောင်း ပြောပြလိုက်ခြင်းပဲဖြစ်ပါတယ်။
ကျော်ဖြတ်လာခဲ့ တဲ့ သက်တာ တစ်လျှောက်လုံးမှာ ဖြစ်ပျက်သမျှ အရာတော်တော်များများကို ကရင်အမျိုးသားတစ်ဦးရဲ့
အမြင်နဲ့ ကြည့် ရှုလေ့လာ မှတ်သားလာခဲ့ပါတယ်။ ပြည့်စုံတဲ့ လေ့လာမှု မျိုး ကတော့ အများကြီးလိုပါသေးတယ်။
အခု ကျွန်တော် တင်ပြမယ့် အကြောင်းအရာလေးတွေက ကျွန်တော်ရဲ့ ကိုယ်ပိုင် အမြင်နဲ့ သုံးသပ်
ချက် တွေ သာဖြစ်ပါတယ်။
၃။ ကျွန်တော်တို့ကရင်တွေ
ဘယ်ကလာကြသလဲ၊ ကရင်တွေရဲ့မူလဇာတိကဘယ်ကလဲ၊ ဧရာဝ တီမြစ်ဝကျွန်းပေါ်ဒေသက ကျွန်တော်တို့ကရင်တွေရဲ့
မူရင်းဒေသပဲလား၊ ဆိုတဲ့မေးခွန်းတွေကို ကျွန် တော် တော်တော်စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့်
ရှေးဦးသာသနာပြုတွေရဲ့ စာပေ စာတမ်း တွေကို ကျွန်တော်လိုက်လံရှာဖွေခဲ့တယ်။ ဖတ်ခဲ့ပါတယ်။
အင်္ဂလိပ်လိုရေးတဲ့ မှတ်တမ်းမှတ်ရာတွေ တွေ့ခဲ့ သလို၊ ပြင်သစ်၊ အီတလီလိုရေးခဲ့တဲ့ သာသနာပြုများတွေရဲ့မှတ်တမ်းတွေလည်းတွေ့ခဲ့ပါတယ်။
ကရင် အကြောင်း သီးခြားရေးသားထားတာမျိုး ရှိသလို၊ သာသနာပြု သမိုင်းနဲ့ဆက်နွယ်ပြီး ရေးသား
ထား တာမျိုးလည်းတွေ့ရပါတယ်။ ဒီလိုရှေးဟောင်းမှတ်တမ်းတွေကို အခြေပြု ပြီး တင်ပြထားတဲ့
စော အောင်လှ ရဲ့ ကရင်သမိုင်းကို လည်း ဖတ်ခဲ့ရပါတယ်။ တစ်ချို့အပိုင်းက Legendary ဆန်တယ်
လို့ပြော နိုင်ပေမယ့် တချို့ အပိုင်းတွေကတော့ ဆက်လက်လေ့လာ သုတေသနပြုစရာ တွေလည်း ရှိနေပါတယ်။
၎။ ကျွန်တော်ဖက်က သုံးသပ်တင်ပြချင်တဲ့အချက်ကတော့
ကရင်တွေဟာ ရှေးပဝေသဏီကတည်း ကတည်ရှိနေတဲ့လူမျိုးတစ်မျိုး၊ လက်ရှိမြန်မာနိုင်ငံကို အဦးဆုံးတည်ရှိ/၀င်ရောက်လာတဲ့လူမျိုးတစ်မျိုး၊
ကိုယ်ပိုင် ဓလေ့ထုံးတမ်းစဉ်လာ၊ စာပေအနုပညာနဲ့ တည်ရှိခဲ့တဲ့ လူမျိုးတစ်မျိုး၊ အာဏရှင်အုပ်ချုပ်
မင်း လုပ်သူ တွေရဲ့အုပ်စိုး မှုအောက်မှာဖိနှိပ်ခံခဲ့ ရတဲ့လူမျိုးတစ်မျိုး၊ အင်္ဂလိပ်ကိုလိုနီ
အစိုးရလက် ထက်မှာ စင်မြင့်ပေါ်အထိုက်အသင့်ရောက်လာတဲ့လူမျိုးတစ်မျိုး၊ နဲ့ အခုထိတိုင်
လက်ရှိမြန်မာနိုင်ငံနဲ့ ကမ္ဘာ ပေါ်မှာ တည်ရှိနေတဲ့လူမျိုးတစ်မျိုးလို့ပဲ ဆိုချင်ပါတယ်။
ကရင်တွေ ဘယ်ကလာသလဲ ဆိုတာ ထက် ကရင်တွေ ဒီမှာ အခုရှိနေသေးတယ် ဆိုတဲ့ အချက်က ကျွန်တော်
ပိုပြီးစိတ်ဝင်စား တဲ့ အရင်းအမြစ်တွေပဲ။ ပြောင်းလဲလာတဲ့ ကမ္ဘာ့လူဦးရေနဲ့အတူ ကရင်တွေဟာ
ရှေးပဝေသဏီက လူဦး ရေအရ၊ ရာ၊ ထောင်၊ သောင်း၊ လောက်ပဲရှိနေခဲ့တဲ့ အနေအထားကနေ အခုဆိုရင်
သိန်း ဂဏန်း တောင်မကတော့ပါဘူး။ သန်းနဲ့ချီရှိနေကြပါပြီ။ ဒါဟာကျွန်တော်တို့ရဲ့အရင်းအမြစ်တွေပဲ။ လက်ရှိ မြန်မာနိုင်ငံသာမက
အခြား တိုင်း နိုင်ငံမှာ လည်းရောက်ရှိနေတာဟာ လည်းကျွန်ုပ်တို့ရဲ့ အင်အား တစ်ခုပဲ။ အခုလိုတစ်ကမ္ဘာ
တစ်ရွာ ဖြစ်လာတဲ့ခေတ်မှာ ကျွန်တော်တို့တတွေ ဘယ်မှာနေ၊( where are we?) ဘာတွေလုပ်နေကြသလဲ
( what are we doing?) ဆိုတာထက် ကျွန်တော်တို့တတွေ ဘယ်လို ဆက်သွယ် မှုယူပြီး ( how
we get connected and work for a common goal) ဘုံ ဦးတည်ချက် အတွက် ဘာလုပ်ကြမလဲဆိုတာ
ကသာ ပို အရေးကြီးနေပါတယ်။ ဧရာဝတီမြစ်ဝ ကျွန်း ပေါ် ဒေသ က တော့ လက်ရှိ ကမ္ဘာ့မြေပုံပေါ်
မှာ ကရင်တွေ တစ်စုတစ်ဝေးနဲ့ အများဆုံး နေထိုင်ရာ ဒေသလို့ ပြောရင် မှား မယ်မထင်ပါဘူး။
၅။ နှစ် (၆၀) ကျော်၊ ဖြတ်သန်းလာခဲ့
တဲ့ လွတ်လပ်ရေးရပြီး လက်ရှိမြန်မာနိုင်ငံရဲ့ သမိုင်းမှာ မြစ်ဝ ကျွန်းပေါ်၊ ကရင်ပြည်နယ်နဲ့
အခြားကရင်တွေရှိတဲ့ ပြည်နယ်၊ တိုင်းအသီးသီးမှာ
ကရင်တော် တော် များများ ဟာ လူမျိုးနဲ့စာပေ မှေးမှိန်ခြင်းပျက်သုန်းဖို့ အန္တရယ်
ပြုမှု ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ ဒီလို ပြင်းထန်လှ တဲ့ ရိုက်ချက်တွေ ကြားမှာ ကရင်တွေဟာ
မားမားမတ်မတ် ရင်ဆိုင် ကျော်ဖြတ် လာကြတာ ဟာ ခုချိန် ထိပါပဲ။ ပြင်းထန်တဲ့ ရိုက်ချက်ရဲ
အကျိုးဆက်ကြောင့် ကရင်တော်တော် များ များကရွာ ပျောက်ကြ တယ်။ မိသားစုပျောက်ကြတယ်။ စာပေတွေပျောက်ကြတယ်။ တချို့
စကား တွေလည်း ပျောက်ခဲ့ကြ ပါတယ်။ တစ်ချို့လည်း အခြားတိုင်းတစ်ပါးရောက်ကြတယ်။ ဒီလိုခက်ခဲ
ကြမ်းတမ်းတဲ့ အခြေအနေ ကြားမှာ အမျိုးသားစာပေနဲ့ဘာသာစကားကို အတတ်နိုင်ဆုံး ထိန်းသိမ်း
မြှင့်တင်ပေးတဲ့ KBC/PKBC ကို ကျွန်တော့် အနေနဲ့က ကျေးဇူးတင် ပါတယ်။ ဂုဏ်ပြုပါတယ်။
၁၈၃၀ ကျော်လောက် က ချပေးခဲ့တဲ့ သာသသနာပြုကြီးတွေရဲ့ အမွေအနှစ် နဲ့ Mandate ကို မားမား
မတ်မတ် ဖော်ဆောင်လုပ်ကိုင်နိုင်ခဲ့ခြင်းတွေအတွက် ကျွန်တော်တို့ကရင် တစ်မျိုးသားလုံက
ဂုဏ် ယူကြ ရမှာဖြစ်ပါတယ်။ (ဒီနေရာမှာကျွန်တော့် အနေနဲ့ခရစ်ယာန်တစ်ဦး ရဲ့အမြင် ဆန်လွန်ရင်
လည်းခွင့်လွှတ်ပါ)။
၆။ ကမ္ဘာ့ ကုလသမ္မဂ္ဂ က ကြေညာ
ချက်ထုတ်ခဲ့ပါတယ်။ ကမ္ဘာပေါ် မှာ ရှိတဲ့ ဘာသာစကားပေါင်း (၅၉၀၀) လောက်မှာ တစ်ဝက်က ထိမ်းသိမ်းမှု
မရှိရင် ဒီ ၂၁ ရာစု မကုန်မှီ လုံးဝ ပပျောက် သွား တော့မှာ ဖြစ်တယ်။ (ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
ဘာသာစကားပေါင်း ၁၃၅ မျိုး ရှိတယ် လိုဆိုတယ်)။
The United Nations (UN) said
on May 14, 2009 at Lagos, that 5900 languages worldwide may become extinct
before the end of the 21st century if measures to protect them are
not introduced. The United Nations (UN) said that languages remain critical to
the achievement of the Millennium Development Goals (MDGs) 2015, on education,
urging that children should be taught their dialects at an early age.
၂၀ ရာစုအတွင်း အောင်မြင်တဲ့တီထွင်မှုတွေဖြစ်တဲ့
(ကွန်ပြူတာ ၁၉၄၁)၊( ကွန်ပြူတာ ကွန်ယက် WWW၊ ၁၉၉၀) တို့ ရဲ့အကျိုး သက်ရောက်မှုတွေကြောင့်
ကမ္ဘာ့ ဆက်သွယ်မှု၊ ဖလှယ်မှုတွေက ကျုံ့ လာတယ်။ replay ကို မကြည့်ချင်တော့ပဲ real time
(Live) ကိုပဲ ကြည့်ချင်လာကြတယ်။ အင်အားကြီးတဲ့ ဘာသာ စကား တွေက အင်အားနည်းတဲ့ ဘာသာစကားကို
ဝါးမြိုလာကြတယ်။ ဒါ့ကြောင့် ထိုက်သင့်တဲ့ ကိုယ်ခံအား မကောင်းရင် ကရင်ဘာသာစကားတွေဟာလည်း
၂၁ ရာစု ရဲ့ ဘာသာ စကားဝါးမြိုခြင်း virus ကနေ ကင်းလွတ်မှာ မဟုတ်ဘူး။ ကိုယ်ခံအားကောင်းအောင်
ဘယ်လို လုပ်ကြမလဲ။ ကိုယ်ခံ အားမကောင်းလို့ကတော့ ကျွန်တော်တို့ မျိုးပြုတ်နိုင်တယ်။
ဒီနေရာမှာ ဆင့်ကဲဖြစ်စဉ် အကြောင်းကို လေ့လာခဲ့တဲ့ သိပံပညာရှင်ကြီး ချားလ်စ် ဒါဝင် ရဲ့
အဆိုအမိန့်လေး ကစိတ်ဝင်စားစရာကောင်းတယ်။ “ It is not the strongest species that
can survive nor the most intelligent but the most responsive to change”. မပျက်သုန်းပဲ
ဆက်လက်တည်မြဲတဲ့ မျိုးစေ့ဗီဇ( မျိုးနွယ်စု ) ဆိုတာ အင်အားကောင်းလွန်းလို့ လည်းမဟုတ်ဘူး၊
ထက်မြက်လွန်း လို့လည်း မဟုတ်ဘူး၊ ပြောင်းလဲမှု အပေါ်လိုက်လျောညီထွေ တုန်ပြန်နိုင်ခြင်းကြောင့်သာဖြစ်ပါတယ်။
၇။ ပြောင်းလဲနေပါတယ်။ အရာရာပြောင်းလဲနေပါတယ်။
ပြောင်းလဲနေခြင်း သည်သာ မပြောင်း လဲပဲရှိနေပါတယ်။ Philosophical statement တစ်ခုပါ။
“ Nothing is permanent, everything is changing, only change is not changing”…ကျွန်တော်တို့ကရင်တွေ
အခု ၂၁ ရာစု အထိ ရှိနေသေးတယ်ဆိုတာ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့တဲ့ ပြောင်းလဲခြင်းတွေ အပေါ်
ဟန်ချက်ညီညီ ကစားတတ်လို့ပဲ လို့ ပြောချင်ပါတယ်။ ဆိုးညစ်တဲ့ အုပ်စိုးသူ မင်းတွေရဲ့ ခေတ်မှာ
ကရင်တွေ ဟာ ရှောင်ရှားပြီး တောကြိုတောင်ကြားတွေမှာ ပုန်းလျှိုကြတယ်။ ဘ၀မြှင့်တင်ပေးသူ
တွေနဲ့တွေ့ လာတဲ့ ခေတ်မှာလည်း ပညာတတ်အသိုင်းအ၀န်းထဲဝင်ဆန့်လာပြန်တယ်။ ပြောင်းလဲခဲ့တဲ့
ခေတ် ကာလ အပေါ် ကစားခဲ့ကြတဲ့ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ ကစားကွက်တွေပါပဲ။ အခုခေတ် ကာလက ပြောင်းလဲမှုတွေ က မြန်ဆန် လာတယ်။ ယှဉ်ပြိုင်မှုတွေလည်းဖြစ်လာတယ်။
အရင် ကရာစု တစ်စု လောက် အချိန်ယူ တည်ဆောက် ရတဲ့ အလုပ် တွေဟာ အခုဆို ဆယ်စု နှစ်ပိုင်းထဲ
မှာ ပြီးမြောက် အောင် လုပ်ဆောင်လာနိုင်ကြတယ်။ အရင်က လနဲ့ ချီကြာ သွားရတဲ့ ခရီးတွေလည်း
နာရီ ပိုင်းအ တွင်းနဲ့ ရောက်လာနိုင်ကြတယ်။ Time နဲ့ Space တွေ ကျုံ့လာပါတယ်။ ကျွန်တော်
တို့ကရင်တွေဟာ ပြောင်းလဲ ခြင်းကို မကိုင် တွယ်တတ်ရင် ပြောင်းလဲခြင်းရဲ့ သားကောင် သာလျှင်
ဖြစ်ကြပါလိမ့်မယ်။ “ If you can not be master of change, you will be victim of
change”! လို့ဆိုပါတယ်။ ပြောင်းလဲခြင်းရဲ လှိုင်းလုံးကို မစီးနှင်းတတ်ရင်တော့ ကျွန်တော်တို့တတွေ
ပြောင်း လဲခြင်းလှိုင်းလုံး အောက်မှာ နှစ်မြုပ် ကြမှာပဲ။ ဒါ ဟာခေတ် ကာလအဆက်ဆက်က စိန်ခေါ်မှု
တွေဖြစ်ခဲ့သလို အခု ကာလ ရဲ့စိန်ခေါ်မှု လည်းဖြစ် ပါတယ်။ ကျွန်တော် တို့ ကရင်ဘိုး ဘေးများတွေဟာ
ခေတ်ကာလ ရဲ့လှိုင်းလုံး ကြီးတွေကို ပိုင်ပိုင် နိုင်နိုင် စီးနှင်းနိုင်ခဲ့ ကြလို့ပဲ
ကျွန်တော် တို့တတွေ့ ဒီ ၂၁ ရာစု အထိ သယ်ဆောင် လာနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီပုခုံးပြောင်းတာ
ဝန်ရ ယူရာမှာ ကျွန်တော်တို့ ရဲရင့်ပြတ် သားကြဖို့ရန် လိုအပ်လာပါပြီ။ ဒီပြောင်း လဲလာတဲ့
ခေတ်ရဲ့ လိုင်းလုံးတွေကို ဘယ် လိုစီးနှင်းပြီး ခရီး ဆက်ကြရမလဲ ဆိုတာကို ကရင် တွေ့ ဆုံပွဲတိုင်း
မှာ ဆွေး နွေး စရာ ခေါင်းစဉ် တစ်ခုအဖြစ် အမြဲပါ ၀င်သင့်ပါတယ်။
၈။ ကမ္ဘာ့ မြေပုံပေါ်နဲ့ ကမ္ဘာ့လူမျိုးတွေကြားမှာ
ကရင်တွေ ရှိနေသေးတယ်။ ဒါဟာ ကျွန်တော် တို့လက်ရှိပိုင်ဆိုင်ထားတဲ့ လူ့အရင်းအမြစ်ပဲ။
ထောင်၊ သောင်း၊ မကဘူး၊ သန်းချီရှိနေတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့အရေအတွက်အရ အရင်းအမြစ်အင်အားစုတွေပဲ။
ရှိနေတဲ့အရေအတွက်တွေကို ပေါင်းစည်အင်အား ( collective force) တစ်ခုဖြစ်လာဖို့ ဖန်တီးကြရမှာဖြစ်တယ်။
အခြေအနေ တစ်ခု ပေါ်မှာ မူတည်ပြီး ကျွန်တော်တို့တတွေဟာ ချောင်းကြို၊ ချောင်းကြား မှာနေခဲ့ကြပါတယ်။
အခုလို ပွင့်လင်းလာတဲ့ (infrastructure development) အခြေခံအဆောက်အဦ၊ ဆက်သွယ်မှု ခေတ်မှာ
ကရင်တွေဟာ ”လမ်းသာ”လာပါပြီ။ တောင်ပေါ်က ကရင်တွေ
”သာလာ”တဲ့လမ်းမပေါ်ပြေးဆင်းလာ နိုင်သ လို၊ မြေပြန့်ကရင်တွေလည်း ”သာလာ”တဲ့လမ်းမပေါ်ပြေးတက်လာနိုင်ပါပြီ။
ကျွန်တော်တို့ ပြေးတက် ကြဖို့ပဲလိုပါတယ်။ ထိုင်နေလို့တော့ ခရီးမပေါက်နိုင်ပါဘူး။ ပြေးလွှား
ကစားရတဲ့ ခေတ်နဲ့ အပြိုင်အဆိုင်ခေတ်မှာ ကျွန်တော်တို့ကရင်တွေ နိုင်ငံတကာ ဘုံကစားကွင်းထဲမှာ
ဝင်ရောက် ကစားကြ ရပါတော့မယ်။ ထိုင်ခုံ ပေါ် ထိုင် ပြီး ပွဲ ကြည့် နေတဲ့ ပွဲကြည့် ပရိတ်သတ်
( spectators ) ဘ၀ ကို စွန့်ခွာပြီး ကစားသမား ( players) အဖြစ် ပြောင်းလဲကြချိန်တန်ပါပြီ။
၉။ ကျွန်တော်တို့ကရင်တွေဟာ
အင်္ဂလိပ်အစိုးရလက်ထက်မှာ (၁၈၂၆-၁၉၄၇) role တစ်ခု၊ capacity တစ်ခု တက် လာခဲ့တယ် ဆိုပေမယ့်၊
အများစုက နောက်လိုက် (followers) စိတ်နဲ့ပဲသွားခဲ့ပြီး ခေါင်း ဆောင် (leader) စိတ်နဲ့
အရည်အသွေးတွေ ထိုက်သင့်သလောက် မထွက်ပေါ်လာခဲ့ပါဘူး။ ထင် ရှား တဲ့ ကရင်ခေါင်းဆောင်ကြီး
တစ်ချို့ကလွဲလို့ပေါ့လေ။ ကျွန်တော်တို့ကရင်တွေက သူများ နောက် လိုက်ရတာသိပ်ကြိုက်ကြတယ်။
ခေါင်းဆောင်လုပ်ခိုင်းရင် ဘယ်သူမှ မလုပ်ချင်ကြဘူး။ ခေါင်း ရှောင်ချင်ကြတယ်။ တာဝန်ယူရဲတဲ့သတ္တိလိုနေသေးတယ်လို မြင်မိတယ်။ အခွင့်အရေး
ပိတ်ပင်မှု တွေနဲ့ အဖိနှိပ်ခံ ဘ၀ မှာ ကျင်လည်ခဲ့ကြရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအား
နည်း တတ်ကြ တယ်။ သူတစ်ပါးအပေါ် မှီခိုစိတ်တွေ များလာတတ်တယ်။ ဒီနေ့ ဒီအားနည်းချက် တွေကို
အားသာ ချက်တွေအဖြစ်ပြောင်းလဲ ကြရပါလိမ့်မယ်။ ဒီအနာအဆာတွေကို ကုသပြီး ကျန်းမာသန်စွမ်း
တဲ့ ကရင်လူ့ဘောင်လူ့အဖွဲ့အစည်း တွေကိုထူထောင်ကြရပါလိမ့်မယ်။ ဒါမှသာ ဒီ ၂၁ ရာစု မှာ
ကရင် တွေဟာ တောက်ပြောင်တဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြပါလိမ့်မယ်။ ပွင့်လင်းမြင်သာလာတဲ့
လူ့အဖွဲ့ အစည်းသစ် မှာ ကျွန်တော်တို့ကရင်တွေ ဟာ မီးရောင်အောက်က ဇါတ်ခုံ စင်မြင့်ပေါ်
မှာ တက် ရောက် ဖျော်ဖြေဖို့ နေရာယူကြရပါတော့မယ်။ ခင်းကျင်းထားတဲ့ သစ်သော စင်မြင့် တွေဖြစ်တဲ့၊
လူမှုရေးစင်မြင့်၊ စီးပွားရေးစင်မြင့်၊ နည်းပညာစင်မြင့်၊ နိုင်ငံရေးစင်မြင့်တွေမှာ ကျွန်တော်တို့
ကရင် လူငယ် မျိးဆက်သစ်တွေ တက်ရောက် နေရာယူ တင်ဆက်ဖို့ လိုအပ်နေပါပြီ။ အခုလော လောဆယ်
ရှိနေတဲ့ ကျွန်တော်တို့ ကရင်ခေါင်းဆောင်တော်တော်များများဟာ ဘာသာရေး စင်မြင့် ပေါ်ကပဲ
နေရာယူတာရှိနေသေးတယ်။ ဒီဘာသာရေး အပိုင်းမှာပဲ ကျွန်တော်တို့က အားသာ နေလို့ပဲလား၊ ပိုပြီး
စိတ်ဝင်စားမှု များနေလို့ ပဲလား၊ မဟုတ်ရင်လည်း ပိုပြီး လောကီ ရေးရာနဲ့ ကင်း ကင်း ကွာကွာ
နေချင်လို့ပဲလား ဆိုတာတော့မပြောတတ်ဘူး။ လက်ရှိကရင် အဖွဲ့အစည်း တွေရဲ့ ခေါင်း ဆောင်
တော် တော် များများ ဟာ ဘာသာရေး၊ သာသနာရေးနဲ့ နွယ် ပြီး လူထုရှေ့ ရောက် လာကြ သူတွေ များ
ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အထက်ကဖော်ပြခဲ့တဲ့ စင်မြင့်သစ် တွေမှာ လည်း ကရင် လူငယ်မျိုး
ဆက်သစ် တွေ တက်ရောက်နိုင်ဖို့ရန် ပြင်ဆင်ကြရပါလိမ့်မယ်။
၁၀။ ရောက်ရှိလာတဲ့ ၂၁ ရာစုမှာ
ကရင်တွေဟာ ” ကရင်တစ်မျိုးတည်းဖြစ်ခြင်း” (Being One Karen), ဘုံအခြေခံအုပ်မြစ် (
common ground) တစ်ခုပေါ် ကနေရပ်တည်ပြီး လုပ်ရှား ဖို့ရန် လိုအပ်ပါတယ်။ အခြေအနေ၊ အကြောင်းတရား
အမျိုးမျိုးပေါ် မှာ ကရင်တွေဟာ ကွဲ ပြားခြားနားဖြစ်ခဲ့ကြပါတယ်။ တောင်ပေါ်၊ မြေပြန့်၊
ပိုး၊ စကော၊ ခရစ်ယာန်ကရင်၊ ဗုဒ္ဒဘာသာကရင်၊ စာဖြူ၊ စာနီ၊ စနေသင်းကရင်၊ အင်္ဂလီကန်ကရင်၊
စသည်ဖြင့် ဘာသာရေး၊ ဒေသစကား၊ နေထိုင်ရာဒေသ၊ အပေါ်မူတည်ပြီး ကွဲပြားသွား ကြပါတယ်။ ဖော်ပြပါ
အလွှာ ကနေ တဆင့် ဆင်းလိုက်မယ် ဆိုရင် “ကရင်တစ်မျိုး တည်းဖြစ်ကြခြင်း” ( Beinng One
Karen) ဆိုတဲ့ ဘုံရပ်တည်ချက်တစ်ခု မှာ ကျွန်တော်တို့ကရင်တွေ ဆုံမှတ်တစ်ခုအဖြစ် ရပ်တည်နေကြမှ
သာလျှင် စည်းလုံးခိုင်မာတဲ့ အင်အားစုတစ်ခု ဆိုတာပေါ် ထွက်လာပါလိမ့်မယ်။ ဒါကိုတော့ အမျိုးသားရေးကို
အခြေ ခံတဲ့ စုစည်းနိုင်မှု တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီလို “ကရင် တစ်မျိုး တည်းဖြစ်ကြခြင်း” ( Beinng One Karen) လို့ပြောတဲ့ အခါမှာ Unity in Diversity ကို ပဲ အခြေ
ခံ မူအနေနဲ့သွားရမှာ ဖြစ်တယ်။ ဘာသာရေး၊ ကိုးကွယ် ယုံကြည်မှုအရ ကွဲပြားနိုင်တယ်။ နေရာ
ဒေသပေါ် မူတည်ပြီး ကွဲပြားကြမယ်။ စကား အရကွဲ ပြားကြ မယ်။ ဒါပေမယ့် ”ကရင်တစ်မျိုးတည်းဖြစ်ခြင်း”
လို့ခေါ် မယ့် Being One Karen အလွှာ မှာ ကျွန်တော်တို့ အားလုံး ဆုံမှတ် ယူကြ ရပါလိမ့်မယ်။
ဒါသည်သာ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ် ( root ) ပဲ၊ အဲဒီ အမြစ် ကနေ၊ ကရင် ပင်စည်၊ အကိုင်းအခက်တွေကို
ဝေဆာ စေကြရ မှာ ဖြစ်ပါတယ်။
၁၁။ တစ်ကမ္ဘာ တစ်ရွာဖြစ် လာတဲ့
ခေတ်မှာ ကရင်တွေ ပိုပြီး မကြာခဏတွေ့ဆုံ၊ စုစည်းကြရပါမယ်။ ယခုလို တစ်နှစ် တစ်ခါ ကျင်းပတဲ့
Pan Pwo Karen အစည်းအဝေးဟာ ဒါထက်ကျယ်ပြန့်တဲ ပိုးကရင် ကွန်ယက် တစ်ခုဖြစ် လာနိုင်ပါတယ်။
ဒါထက်မက ကျယ်ပြန့်တဲ့ Pan/Global Karen တွေ့ဆုံပွဲ အထိ ၂၁ ရာစု ရဲ့ ပန်းတိုင်တစ်ခုအဖြစ်
ထားရှိကြရင် မကောင်းပေဘူးလား။
ကျွန်တော်နေထိုင်ရာ ဧရာဝ
တီမြစ်ဝကျွန်းပေါ် (ထီးထာကလုံး) မှာ တော့ ကရင်ပေါင်း စည်းညီ ညွှတ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်
နေကြပါပြီ။ ကရင်နှစ်သစ်ကူးနေ့ဟာ ဒေသအလိုက် ကျင်းပတဲ့ ပွဲတော်ဖြစ်လာသလို၊ ကရင်ကျေးရွာ
အသီသီးရဲ့ နှစ်စဉ် ပွဲတော်ဖြစ်နေပါပြီ။ ကရင်ရိုးရာ ၀တ်စုံတွေကို လည်းပွဲတော် အခမ်းအနားတွေမှာ
ခမ်းနားစွာတွေမြင်နိုင်ပါတယ်။ နွေရာသီကရင်စာ ပေသင်တန်း တွေဟာ လည်း မြို့နယ်အသီးသီး
(အားလုံးမဟုတ်သေးသော်လည်း) ဦးစီးဆောင်ရွက် တဲ့ အဆင့်အထိ တက်လာ နေပါပြီ၊ ကရင်တိုင်း
ရင်းသားဖတ်စာကို လည်း ကျောင်ချိန်ပြင်ပဖတ်စာ အဖြစ် အစိုးရမူလ တန်း ကျောင်း တစ်ချို့မှာ
ပြန်လည်အသက်ဝင်နေပါပြီ။ ကရင်မိဘတိုင်းက မိမိတို့သား သမီးတွေကို ကရင်လို စကားပြောပေး၊
ဖြစ်နိုင်ရင် ကရင်နာမည်တွေမှည့်ပေးခြင်း အားဖြင့် ကရင်ဖြစ်ခြင်းကို ပုံဖော်သွား နေကြပါပြီ။
တစ်ချို့ ကရင်ရွာတွေလည်း ဗမာလိုရော၊ ကရင်လိုရော ပါတဲ ဆိုင်းပုတ်တွေ ထောင် နေကြပါပြီ။
ကရင် ပညာတတ်လူငယ်လေးတွေက ကရင်ရွာ တစ်ချို့တွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန် ယူကြ
ပါပြီ။ မြိ့နယ်၊ ခရိုင်၊ တိုင်း အုပ်ချုပ်ရေးရုံးတွေမှာ မျိုးဆက်သစ် ကရင်လူငယ်တွေ များများတွေ့လာမယ့်
၂၁ ရာစု ကို တွေးမြင်ကြပါစို့လား။ အနာဂတ်ကရင်တွေဟာ
ရှိတဲ့နေရာ၊ ရောက်တဲ့ နေရာတိုင်းမှာ အသက်ဝင်လှုပ်ရှား သောနိုင်ငံသားကောင်းများ
(active citizens) ဖြစ်ပြီး ၂၁ ရာစု ကို ပုံဖော်သွားကြ ပါစို့လား။
(Special Talk given during “ Pan Pwo Karen Christian Fellowship” held
in Bishop Home, Yangon from 28 to 30 November 2013)
Fr.
Henry Eikhlein
Catholic
Diocese of Pathein
Ayeyarwaddy
Region, Myanmar
November
29, 2013
No comments:
Post a Comment